Chapter24

3.1K 138 2
                                    

[Unicode]li mingသည် သူ၏ပြင်းထန်သော တုံ့ပြန်မှုအတွက် အပြစ်မတင်နိုင်ပေ။

 ဒီနေ့ Xu Baobao ပြောလိုက်တဲ့စကားက အံ့သြစရာကောင်းလွန်းတယ်။

 ဧည့်ခန်းထဲမှာ ထိုင်စရာနေရာတွေ အများကြီးရှိမှန်း သိသာပေမယ့် သူနဲ့အတူ ဆိုဖာပေါ်မှာ ကတ်သီးကတ်သတ်ထိုင်နေတယ်။  မျက်နှာချင်းဆိုင်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကြည့်ပြီး "ငါပြောတာကို မကြောက်နဲ့ တစ်ယောက်တည်းလည်းငိုမနေနဲ့!"

 Li Ming: "……"

 ဒါတွေအားလုံးဟာ ဒါပါပဲ။

 Xu Baobao က ဘာပြောမလဲ ဆိုတာကို သူ ခန့်မှန်းမိသည် ။  ရေပူစမ်းအိမ်ကြီးတွင်၊ Fang Yan ကိုယ်တိုင်က သူသည် တိုက်ခိုက်ရတာကို နှစ်သက်ခဲ့ဖူးတယ်လို့ သူကြားဖူးသည်။  Ji Pingzhi က တစ်ဖက်လူကို ကြမ်းတမ်းစွာ ရိုက်နှက်နေတာကိုလည်း မနေ့က တွေ့ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတစ်ခုတော့ ရှိတယ်။  သူ သိပ်အလေးအနက်မထားဘူး။

 ထို့ကြောင့် Xu Baobaby သည် ကြီးမားသော ဗုံးတစ်လုံးကို ပစ်ချလိုက်သည်။

 "လူတစ်ယောက်ကို လက်ဗလာနဲ့ ရိုက်နိုင်လား"

 "သူတို့အရိုးကျိုးသွားတဲ့အထိ နင်းနိုင်လား။"

 "မင်း လူတစ်ဒါဇင်နဲ့ တိုက်ပြီး မင်းတစ်ကိုယ်လုံး ဘာမှမဖြစ်ဘဲ ထွက်သွားနိုင်လား"

 Li Ming: "???"

 ပထမနှစ်ယောက်တည်းက လူတွေကို အသက်ပြင်းပြင်းရှူခိုင်းပေမယ့် အာရုံခံစားမှု လုံးဝမပျောက်သေးဘူး။  နောက်ဆုံးစာကြောင်းကိုကြားတော့ သူက “တစ်ကိုယ်လုံး နဂိုအတိုင်းပဲလား” ဟူသော မေးခွန်းကို မဖြေနိုင်။(ဒီနားသိပ်နားမလည်လို့အဆင်ပြေသလိုရေးထားတယ်)

 Fang Yan ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးကို သူမတွေ့ခဲ့ရပေ။

 မည်သို့ပင်ဆိုစေကာမူ လုံးဝနဂိုအတိုင်းမဟုတ်ခဲ့ပါ။

 “ဟေး!”  Xu Baobao က သူ့ပေါင်ကို ရိုက်လိုက်ပြီး "ဒါက နှိုင်းစရာပဲ။  မင်းကို ပိုနားလည်လာစေဖို့။  အကိုYanက အနည်းဆုံး သူ့ဘာသာသူ လမ်းလျှောက်နိုင်သေးပေမဲ့ တခြားအဖွဲ့ကလူတွေအားလုံးက ခြေလက်တွေကျိုးပြီး မြေပြင်ပေါ်မှာလဲကျနေတာ။  မင်းပြောကြည့်!  ဒါက လုံးဝကို နဂိုအတိုင်း မဟုတ်ဘူးလား?"

ငါ့ရဲ့လှပတဲ့အခန်းဖော်ကိုနေ့တိုင်းငိုအောင်လုပ်မယ်( myanmar translation ) CompleteWhere stories live. Discover now