Part 3 :Surrenderမီးခွက်တွင်းရှိသဲကန္တရထဲတွင် jafar နေထိုင်နေသည်မှာရက်ပေါင်းများစွာရှိနေပီဖစ်သည်....
သဲကန္တအဆောင်တဲရှိရာထိုနေရာသည် သဲကန္တရဟူ၍ ဆိုနိုင်စရာပုံသဏ္ဏန်တစိုးတစိတောင်မတူချေ..
.စမ်းချောင်းများ ရေတံခွန်အသေးလေးများ...အုန်းပင်နွယ်ပင်အပင်ပေါင်းစုံအရောင်စုံအပင်များ နှင့် တံတားများကျောက်တုံးကျောက်ခဲများစွာဖြင့်စိတ်ကူးချင်သလိုစိတ်ကူးကာ ဖစ်ချင်တိုင်းဖစ်နေသည့်နေရာအထူးဆန်းကြီးဖစ်နေလေသည်
မိုးရွာလိုက်နေပူလိုက်မိုးခြိမ်းလိုက်မိုးကြိုးပစ်လိုက်နှင့် ကြယ်တွေလတွေဂြိုလ်တွေဟာလည်း မိုးပေါ်ဠ် ပြေးလွှားနေကြသေးသည်
Jafar သည်လည်း ထိုအဆောင်တဲထဲရှိ ဧည့်ခနိးကျယ်ကြီးမှာထိုင်ကာ မျက်စိကိုမှိတ်ပြီးအံကြိတ်ကာအစွမ်းတခုကို ထုတ်နေလေသည် ဧည့်ခန်း၏ကြမ်းပြင်နှင့်ခုံများပေါ်တွင် ပုလင်းအကြီးအသေးပုံစံစုံပြန့်ကျဲကာ အချိူ့မှာကွဲကြေနေသည် ထိုဧည့်ခန်းထိုင်ခုံများရှေ့တွင် အလွန်ကြီးမားသောမှန်ကြီးတခုရှိလေသည်.... ထိုမှန်ကြီးပေါ်တွင် အလွန်လှပသော Jasmine သည်အဆင်တန်ဆာအပြည့်နှင့် ခါတိုင်းထက်ပိုလှနေပါသည် ထို့အပြင်အမူအယာတွေပိုခါအင်မတန်ပြုံးပျော်နေလေသည်....Jafar သည်ဒီခါအစွမ်းများနှင့်ဖန်ဆင်းလိုက်သည်မှာလည်း ပုလင်းများပင်ဖစ်သည်..အကြည်ရောင်ပုလင်းသေး ပုလင်းကြီးများ ထဲတွင် အနီရောင် အမဲရောင် အဖြူရောင် အစိမ်းရောင်အစုံအရည်များဖြင့်ပြည့်နှက်လို့နေသည်...
Jafar သည်ပုလင်းတလုံးအား လျင်မြန်စွာဆွဲဖွင့်ကာ မနားတမ်းကုန်အောင် တချီတည်းသောက်ပစ်လိုက်သည်.... Jasmine သည်ပိုးသားပေါ်မှာမှရွှေချည်ငွေချည်တို့ဖြင့်ရက်လုပ်ထားတဲ့ သတိူးသမီးဝတ်စုံဖြင့်အတိုင်းမသိလှနေ၏ သူလက်တွဲထားတဲ့aladdin့ မျက်နှာအားအကြိမ်ကြိမ်ကြည့်ခါရယ်ပြုံးလို့နေလေသည် ထိုမြင်ကွင်းကိုအကြိမ်ကြိမြင်နေရသော jafar ၏နှလုံးသားမှမနာကျင်လျှင်ဘယ်အဓိပ္ပယ်ရှိတော့မည်နည်း...နှလုံးသားဟာနာကျင်ရလွန်းလို့ဦးနှောက်ဟာလည်းဘာမှမတားဆီးနိုင်တော့ပါ ထို့အတူအစာအိမ်ဟာလည်းပေါက်ထွက်မတတ်နာကျင်နေလေသည်...သောက်သမျှအရက်တို့သည်ရေမျှသာဖစ်နေပီး jafar ၏စိတ်ကိုမယစ်မူးနိုင်ချေ ထိုကြောင့်ပုလင်းလွတ်ပေါင်းထောင်ချီအခန်းတွင်းစုပုံနေချင်းဖစ်သည်....
ပုလင်းတိုင်းအားမရပ်မနားပဲသောက်နေပီးမမူး၍ စိတ်လည်းတိုဒေါသထွက်ရပါသေးသည်...ရိုက်ခွဲထားသောပုလင်းတွေလည်းမနည်းပါ....
အချိန်တွေသာနောက်ဆုတ်လို့ရမည်ဆိုလျှင် အချစ်ပေါ်မှာမကျရှုံးဖို့ အချစ်ကိုလျစ်လျူရှူဖို့ အချစ်ကိုမလိုချင်မိဖို့ ပြန်ပြင်ဆင်ချင်ပါသေးသည့် ဆန္ဒကထိနိးချူပ်မရချေ....
မဟုတ်ရင်တောင် အချစ်ကိုမကိုးကွယ်မိဖို့ ရှေ့တန်းတင်ပီးဇွတ်တရွတ်မလုပ်ဖို့ သတိပေးချင်မိသည်...
ဆန်းကြယ်တဲ့အချစ်နဲ့ထိတွေ့မိပီဆို အရာအားလုံးပျက်စီးကွဲကြေကုန်သည်ကိုမသိအောင်ဉာဏ်နည်းခဲ့သည် ရယူလိုချင်စိတ်ပြင်းတဲ့ကွကိုတားဆီးမည့်အရာလည်းမရှိဟုထင်မှတ်ဖူးသည် လိုချင်တဲ့အချစ်ကိုရအောင်ကြိုးစားခဲ့သည့် နည်းလမ်းမှာ မှားခဲ့မှန်း သူဝန်မခံချင်လည်း နီရဲနေသောမျက်စိနှစ်လုံးကနေ ကျဆင်းနေတဲ့အရည်ကြည်တွေကြောင့် စိတ်တိုနေတဲ့မျက်နှာနှင့်နာကျဥ်းချင်ယောင်ဆောင်လည်းပဲနောင်တတွေတပွေ့တပိုက်နဲ့ဝမ်းနည်းကွဲကြေနေပီဖစ်ကြောင်း ဖုံးထားလို့မရချေ....
YOU ARE READING
Meet The Legendery Villian Jafar
Fantasyပြောချင်တာက own creation ပါ Translation Fic လုံးဝမဟုတ်ပါ ပီးတော့ ဒီ Fic အရင်ကရေးခဲ့သလို horror မဟုတ်ပါ Fan Fic လည်းမဟုတ်ပါ Fantasy ကိုမှ အရိုင်းဆန်ပါတယ် Read at your own risk... this one is for adult...not for innocence people....XD ရိုင်းတဲ့စကားလု...