2

114 5 0
                                    

(Uni)
မြတ်နိုးခြင်း နိယာမ(part-2)

ခြံဝန်းထဲသို့ဝင်လာသည့် ကားကြောင့်
အိမ်ထဲမှ ဝန်ထမ်းတွေ အသီးသီးထွက်ကြို ကြသည်
ထို့နောက် ကောင်မလေးတစ်ယောက်ကို ကိုယ်တိုင်ပွေ့ချီကာ ကားတွင်းမှ ထွက်လာသည့် နိယာမကြောင့်
သူတို့မျက်လုံးပြူးကုန်ကြပြီး ပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကြရသည်

ပြတ်သားသော သူ့စိတ်ကိုသိထားကြ၍ ထိုမြင်ကွင်းက အဆန်းအပြားဖြစ်နေသည်

သူ့အကျႌအဖြူမှာစွန်းနေတဲ့ သွေးစတချို့နှင့် ဘောင်းဘီပေါင်ပေါ်မှာပါ သွေးတို့ ရဲရဲနီနေလျက်
"သားငယ်....ဘယ်လိုဖြစ်လာတာလဲ"

အိမ်ကလူတွေက ကိုငယ်ခေါ်သော်ငြား
သူမကေတာ့ သားငယ်ဟုသာခေါ်လာသည်မှာ နှုတ်ကျိုးနေလေပီးသော တီလဲ့

သူငယ်စဉ်ကတည်းက အိမ်မှာအလုပ်လုပ်လာသည့် ဒေါ်လဲ့ကမေးလေတော့
"တီလဲ့....Coraကိုခေါ်
မြန်မြန်လူနာအရေးကြီးတယ်လို့"
ခေါင်းမှာပတ်တီးအဖွေးသားနှင့် ကောင်မလေး၏ခေါင်းမှာ သွေးတွေစိမ့်ထွက်နေသည်
ကောင်မလေးက ငယ်ငယ်လေးရှိသေးသည်မို့ မြင်မြင်ချင်း ဂရုဏာသက်မိလျက်

"သားငယ်....ဘယ္နားမွာ တိုက်မိခဲ့တာလဲ"

"မန်းလေးကတည်းက
ဆေးထည့်ပြီးခေါ်လာလိုက်တာ"

"ဘယ္ကတဲ့လဲ"

"မသိပါဘူး မေးလည်းမရဘူး ကြောင်တောင်တောင်နဲ့
တောက်... Coraခုထိမလာသေးဘူးလား"
နဂိုကမွ စိတ်မရှည်တတ်သည့် သူက
ယခု သူ့ကြောင့်ထိခိုက်ထားသော လူနာကြောင့်ပိုစိတ်တိုနေသလိုလိုဖြင့် နိယာမ....

Coraရောက်လာသောအခါ မလှမ်းမကမ်းမှ မျက်ခုံးများကွေးကျနေအောင် မျက်မှောင်ကုတ်ကြည့်နေသည့် နိယာမ
စိတ်ရှုပ်နေမှန်းသိသာလွန်းနေသည်
"ကိုငယ်...ခေါင်းကပြန်ချုပ်မှ ဖြစ်မယ်
သွေးထွက်အရမ်းများနေတယ်"

"အင်း"

"သွေးလိုနေတယ်"

"ဘာ typeလဲ"

"B"

"ကျစ်...ငါ့ဆီကယူ မြန်မြန်"
နိယာမ စိတ်တိုနေချိန်မို့ ဘယ်သူမှစောဒဂမတက်ရဲ
သူ့ဆီမှ သွေးတစ်ပုလင်းမြန်မြန်ယူပြီး သွေးသွင်းပေးရင်း
Coraနှင့် သူနာပြုတစ်ယောက် အသေးစိတ်ခေါင်းမှ ဒဏ်ရာကို ပြန်ချုပ်ရသည်
သွေးထွက်အရမ်းများသွားလျှင် coma ဝင်သွားနိုင်သည်မို့ ယခုအခိုက်အတန့်ကဘေးမှလူများပင် ရင်တထိတ်ထိတ်

မြတ်နိုးခြင်း နိယာမWhere stories live. Discover now