Chapter-13.1(ရိုးသားတဲ့ယောကျာ်း)

262 36 0
                                    

Chapter 13.1 (ရိုးသားတဲ့ယောကျာ်း)

ရှောက်ချင်ကအိမ်ပြန်သွားခဲ့ပေမဲ့ ခုလေးတင် လိကျင်းက‌ရှော့ ရသွားခဲ့တာကိုမသိပါဘူး။ သူကရှောက်ချင်ကို အစွမ်းထက်တဲ့ဆေးဝါးတွေပေးပြီးနွားတစ်ကောင်လိုဆွဲဆောင်ခဲ့သည်။ သို့ပေမဲ့ရှောက်ချင်ကသူ့အိမ်တွင် မေ့မသွားရုံတင်မက အထူးလူသားလိုမြန်လွန်းလှ၍ သူကတံခါးဖွင့်လျက်သားကျန်ခဲ့သည်။ ဘာဆေးလဲ? Bad review!

အခြားသူတွေကြောင့် ထိတ်လန့်တုန်လှုပ်သွားတဲ့ လိကျင်းက စိတ်မချမ်းသာနေပေ။ ရှောက်ချင်ကအစာတွေကိုလုံးဝမချေဖျက်ခဲ့တာမို့အစာထဲမှာဆေးမပါတော့တာကိုသူမသိပေ။

ရျောက်ချင်ကမသိစိတ်နဲ့ အိမ်ပြန်လာပြီးသူမရဲ့သားနဲ့တိတ်တဆိတ်အိပ်ပျော်သွားတယ်။ နောက်နေ့မနက်၌ ရှောက်ချင်ကအံကျိတ်ပြီးသွားတိုက်နေတုန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ယန်ဟန်ကျင်းကို တံခါးဝမှာတွေ့လိုက်ရသည်။ ပန်းကန်ပြားမှာလည်းနှင်းစက်များဖုံးနေသည်။

သူကအစောကြီးရောက်လာပေမဲ့ရျောက်ချင်ကိုမနှောင့်ယှက်ခဲ့ပေ။

"ဝင်လာခဲ့ပါ" ရျောက်ချငိက သူ့ခြေထောက်ကိုသိမ်မွေ့စွာကန်လိုက်ပြီး ယန်ဟန်ကျင်းကရိုရိုကျိုးကျိုးဖြင့်တံခါးထဲဝင်လာခဲ့သည်။ အဲ့မှာပဲရပ်နေတော့ရှောက်ချင်ကထိုင်ခုံတစ်လုံးထုတ်လာကာ "တူတူစားကြစို့ ဘာပဲဖြစ်ဖြစ် ကျွန်မကလေးနဲ့ကျွန်မနှစ်ယောကထဲ မကုန်ဘူး"

ယန်ဟန်ကျင်းကသူ့လက်ကိုအမြန်ဝှေ့ရမ်းကာ ရှောက်ချင်သူ့ကို ဆေးဝါးပေးမယ်လို့ကတိ ပေးပြီးပြီ။ သူ့အတွက်ဈေးသက်သာတယ်။ သူကဘယ်လိုလို့ရှောက်ချင်ရဲ့ အစားအစာကိုစားနိုင်ပါ့မလဲ? ပြီးတော့ ရှောက်ချင်က SINGLE MOTHER တစ်ယောက် စွမ်းရည်၇ှိတယ်ဆိုရင်တောင် အစားအစာကရဖို့လွယ်တာမှမဟုတ်တာ၊ သူကခုနှစ်ပေရှိတဲ့ယောကျာ်း၊ လက်ကောခြေကောရှိနေတာကို မျက်နှာဘယ်နားသွားထားရမှာလဲ?

သို့သော်လည်း‌ရှောက်ချင်ကသူ့ကိုစားပွဲမှာတန်းထိုင်စေပြီး ပေါင်မုန့်နှင့် ကြက်ဥထည့်ထားသောပန်ကန်ပြားကိုသူ့ရှေ့ချလိုက်သည်။ တစ်ဖက်ကပေါက်စီလုံးလေးးကလည်း ခြေတွေလက်တွေလှုပ်ပြီး ခုံပေါ်တက်ရန်ကြိုးစားပေမဲ့အရပ်ကပေးတဲ့ဝေဒနာကပြင်းတယ်။ ‌ရှောက်ချင်ကပေါက်စီလုံးလေးကိုချီပြီး ယန်ဟန်ကျင်းရဲ့ရှေ့ကိုပန်းကန်တွန်းပို့ကာ "စားပါ"

ကမ္ဘာပျက်ကပ်မှအဆိပ်ပြင်းမားမားနှင့်မကောင်းဆိုးဝါးသားသားလေးWhere stories live. Discover now