Chapter-13.2(ရိုးသားတဲ့ယောကျာ်း)

319 40 1
                                    

13.2 (ရိုးသားတဲ့ယောကျာ်း)

ရှောင်ပေါင်ဇီနဲ့ရှောက်ချင်တို့ကအနည်းငယ်ကွာခြားသည်။ ရှောက်ချင်ကသာမာန်အစားအစာစားပြီဆိုအော့အန်ချင်လာသည်။ ပေါက်စီလုံးကတော့အမြုတေတချို့စုပ်ယူပြီးရင် သူကကယ်လိုရီနည်းနည်းမြင့်တဲ့အစာတွေကိုစားနိုင်သေး၏။

ဒါမို့ရှောက်ချင်ကပေါက်စီလုံးလေးအတွက်အနည်းငယ်ပြင်ဆင်ပေးလေ့ရှိသည်။ မသိစိတ်ထဲမှာတော့ပေါက်စီလုံးလေးကသာမာန်ကလေးတွေလိုပဲအတူတူဖြစ်လာမှာဟူ၍သူမမျှော်လင့်နေဆဲပင်။

"ဒီဆေးတွေကနှစ်ပတ်နီးပါးလောက်တော့စားလို့ရဦးမယ် ရှင်ဒါကိုအရင်ပြန်ယူသွားလို့ရတယ်" ရှောက်ချင်ကဆေးထုပ်ကိုပြင်ဆင်ကာထုတ်ပေးပြီး ယန်ဟန်ကျင်းကိုပေးလျက် "ကျွန်မရက်အနည်းငယ်နေပြီးရင်အပြင်ထွက်မို့ ရှင်အားရဲ့လား?"

"အမေ့ကိုကျွန်တော့်သူငယ်ချင်းတွေဆီမှာဂရုစိုက်ပေးဖို့အပ်ထားလို့ရတယ် "
ယန်ဟန်ကျင်းကခေါင်းညိတ်ပြီး..."ကျွန်တော့်မှာပြဿနာမရှိပါဘူး"

"အဲဒါကောင်းတယ်။"  ရှောက်ချင် ကထပြီး အိုးထဲမှာကျန်နေတဲ့ ကြက်ဥကြော်တွေကို ထုပ်ပိုးပြီး ဝက်ပေါင်ခြောက်ထုပ်နဲ့ ပေါင်မုန့်အထုပ်အနည်းငယ်ကိုထည့်ကာ ယန်ဟန်ကျင်း အား "မမေ့နဲ့၊ ဒါနောက်ဆုံးဖြစ်သင့်တယ်"

ယန်ဟန်ကျင်းကခေါင်းညိတ်သည်။ စိတ်အားထက်သန်စွာနဲ့သူ့အမေကိုဆေးပြန်ပေးချင်နေပြီ။ ရှောက်ချင်ကသူ့ကိုမသွားစေဘဲ"သွားမယ်လေ၊ ကျွန်မအန်တီ့ကိုလိုက်ကြည့်ဦးမယ်"

ရှောက်ချင် က သူ့ကို တခြားသူတွေလက်ထဲကတေ တစ်စုံတစ်ခု လုယက်ခံရမှာကို စိုးရွံ့နေမှန်း ယန်ဟန်ကျင်း သိတယ်။ သူသည် သူမကို တမင်တကာ ခေါ်သွားကာ သူ့နှလုံးသားက နွေးထွေးလေပြီး ထိုညက Shaoqing ၏ စကားများကို တွေးတောမနေနိုင်ဖြစ်နေသည်။

သူမကပြောခဲ့တယ်...သူကသူမရဲ့လူတဲ့..

တခြားသူတွေက သူ သူမအကြွေးတင်တာက တစ်သက်လုံး ပြန်ဆပ်ဖို့ လုံလောက်တယ်။  'ပြန်ဆပ်' တဲ့ တခြားနည်းလမ်းတွေ ရှိမယ်ထင်တယ်။  ရိုးသားပြီး ရိုးသားတဲ့ ယန်ဟန်ကျင်း သည် သူ့မျက်နှာကို မထိဘဲနဲ့တောင် ပူပူနွေးနွေးဖြစ်နေတာ ခံစားနိုင်သည် ။

ကမ္ဘာပျက်ကပ်မှအဆိပ်ပြင်းမားမားနှင့်မကောင်းဆိုးဝါးသားသားလေးTempat cerita menjadi hidup. Temukan sekarang