11

62 1 0
                                    

(Uni)
မြတ်နိုးခြင်း နိယာမ(part-11)

"ဘာ.....ဘာပြောတယ်"

"ဟုတ်တယ် သားငယ်"

"တောက်...တော်လိုက်တော့
စာမေးပွဲ ဆက်မဖြေခိုင်းနဲ့"

"ဟို သမီးလေးက တားမရလောက်ဘူးနော်
ငိုမှာစိုးလို့မပြောရဲဘူး"

"ကျစ်....ခင်ဗျားတို့ဗျာ
ဒီကလေးတစ်ယောက်ကိုတောင်မှ ဂရုမစိုက်နိုင်ကြဘူးလား
ဟမ်....ကျနော်သွားတာဘယ်လောက်ကြာသေးလို့လဲ
တစ်လတောင်မကြာသေးဘူး
တောက်...."

"ဟုတ်ပါတယ် သားငယ်ရယ်
တီလဲ့တို့ပေါ့လို့ပါ..
ဆရာဝန်တွေလည်း ပိုဂရုစိုက်ပါတယ်
ကျောင်းသူလည်းဖစ်နေလို့"

"တစ်ခုခုဖစ်သွားရင် ဘယ်လိုလုပ်မလဲဟမ်
တော်ဗျာ စာမေးပွဲကနောက်နှစ်မှ ပြန်ဖြေရတယ်
မနက်ဖြန်ဆက်မဖြေခိုင်းနဲ့"

"သားငယ်ရယ် နှစ်ဘာသာပဲကျန်တော့တာပါ"

"သေစေချင်နေတာလား
ဟမ် ကျနော့ကလေးကိုသေစေချင်နေကြတာလား"

"မဟုတ်ရပါဘူး သားငယ်ရယ်
သမီးလေး အခုအိပ်ပျော်နေတာလေ
စာမေးပွဲကလည်း ဆက်ဖြေမှာပဲပြောနေတယ်
တီလဲ့တို့ပြောတာလည်း မရလို့ပါ နော်"

"ဟာဗ်ာ....တီလဲ့ ကျနော်အရင်သေတော့မှာသိလား
သေတော့မှာ ကျစ်
မနက်ဖြန်ပြန်လာခဲ့မယ်
ကလေးကိုအသိမပေးနဲ့ စာလည်းထပ်မကျက်ခိုင်းနဲ့
ရသလောက်ပဲဖြေဖို့ပြောပေး နော်
ခုအိပ်နေတယ်မှတ်လား"

"အင်း"
သူတို့စကားပြောနေကြစဉ်...သူမထံမွ
"တီလဲ့"

"သားငယ်ခဏလေးနော် သမီးလေးနိုးလာလို့
ပြန်ခေါ်ပေးမယ်"

"မချနဲ့ ကျနော်ကိုင်ထားမယ် ကလေးဆီသွားလိုက်အုံး"
မျက်လုံးလေးမဖွင့်နိုင်ပေမယ့် တစ်ခုခုကိုအလိုရှိသလို...ခေါင်းလေးက ယမ်းလို့
"သမီးလေး...ဘယ်လိုနေလို့လဲဟင်
ဘာလိုချင်လို့လဲ"

"ရေ သောက်ချင်တယ်"

"ခဏလေးနော် တိုက်မယ်
ဟေ့ ကောင်မလေး ရေတစ်ခွက်ပေး"
အကူစောင့်ပေးနေလေသော အိမ်ဝန်ထမ်းကောင်မလေး
လှမ်းပေးသည့်ရေတစ်ခွက်ကို ယူပီး ကောင်မလေးတစ်ယောက်အကူအညီနှင့်ထူပေးကာ ရေတိုက်ရပြန်သည်
"ဟင့် တီလဲ့ အေးတာလေး သောက်ချင်တယ်"

မြတ်နိုးခြင်း နိယာမWhere stories live. Discover now