6

81 3 0
                                    

(Uni)
မြတ်နိုးခြင်း နိယာမ(part-6)

မျက်နှာသစ်ပီး...အဝတ်အစားလဲဖို့ဗျာများနေရပြန်သည်

ဟိုဟာဝတ်ရမလား ဒီဟာဝတ်ရမလားရွေးရသည်ထက်
ကြည့်မကောင်းမှာ စိုးရိမ်ရတာ အမှန်
ရင်ထဲကလူရဲ့အမြင်မှာ လှနေစေချင်သည်

နောက်တော့ ဂျင်းပင်ပြာနုနုအတိုလေးနှင့် တီရှပ်အနီရောင်ပွပွလေး ရွေးဝတ်ပြီး မှန်ရှေ့မှာ ဟိုလှည့်ဒီလှည့်...

ဘာမှမလိမ်းတတ်သည့်မျက်နှာလေးကို
စနိုးလေးနည်းနည်းလိမ်းပီး မျက်နှာနုနုလေးက အိစက်စက်လေးဖြစ်သွားတော့ Cherry lipstick ပန်းနီရောင် သမ်းသမ်းလေးကိုအောက်နှုတ်ခမ်းပေါ် အစက်ချယုံလေး ခ်ကာ
နှုတ်ခမ်းလေးဖိပီး ဖြန့်လိုက်သည်

လုံးဝ perfectဖစ်သွားလေပြီမို့
ရှပ်အနီပွပွလေးကို ဘောင်းဘီတိုလေးထဲမြုပ် ထည့်ဝတ်ပြီး အကျႌလက်ပွပွလေးက တံတောင်ဆစ်နားလေးထိ ဖားဖားလေးနှင့်လိုက်ဖက်လွန်းလျက်

စရစ်လေးအား လက်နှင့်သာသာလေးသပ်ပီး အခန်းတံခါးခေါက်သံကြောင့် သွားလှပ်ကြည့်မိသည်

သူမသွားတက်လေးပေါ်အောင် ရီပြရင်း
"ကိုကြီး သမီးလွလား"
အရပ်ရှည်ရှည်နှင့် နိယာမကို မျက်နှာလေး မော့ပြပီး
ရီရင်းမေးမိတော့ နိယာမကပြုံးရင်း မျက်လုံးစုံမှိတ်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်

"လှလွန်းနေပီ ဒေါ်ပဲ
Bteakfastသွားစားမယ်"
နိယာမ လက်တစ်ဖက်ကသူမလက်ကောက်ဝတ်နားလေး
ဆုပ်ကိုင်ရင်းခေါ်ဆောင်သွားပီး....သူ့ခြေလှမ်းကျဲတွေနောက် အတင်းကပ်လိုက်ရင်း
"အဟမ်း.....ဒေါ်ကဗျာတို့ လှလွန်းနေပါပီနော်"
မနက္စာ ပြင်ပေးရင်း တီလဲ့က စ တာကြောင့်
"ဟာ့....တီလဲ့နော်"

"အဟက်...တီလဲ့ရယ်
ကျနော်ကတော့ကလေးကလေးနဲ့ထင်ထားတာ
သူက ပဲချည်းပဲ"

"ဟာ့ ကိုကြီးနော်"
မျက်မှုန်ကုတ်ပီး ဆူထားတဲ့နှုတ်ခမ်းလေးကြောင့်
မျက်နှာချင်းဆိုင်းက နိယာမ အသဲယားရတာ သူမမသိ
"သားငယ်....ပြခန်းပီးရင်
မင်းညီမ ရုပ်ရှင်လိုက်ပြလိုက်အုံး
မဟုတ်ရင် ဟိုသူငယ်ချင်းနဲ့သွားမယ်နော် ဒီသူငယ်ချင်းနဲ့သွားမယ်နော် ပူဆာရင်
တီလဲ့စိတ်မချလို့ မထည့်ရဲဘူး"

မြတ်နိုးခြင်း နိယာမWhere stories live. Discover now