Questions & Answers

1K 53 9
                                    

ကိုယ့်ကို readers လေးတော်တော်များများ မေးကြတဲ့ မေးခွန်းလေးတွေ ဖြေပေးပါမယ်နော်။

ထားငယ် က ဘာလို့ ကိုမောင့် ကို ချစ်ရဲ့သားနဲ့ ထားခဲ့ရတာလဲ။

Ans: ထားငယ် က အမြဲ သိမ်ငယ်နေတာပါ။ ကိုမောင့် ကို ဒီထက် ကောင်းမွန်စေချင်ခဲ့တာပါ။ အချစ်စစ်မှန်ရင် စွန့်လွှတ်ရဲ တဲ့ သတ္တိရှိရမယ် ဆိုတာမျိုးပေါ့။ (fic လေးကို သေချာ ဖတ်ကြည့်ရင် ထားငယ် ရဲ့ စိတ်ထားလေးကို သေချာတွေ့နိုင်မှာပါရှင့်)

ကိုမောင် က ပြန်တွေ့တဲ့အချိန် ဘာကြောင့် ဆွဲမထားရတာလဲ။ သက်ထား နဲ့ရော ဘာကြောင့်ဝေးသွားရတာလဲ။

Ans:ကိုယ်ပြောနေကျအတိုင်း၊ လူတွေက ရေစက်ဆုံတဲ့အခါ ဘာမဟုတ်တဲ့ အကြောင်းလေးနဲ့တောင် တွေ့ဆုံကြပေမယ့် ရေစက်ကုန်တဲ့အခါ ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးနဲ့တောင် ခွဲခွာကြရပါတယ်။ ကိုမောင် ထင်ခဲ့တာက ထားငယ် က သူ့ကို မချစ်လောက်တော့ဘူးပေါ့။ ထားငယ် ဘက်ကလည်း ကိုမောင် က မိသားစုလေး ထူထောင်ပြီးပြီပေါ့။ (အထင်အမြင်တွေ လွဲမှားခဲ့ကြတာပါပဲ။)

ယောက်ျားပျက်လေးတွေဘဝ က အဲ့လိုပဲလား။ ကိုယ်ချစ်တဲ့ သူ ကိုယ့်ကို ချစ်တဲ့သူနဲ့ တွေ့ဆုံရရင်တောင် မပေါင်းဖက်နိုင်ကြဘူးလား။

Ans: အဲ့မေးခွန်းကလေ တကယ်တော့ ကိုယ်ဖြေဖို့အတွက် အနည်းငယ် confue ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့လေ ကိုယ်လဲသေချာမပြောနိုင်လို့ပါ။ ''သက်ထား'' ဆိုတဲ့ ဇာတ်လမ်းလေး က တကယ်တော့ အပြင်လောကကိုပဲ အခြေခံထားတာပါ။ တကယ်တော့ ကိုယ့်အဒေါ်ပြောပြဖူးတဲ့ ဖြစ်ရပ်လေးပေါ့။ အဲ့ထဲမှာတော့ ကိုမောင့် လို့ သတ်မှတ်ထားတဲ့ လူက မိန်းမယူပြီး ကလေးလေးပါရသွားခဲ့ပါတယ်။ သက်ထား လို့ယူဆလို့ရတဲ့ ညဥ့်နက်ငှက်မလေးကတော့ ကျန်ခဲ့ရပါတယ်။ နောက်ဆုံး သူက ပျော်ရွှင်နေတဲ့ မိသားစုလေးကိုကြည့်ပြီး ဝမ်းနည်းစွာ ပြုံးရင်း ထွက်သွားခဲ့တယ်လို့ ကိုယ့် အဒေါ်ကပြောပြပါတယ်။

ကိုယ့်အနေနဲ့ ဇာတ်လမ်းကို အဲ့လိုမဖြစ်စေချင်ပါဘူး။ နာကျင်ကြရမယ်ဆိုရင်တောင် ထွက်သွားမယ့်သူကို သက်ထား ပဲဖစ်စေချင်တာပါ။ ကိုမောင့် ကိုလည်း မိသားစုတစ်ခုမတည်ဆောက်စေချင်လို့ပါ။ ဇာတ်လမ်းကို ဒီလို ရိုးရိုးလေးပဲ ဖန်တီးခဲ့တာပါ။ ဒါကြောင့်လေ ဇာတ်လမ်းက ဒီတိုင်းကြီး ဖြစ်နေတယ်လို့ ပြောကြလည်း ကိုယ်စိတ်မဆိုးပါဘူး။ ဘာကြောင့်ဆို ကိုယ်က အဲ့လိုပဲ ဖန်တီးခဲ့တာမို့ပါ။

သကျထားThetthtar(Complete)Where stories live. Discover now