Chapter 21.1(U+Z)

4.3K 138 10
                                    

[Unicode]li ming လန့်နိုးလာသည်။  သူ့ခေါင်းနောက်ကျောက နာကျင်နေဆဲ။  မသိစိတ်က သူ့ကိုယ်သူထိချင်သော်လည်း လက်ကို မြှောက်လိုက်သောအခါတွင် လက်ထိပ်ခတ်ထားသည်ကို တွေ့လိုက်ရသည်။
သူ့စိတ်က နည်းနည်းတော့ မသဲကွဲဖြစ်နေသေးတယ်။
Fang Yan ၏ ထူးဆန်းသောပစ္စည်းများထဲမှ နောက်ထပ်တစ်မျိုးဖြစ်သည်ဟု သူ ဝိုးတဝါးတွေးထင်ခဲ့သော်လည်း နူးညံ့တဲ့အဝတ်မပါသော လက်ထိတ်များ၏အတွင်းပိုင်းသည် အလွန်ထက်နေပြီး အနည်းငယ်ရုန်းကန်ပြီးနောက်တွင်တော့ လက်ကောက်ဝတ်များကို အလွယ်တကူခြစ်ရာများထင် သွားစေသည်။
နွေးထွေးသော သွေးများက အနည်းငယ် စီးကျလာသည်။
li ming ချက်ခြင်းနိုးကြားလာသည်။
Ji Pingzhi
Ji Pingzhi က သူ့ကို လျှပ်တပြတ် တိုက်ခိုက်ခဲ့တာ။
သတိလစ်မလွတ်ခင် တစ်ဖက်လူရဲ့ ရက်စက်ယုတ်မာမှုက သူ့စိတ်ထဲမှာ ထင်မှတ်နေဆဲ။  ချက်ချင်းသတိရှိလာတယ်။  ခေါင်းကိုမော့ပြီး ပတ်ပတ်လည်ကို သေချာကြည့်လိုက်တယ်။
Ji ၏နေအိမ်သည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး အသုံးမပြုသော အခန်းလွတ်များစွာရှိသည်။  အလင်းရောင်မှိန်မှိန်ရှိသော အခန်းတစ်ခုထဲတွင် သူရှိနေပုံရသည်။  လေထုထဲတွင် ဖုန်မှုန့်နံ့ သင်းပျံ့နေသောကြောင့် ရိုးရိုးတရုတ်ပရိဘောဂ အနည်းငယ်မျှသာ စီတန်းထားသော အခန်းသည် ပို၍ ဆိတ်ငြိမ်ပြီး သေလောက်အောင် ငြိမ်သက်သွားစေသည်။
li mingသည် ခေါင်းကို အနည်းငယ် ငုံ့ကာ နှလုံးခုန်သံများ ရပ်တန့်သွားသည်။(ကြောက်ရွံ့)
မကြာသေးမီက Lin Huသည် ခေါင်းကို ဆောင့်မိတာကြောင့် မူးလဲသွားသည်။  သို့သော် ယခုအချိန်တွင် သူနှင့် လေးငါးမီတာခန့်သာ ကွာဝေးသော တံခါးအနီးက  မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နဖူးမှာ အမာရွတ်ရှိမနေဘဲ သွေးများသာစီးကျနေသည်။  သူ့မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ သွေးများ စီးကျနေသည်။  လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားပုံရသည်။  သူ့ကို လက်ထိပ်ခတ် ချည်နှောင်ထားခြင်းမျိုး မဟုတ်ဘဲ အမှိုက်ကဲ့သို့ ပစ်ထားခြင်းမျိုးသာ ဖြစ်သည်။
တစ်ဖက်သား၏ ရှုတ်ထွေးသောအသွင်အပြင်ကြောင့် သူ အံ့အားသင့်သွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် Ji Pingzhi ၏ အဆိပ်ပြင်းသောလက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သူသဘောပေါက်လာပြီး Li Ming ၏လည်ချောင်းများ လှုပ်ရှားသွားသည်။
အရူး။
Ji Pingzhi သည် ရိုးရိုးရှင်းရှင်းကို ရူးသွပ်နေခဲ့သည်။
သူသည် အတိတ်က Ji Pingzhi ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်ကို လက်ရှိ ရက်စက်ကြမ်းကြုတ်မှုများနှင့် လုံးဝမချိတ်ဆက်နိုင်ပေ။  သူ့လျှာဖျားကို ကိုက်လိုက်သည်နှင့် ငြိမ်သက်သွားသည် ။  အခန်းထဲတွင် တစ်ဖက်လူရှိပုံမပေါ်သည်ကို တွေ့ရသောအခါ li mingသည် သူ့လက်တွင်ရှိသော လက်ထိတ်များကို ပြန်ဖျက်ရန် ကြိုးစားသည်။
ထိုအချိန်က လမ်းကြားတွင် Fang Yan က သူ့ကို လက်ထိပ်ခတ်ထားသော်လည်း ဖလန်နယ်လက်ထိတ်ကို အသုံးပြုထားသည်။  သူ့ကို ထိခိုက်မှာကြောက်တဲ့အတွက် နူးညံ့တဲ့အလွှာတွေ အများကြီးထပ်ခံထားတာကြောင့် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ ဒဏ်ရာတော့ မဖြစ်ဘူး။
ယခုတော့ ဒါက ဆန့်ကျင်ဘက် ဖြစ်နေသည် ။
သူသည် အကြိမ်အနည်းငယ် ရုန်းကန်ခဲ့ရသည်။
သူပိုရုန်းကန်လေလေ၊ သူ့လက်ကောက်ဝတ်မှာ ခတ်ထားတဲ့ သတ္တုနဲ့ ပိုထိမိလေလေဖြစ်ပြီး ပိုပြင်းထန်တဲ့အနံက အနံ့ခံအာရုံကို သယ်ဆောင်လာလေပါပဲ။
“အော်--”
လက်ထိတ်မှာ သွေးတွေ ရွှဲနေတဲ့အချိန်မှာဘဲ တံခါးကို တွန်းဖွင့်ခြင်းခံလိုက်ရသည် ။
li mingသည် မသိစိတ်က ရပ်တန့်သွားသည်။
“Xiao Ming……”
သူ့မျက်လုံးများက ပင်ပန်းနေသော်လည်း၊ Ji Pingzhi ၏ အကြည့်များသည် သူဈာပနကို ဦးဆောင်နေချိန်အတွင်း သူ၏ ပင်ပန်းနွမ်းနယ်နေသော အမူအရာများမရှိဘဲ အလွန်စိတ်လှုပ်ရှားနေတယ်။  တံခါးဝမှာ လဲလျောင်းနေတဲ့ Lin Huကို သူ ဂရုမစိုက်ဘူး။  သူသည် သူ့ဆီကို တိုက်ရိုက် လှမ်းလာကာ Li mingထံသို့ တည့်တည့် လျှောက်လာသည်။
"မင်းအစ်ကိုကြီးကို လွမ်းနေလား"
ငုတ်တုတ်ထိုင်လိုက်ရင်း မျက်လုံးတွေက တောက်လာပြီး သူ့အသံက တုန်တုန်ယင်ယင်နဲ့ "မကြောက်နဲ့၊ မင်းဒီမှာ လုံခြုံပြီ၊ မင်းကို ဘယ်သူမှ ထိခိုက်မှာ မဟုတ်ဘူး။"

သူ့နောက်မှာ သူ့လက်တွေကို ဝှက်ထားလိုက်တယ်။  Ji Pingzhi ကို အခုချိန်မှာဒေါသထွက်စေတာကမကောင်းတာကြောင့် li mingသည် သူ့ကိုယ်သူ ချုပ်တည်းရန် ကြိုးစားခဲ့သည်။
" ဘယ်သူလဲ"  “ဘယ်သူက ငါ့ကို နာကျင်စေမှာလဲ” ဟု မေးသည်။
မမေးခင်ထိ သူအဆင်ပြေပေမယ့် မေးခွန်းကိုကြားတော့ Ji Ping ရုတ်တရက် ထရပ်လိုက်တယ်။  ဒေါသထွက်နေပုံရပြီး ခြေထောက်ကို မြှောက်ကာ သတိလစ်နေသော Lin Hu ကို ကန်ထုတ်လိုက်သည်။  မရပ်ခင်အထိ အကြိမ်အနည်းငယ်လောက်ကန်ခဲ့သေးတယ်။
"ဘယ်သူက?"  Ji Pingzhi က စိတ်လှုပ်ရှားစွာနဲ့ သူ့အသံကို မြှင့်ပြီး "လူတိုင်း မင်းကို နာကျင်စေချင်တယ်!"
အော်ဟစ်ပြီးနောက် ထိုင်ချလိုက်တယ်။  သူက Li Ming ကို အရူးအမူးကြည့်ကာ "Xiao Ming မင်းက အရမ်းလှတယ်"
"ဒါပေမယ့် ငါက အဲဒီလူတွေနဲ့ မတူဘူး"  တစ်ခုခုကို သဘောပေါက်သွားသလိုပဲ Ji Pingzhi က သူ့လက်ကို အပြင်းအထန် ဝှေ့ယမ်းလိုက်ပြီး "ငါက မင်းနဲ့ မထိုက်တန်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းကို ငါ မထိခိုက်စေရပါဘူး။  အခုလည်း ဒီလိုမျိုး မင်းကို ကာကွယ်ရတာ အရမ်းပျော်တယ်။"
သူ့ပါးစပ်ကိုဖွင့်လိုက်တော့ Li Ming သည် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။
"ငါ့ကိုကာကွယ်မယ်?"  အချိန်အတော်ကြာပြီးနောက်၊ သူသည် ကျယ်လောင်စွာ မဝံ့မရဲပြောပြီး သတိလစ်နေသော Lin Hu ကိုကြည့်ကာ "ဒါက မင်းငါ့ကို ဘယ်လိုကာကွယ်လဲဆိုတာလား"
lin Hu၏လက်ကို အသုံးပြု၍ Fang Yan ပေးခဲ့သော အချစ်စာများအားလုံးကို လွှင့်ပစ်ခဲ့သည်။
ပြီးတော့ သူ့ကို ရိုက်ပြီး ဒီမှာ ချည်နှောင်ထားတာမျိုးလား။
သူ့အကြည့်ကိုလိုက်ကြည့်ပြီးနောက် Ji Pingzhi ရဲ့ သွေးထွက်သံယိုမျက်လုံးတွေဟာ ပိုနက်ရှိုင်းလာပြီး ပြင်းထန်လာတယ်။
"Xiao Ming!  မင်း နားမလည်ဘူး!"  သူသည် li ming၏ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် ခါယမ်းကာ "fang yanက ဘယ်လိုလူကောင်းလို့ ထင်လဲ။  သူသည် တခြားလူတွေလိုဘဲ။  အားလုံးက မင်းကို fuckချင်နေကြတာ။  ငါသာ။   ငါက မင်းအပေါ် ရိုးသားတဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသောသူပဲ!"
သူ့ဦးခေါင်းနောက်ဘက်ကို ရိုက်မိထားတာကြောင့် ခေါင်းမူးနေပြီး၊ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်စေသောစကားကို li mingက ဘာမှပြန်မပြောနိုင်ပေ။
Ji Pingzhi သည် ဤတိတ်ဆိတ်မှုကို အားပေးစကားအဖြစ်ခံယူကာ အခန်းထဲတွင် လှည့်ပတ်ကြည့်ပြန်သည်။
"Fang Yan က မင်းနဲ့ထိုက်တန်ရဲ့လား"  သူ့မျက်နှာ နီမြန်းလာပြီး ခပ်မြန်မြန် လျှောက်လာရင်း "အထက်တန်းကျောင်းမှာ သူ့နာမည်က ဘယ်လိုလဲ။  သူ့ကို လူဘယ်နှစ်ယောက် ရှောင်ခဲ့လဲ။  သူ မင်းကို တကယ်ချစ်တယ်လို့ မင်းထင်လား။  သူက မင်းကို အိပ်ယာထဲ ဆွဲခေါ်အပျော်လုပ်ပြီး စွန့်ပစ်ချင်နေတာပဲ!"
ဒီအကြောင်းပြောရင်း Ji Pingzhi ရုတ်တရက် အသံထွက်လာတယ်။
မူးဝေနေပြီး အမြင်အာရုံ မှုန်ဝါးနေဆဲ။  li mingသည် Ji Pingzhi သူ့ဆီသို့ လျှောက်လာနေသည်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။
"Xiao Ming"
သူ့လေသံက ရုတ်တရက် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
Ji Pingzhi က "မင်း Fang Yan နဲ့ အိပ်ဖူးလား"
မူလက မဖြေချင်။  ဒါပေမယ့် နောက်တစက္ကန့်မှာ သူ့ဆံပင်တွေကို အပေါ်ကို ဆွဲတင်လိုက်ပြီး သူ့မျက်နှာကို မြှင့်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး။  နာကျင်မှုနှင့် မူးဝေခြင်းနှင့်အတူ li mingသည် နောက်ဆုံးတွင် ဒေါသထွက်သွားခဲ့သည်။
"Ji Pingzhi"
နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်လာသည်။  တစ်ဖက်သားကို ဒေါသဖြစ်မှာကို ဂရုမစိုက်ဘဲ သူက အေးစက်စက်နဲ့ “သူက ငါ့ချစ်သူ မင်းဘယ်လိုထင်လဲ”
“ဘန်း!”
တစ်ဖက်လူက  lin Huအား တံခါးဆီသို့ ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ပြီး သူ့အသံက ငြိမ်ကျသွားခဲ့သည်။  Ji Pingzhi ၏ မျက်လုံးများသည် နီရဲနေပြီး Li Ming ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း အသက်ရှုကြပ်လာသည်။
တစ်ဖက်လူက ဒီလိုပုံစံကို သူ တစ်ခါမှ မမြင်ဖူးဘူး။
li ming သည် အနောက်သို့ ဆုတ်သွားသည်။
"မိန်းမပျက်!"
သို့သော် ပုန်းကွယ်ရန် နေရာမရှိပေ။  သူပြောင်းလဲသွားသည်နှင့် တပြိုင်နက် Ji Pingzhi က “မင်းမှာ အကျင့်စာရိတ္တတွေ ချို့တဲ့နေတာလား၊ ဒါမှမဟုတ် ပိုက်ဆံမရှိလို့လား။  မင်းက ဒီလောက် ယောက်ျားတစ်ယောက်ရဲ့ အလုပ်ခံချင်နေတာလား။"

ငါ့ရဲ့လှပတဲ့အခန်းဖော်ကိုနေ့တိုင်းငိုအောင်လုပ်မယ်( myanmar translation ) CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ