Chapter5

651 99 2
                                    

U

Shao Qing မှာဗီဇတစ်ခုရှိသည်။  သူမသည် ဤဇွန်ဘီကိုသူမ၏အစာဖြစ်စေချင်သည်။ ဒီဇွန်ဘီကလည်းသူမကိုအစာအဖြစ်သုံးချင်သည်။

ရှောက်ချင်းသည်သူမ၏မျက်လုံးများကိုပွတ်သပ်ရင်း ဤလိမ္မာပါးနပ်သောဖုတ်ကောင်ကိုသိမ်းယူရမည့်နည်းကို လျှို့ဝှက်စွာတွက်ချက်‌နေခဲ့သည်။ သူမဦးနှောက်တွင်ဇွန်ဘီတစ်ကောင်ကိုရှုံးသွားခဲ့လျှင်၎င်းသည်အမှန်ပင်ရှက်စရာကောင်းသည်။

ရှောက်ချင်းကမဆိုင်းမတွဘဲနှစ်နာရီကျော်လောက်လမ်းလျှောက်ခဲ့သည်။ နေ့လည်ခင်း ရောက်တာ‌ကိုမြင်သောအခါသူမအနားယူရန်နေရာတစ်ခုကိုရှာခဲ့ရသည်။  နောက်ဆုံးတော့သူမပင်ပန်းနေသည်။

ခန္ဓာကိုယ်ကအရမ်းမပင်ပန်းဘူးဆိုရင်တောင်စိတ််က‌တော့ပင်ပန်းနေပြီ။ ရှောက်ချင်းသည် အထဲမှာဇွန်ဘီအများကြီးရှိမနေတဲ့ဆိုင်ငယ်လေးတစ်ဆိုင်ကိုတွေ့ခဲ့သည်။ မကြာခင်သန့်ရှင်းရေးလုပ်လိုက်သည်။သန့်ရှင်းရေးလုပ်ပြီး ရှောက်ချင်းက ပေါင်မုန့်လုံးလေးကိုယူလိုက်သည်။  ညအချိန်၌အိပ်‌‌မောကျမ‌နေသောကြောင့်တံခါးဝ၌အသံတစ်သံကြားလိုက်တာကို‌ ရှောက်ချင်းသေသေချာချာကြားလိုက်ရသည်။

နေ့ခင်းတုန်းက သူမသည်တံခါးကိုတွန်းရန်သစ်သားတုတ်ကိုသုံးခဲ့တာမို့ အသံကခဏငြိမ်သွားပြီးပျောက်သွားသည်။  ခဏအကြာတွင်ပြတင်းပေါက်မှအရိပ်တစ်ခုတက်လာသည်။

ပြတင်းပေါက်က‌‌တော့ နောက်မှာကျန်ခဲ့ပြီး အရိပ်ကတဖြည်းဖြည်းနီးကပ်လာတဲ့အခါ နိုးနှင့်‌နေပြီးသားရှောက်ချင်း ကချက်ချင်းထလာပြီး သူ့ကိုမြေပေါ်သို့ ရိုက်ချပစ်လိုက်သည်။  ရှောက်ချင်းသည်သူမ၏ခန္ဓာကိုယ်အား ဇွန်ဘီများအကိုက်ခံရပြီးလျှင်ဖြစ်ပေါ်လာတဲ့ပုံစံကိုမသိသည်မို့​သူမအနေနှင့်မစွန့်စားရဲဘဲ သူမ၏ရှေ့ရှိဇွန်ဘီ၏လက်နှစ်ဖက်ကိုအလျင်အမြန်ဆုပ်ကိုင်လိုက်ပြီး ရိုက် လိုက်သည်နှင့်ပြိုကွဲသွားသည်။  ခနကြာတော့ဇွန်ဘီများသည်သူတို့၏ခေါင်းကိုမြှင့်ကာ သူမကိုကိုက်ရန်ကြိုးစားသည့်ဇွန်ဘီ၏ပါးစပ်ထဲသို့ရှောက်ချင်း သည် ခြေအိတ်အသစ်တစ်လုံးကိုသိပ်ထည့်လိုက်သည်။

ကမ္ဘာပျက်ကပ်မှအဆိပ်ပြင်းမားမားနှင့်မကောင်းဆိုးဝါးသားသားလေးDonde viven las historias. Descúbrelo ahora