UnicodePart-2 trapped inside
အငွေ့အဖစ်နဲ့ ဆီမီးခွက်ထဲရောက်လာတဲ့ Jafar ဟာနှစ်စက္ကန့်လောက်ကြောင်ပီးရပ်ကြည့်နေမိတယ်
" ဘယ်နေရာလည်း ဒါ....."နက်ပြာရောင်နဲ့ခရမ်းရောင်ရောစပ်ထားတဲ့ကောင်းကင်လိုမျိူးအရာမှာအပြင်မှာထက်စုံလင်လှတဲ့ကြယ်တွေဟာမျက်စိနဲ့သေချာမြင်ရအောင်လင်းလက်နေပီးတော့ ကြမ်းပြင်မှာလည်းသဲလိုမျိူးအမှုန်တွေအပြည့်....ပီးတော့အဝေးမှာရွှေအိုရောင်ထူးဆန်းတဲ့အသွင်အပြင်နဲ့ နန်းတော်ကြီးတခုရှိနေတယ်....
Jafar မျက်တောင်နှစ်ခါလောက်ခတ်ပီး ဝင်လာတဲ့အပေါက်ကိုပြန်လှည့်ပီးရှာကြည့်လိုက်တယ်... မီးခွက်ကအတွင်းထဲမှာအတော်ကျယ်ပီး အဝေးကြီးအမြင့်ကြီးမှာမှ မီးခွက်နှုတ်သီးရှိရာအပေါက်ကိုတွေ့သည် မီးခွက်အပေါက်ကအပေါက်နဲ့တောင်မတူပဲ ကောင်းကင်လိုမီးခွက်အပေါ်ဖက်က ကြယ်တွေနဲ့ ရောထွေးနေသည်....
Jafar ဟာလျင်မြန်တဲ့အငွေ့ဖစ်ကာ အရှိန်နဲ့ မီးခွက်ရဲ့နှုတ်သီးအပေါက်ဝနားရောက်သွားတယ်...
ဟာ...ငါစိတ်ထဲတွေးရုံပဲရှိသေးတယ်ချက်ချင်းရောက်သွားပါလား...?မီးခွက်အပေါက်ကနေ အပြင်ထွက်ဖို့ကြိုးစားတော့ Jafar ရဲ့အသားတွေဟာမီးပူလောင်သလိုလောင်ကျွမ်းလာတယ်
နောက်ကိုချက်ချင်းပြန်ဆုတ်လိုက်တော့.. အရင်တိုင်းပြန်ကောင်းသွားတဲ့ခန္ဓာကိုယ်ကစိတ်တိုစရာကောင်းနေတယ်
ဒီလိုနဲ့ Jafar ဟာထွက်ဖို့ကြိုးစားလိုက်ပြန်ဆုတ်လိုက်အခါတစ်ရာလောက်လုပ်လိုက်ပါတယ်..အခါတရာဆိုပေမယ့်မတရားလျင်မြန်နေတာကြောင့်တစက္ကန့်တောင်မကြာပါဖူး....
ထိုအချိန် မီးခွက်ကြီးတခုလုံးတုန်ရမ်းနေတာကိုသတိထားမိသွားတယ်...
'ဘယ်ကောင်လက် ကမြင်းနေတာလည်း....?'
( အခုမှ အပြင်က Ginee မီးခွက်ကိုကောက်ပီးတော့ပေါက်ဖိူ့လုပ်နေခြင်း)Jafar စိတ်တိုပီးနံရံကိုဝင်ဆောင့်ဖို့စဥ်းစားပေမယ့် မီးခွက်မှာနံရံကမရှိပါ...
ဒါကိုစိတ်တိုတဲ့ Jafar ဟာအရမ်းကြီးတဲ့မီးတောက်အကြီးကြီးဖန်တီးပီး မီးခွက်အဖုံးရှိနိုင်တဲ့တည့်တည့်ကိုချိန်ပစ်လိုက်တယ်...မီးတောက်ဟာပျံတက်ပီးထိမှန်သလိုတောင်မပြပဲအဆုံးမရှိဆက်သွားနေတယ် မီးခွက်ရဲ့ကောင်းကင်ကငြိမ်သက်နေပီးမီးတောက်ကြီးလည်းဆက်သွားရင်းပျောက်သွားတယ်....
ဒါဘယ်လိုနေရာပါလိမ့်...
YOU ARE READING
Meet The Legendery Villian Jafar
Fantasiပြောချင်တာက own creation ပါ Translation Fic လုံးဝမဟုတ်ပါ ပီးတော့ ဒီ Fic အရင်ကရေးခဲ့သလို horror မဟုတ်ပါ Fan Fic လည်းမဟုတ်ပါ Fantasy ကိုမှ အရိုင်းဆန်ပါတယ် Read at your own risk... this one is for adult...not for innocence people....XD ရိုင်းတဲ့စကားလု...