1982 ခုနစ်
ပြင်သစ်နိုင်ငံ၊ဘော်ဒိုမြို့ (Bordeaux)ခပ်မွှေးမွှေးပြင်သစ်ပါမုန့်အနံ့ ။
ဆိုင်ရှေ့ကနေဖြတ်သွားသူတိုင်းဗိုက်ဆာစေတယ် ဘယ်လောက်ထိမွှေးပျံ့စေသလဲဆိုလူသွားလမ်းပလပ်ဖောင်းအထိ မွှေးပျံ့နေတယ်။1980ကျော်ကာလဆိုတော့ကားတွေများများစားစားလည်း ကတ္တရာလမ်းပေါ်မပြေးဆွဲနိုင်သေးဘူးလေခြေထောက်ပဲအားကိုးကြတာများတယ် ။ လူချမ်းသာတွေကတော့လေထုကိုညစ်ညမ်းစေတဲ့မီးခိုးတလူလူထွက်တဲ့ကားတွေကို မနက်မိုးလင်းတာနဲ့မောင်းနှင်နေကြတာပဲအထက်တန်းကျောင်းသားတော်တော်များများကတော့ ကျောင်းသွားဖို့ခြေထောက်ပဲအားကိုးတယ် ။ မနက်စာမစားရသေးတဲ့အထက်တန်းကျောင်းသားများက လမ်းဘေးစျေးဆိုင်ရှိ Baguetteလို့ခေါ်တဲ့
ပြင်သစ်ပါမုန့်အရှည်ကြီးတွေကိုဝယ်ရင်အေးအေးလူလူစားလာကြသည်။ဆောင်းတွင်း ။
ပြင်သစ်ကအမြဲလိုလိုအုံံ့အုံ့မှိုင်းမှိုင်းပဲ ဘော်ဒိုက ပဲရစ်လိုမြို့ကြီးမဟုတ်တော့ တိတ်ဆိတ်ပြီးလှပတယ်နောက်ပြီး ဆောင်းတွင်းဆိုအတော်အေးတယ်နွေရာသီသိပ်မရှိတတ်ဘူး
အထက်တန်းကျောင်းသူကျောင်းသားတွေမှာ
ပလပ်ဖောင်းပေါ်တွင် လက်နှစ်ဖက်ကိုအသာပွတ်သူကပွတ်သူတို့ long coat အိတ်ကပ်ကြီးတွေထဲလက်ထည့်သူကထည့်ထားနဲ့ဘော်ဒိုရဲ့ဆောင်းဒဏ်ကိုခုခံနေကြသည်။
ကျောပိုးအိတ်ကိုယ်စီနဲ့အထက်တန်းကျောင်းသူကျောင်းသားများကတော့ ကျောင်းထဲဝင်ဖို့ အချိန်ဆွဲရင်း ပလပ်ဖောင်းပေါ် စကားတပြောပြောနဲ့ ပြင်သစ်ပါမုန့်ရှည်ကြီးတွေဝါးရင်းကျောင်းစီလျှောက်လာကြတယ်။" ဆရာကငါ့အိမ်ကို မနေ့ကစာပို့တယ် "
အညိုရောင်တွေက သူဝတ်မှပိုကြည့်ကောင်းသယောင် ။ ဆံသားကောက်ကောက်တွေနဲ့ ပြင်သစ်စတိုင်အညိုရောင် long coat အရှည်ကြီး နောက်ပြီး အညိုရောင်အကွက်စိပ်လေးနဲ့ လည်စီးအရှည်ကိုပတ်ထားတယ် အထဲကလည်း ကော်လံပါတဲ့အကျီအဖြူပေါ်ဆွယ်တာအညိုအကွက်ဝတ်ထားသေးတယ်လေ မျက်ဝန်းညိုညို တွေကငယ်ရွယ်မှူကိုဖော်ကျူးတယ် ။သူတို့က အခုမှ၁၇ ၁၈ပဲဲ ရှိသေးတဲ့လူငယ်တွေပဲလေ
YOU ARE READING
M E M O R Y (Complete)
Fanfictionမင်းကထွက်သွားချင်တော့ ငါဆွဲထားလို့မှမရတော့တာလွှတ်ပေးရ တော့မှာပဲ..