20

78 2 0
                                    

(Uni)
မြတ်နိုးခြင်း နိယာမ(part-20)

And i hear your voice from your eyes
i will always pove you and
I'm waiting for you until the end of time

Here i'm way to you...
i hope that someday you will realize...

That i can see forever in your eyes
And i wishing my dream will come true

i am lost without you
Your my everything...
သီချင်းလေးဆုံးသွားလို့...ရင်ခွင်ထဲငုံ့ကြည့်လိုက်တော့ အိပ်ပျော်နေပီဖြစ်သည့် သူ့ကြောင့် ခေါင်းလေးငုံ့နမ်းပီး
ဆံနွယ်လေးတွေကို ဖွဖွလေးပွတ်သပ်ပေးနေမိသည်
သူဖြစ်နေ၍သာ သူ့ကိုသူမချစ်မဝခြင်းအပြည့်

အချိန်တော်တော်ကြာ အိပ်ပျော်နေပေမယ့်..သူ့ကိုကြည့်ပီး
သူမ မအိပ်ဖြစ်ခဲ့

သူမ သူ့ကိုဖက်ထားရင်း...ဖုန်းကြည့်နေချိန်
"Baby"
ရင်ခွင်ထဲခေါင်းတိုးဝင်ပီး ခေါ်လိုက်သံကြောင့်
"ရှင်"

"ကေလး...ချစ်တယ်"

"ချစ်တယ်လေ ကိုကိုရဲ့
နိုးပီလား"

"အင်း...မွှေးလိုက်တာ
အဲ့ကိ်ုယ်သင်းနံလေးကြိုက်တယ်.."

"ကိုကို့ဆီကလည်း မွှေးပါတယ်နော်
သမီးလည်း ကြိုက်တယ်"

"Babyဘာလုပ်နေတာလဲဟင်"

"ကိုကို့ Pageထဲဝင်ကြည့်နေတာ
ပုံတွေကလေ ကြည့်လည်းမဝဘူး.လိုက်Saveရတာလည်းအားရီးပဲ
အရမ်းလှတယ်နော်"

"Babyကြိုက်သလား"

"ကိုကိုရယ် သမီးကမကြိုက်ပဲနေနိုင်ပ့မလား
ကိုကို့လက်ရာတွေလေ...အကုန်ကြိုက်တယ်"

"ကို့ကိုရော"

"ချစ်တယ်....ကိုကို့ပုံလည်း တင်မထားဘူးနော်"

"ဟင့်အင်...ကိုPageရှိတာကြာပီ ကို့ရုပ်ကိုမပြသေးဘူး"

"ဘာလို့မတင်တာလဲဟင်..ကိုကိုကအရမ်းချောတာကို"

"အဟက်...babyလေးတောင် babyရဲ့
Wallမွာ ပုံမတင်ဘူးမှတ်လား
Stitchရုပ်လေးတွေပဲတင်တာ..."

"ကိုကို သမီးပုံတွေတင်ထားတယ်နော်"

"အင်း....modelနာမည်မေးနေကြတယ်လေ
အရင်က ကိုက Modelနာမည်တွေရေးပီးတင်တာလေ
ခုက ရေးမထားပဲ အပြာရောင်အသဲပုံလေးနဲ့့တင် တင်တာ့
သူတို့စိတ်ဝင်စားနေကြတာ"

မြတ်နိုးခြင်း နိယာမWhere stories live. Discover now