Chapter 1(U)

48.8K 1K 4
                                    

ည ၁၁ နာရီ။ တနေကုန် မိုးရွာခဲ့တယ်။ Li Ming သည် သူ၏ အိပ်ဆောင်တံခါးဝတွင် သူ၏ထီးကို ချိတ်ထားလိုက်သည်။

ရေစက်လေးတွေက နံရံမှ ထီးတလျှောက် စီးဆင်းသွားပြီး တံခါးအက်ကွဲကြောင်းကနေ ဆူညံတဲ့ ဗီဒီယိုဂိမ်းသံတွေ ထွက်လာပြီး စိတ်လှုပ်ရှားနေတဲ့ လူတချို့က မပီမသ အော်ပြောနေကြတယ်။

သူက မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်သည်။ သူ့မျက်တောင်ပေါ်က ရေစက်လေးတွေက အနည်းငယ် တုန်ခါသွားတယ်။ နောက်ဆုံးတွင် သူသည် သော့ပေါက်ထဲသို့ သော့ထည့်လိုက်သည်။

"ယို။" အင်တာနက်ပေါ်မှာ ရန်သူများနှင့် တိုက်ခိုက်ခြင်းကို စွဲလမ်းနေသောကြောင့် Fang Yanသည် တံခါးဖွင့်သံကြားသောအခါ တုံ့ပြန်ရန် အချိန်မရှိပေ။ ပါးစပ်ထဲ စီးကရက်တစ်လိပ်ကိုထည့်ကာ ပြုံးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ "အရမ်းနောက်ကျနေပြီ၊ ဒီနေ့ မင်းပြန်မလာတော့ဘူးထင်နေတာ"

အံ့သြစရာကောင်းတာက သူ ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။ထို့ကြောင့်သူက "ကျွန်တော် ဆေးကြောပြီးသွားပြီ။ ဆက်လုပ်လေ။" အခန်းဖော်ထံမှ တုံ့ပြန်မှုမရှိသည့်အတွက် သူစိတ်မဆိုးပေ။ Fang Yanသည် စီးကရက်ငွေ့ကို မှုတ်ထုတ်ကာ နောက်သို့လှည့်လိုက်သည်။

သူနှင့် Li Ming တို့သည် ယခုနှစ် တက္ကသိုလ် A ဝင်ခွင့် ဘွဲ့လွန် ကျောင်းသားများ ဖြစ်သည်။ အဆောင်များမရှိခြင်းကြောင့် လက်ရှိဘွဲ့ရကျောင်းသားများသည် နှစ်ထပ်ခန်းတွင်နေထိုင်ကြပြီး သူတို့နှစ်ယောက်က အခန်းဖော်များဖြစ်လာကြသည်။

Fang Yan က စိတ်မဆိုးပေမယ့် သူ့မေဂျာစာမေးပွဲမှာ ပထမနေရာရခဲ့တဲ့ Li Ming ကတော့ ကျေနပ်ပုံမပေါ်ပါဘူး။(နှစ်ယောက်တစ်ခန်းထဲနေရတာကိုမကျေနပ်ဘူး/tn)

ဤအခိုက်အတန့်တွင် Fang yanက သူ့ကို နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူ(li ming)ကတော့အေးစက်သောအမူအရာဖြင့် ရှိနေသေးသည်။ စူးရှသော မျက်ခုံးမွှေးများက အေးစက်စွာ စုကျုံ့သွားပြီး သူစိမ်းမည်သူမဆို မနီးကပ်သင့်ဟု ပြောနေသည့် အနက်ရောင်မျက်လုံးများက နက်ရှိုင်းနေသည်။

ငါ့ရဲ့လှပတဲ့အခန်းဖော်ကိုနေ့တိုင်းငိုအောင်လုပ်မယ်( myanmar translation ) CompleteDonde viven las historias. Descúbrelo ahora