JungKook ကိုပိုက်ဆံအမြန်ရှင်းခိုင်းပြီး ဆိုင်ကနေထွက်လာကြတယ် ။ကျတော်ပဲဉီးဆောင်ပြီး တစ်နေရာသွားဖို့ခေါ်လာခဲ့တယ် အလျင်လိုနေခြင်းမရှိဘူး သူ့ကိုစက်ဘီးပေါ်တင်ပြီးတင်းလည်းနင်းမလာဘူးအလာတုန်းကလိုပဲလမ်းလျှောက်တယ် ခြေလှမ်းတွေကတော့နည်းနည်းမြန်နေတယ် JungKookကကလေးတစ်ယောက်လိုပဲသူ့ရုပ်ကဘာမှသိနားလည်ထားတဲ့ပုံမဟုတ်ဘူး ကျတော်ခေါ်လို့သာ ကျတော့်နောက်ကလိုက်လာတာ
အချိန်က ညနေလေးနာရီလောက်ရှိရောပေါ့ကျောင်းဆင်းတာ သုံးနာရီ Jardin ကိုသွားတာနဲ့နေတာနဲ့ဆို တစ်နာရီကျော်လောက်မယ်။ ကားအချို့လည်းသွားလာနေတုန်း လမ်းသွားလမ်းလာများလည်းကျတော်တို့ကိုဂရုမစိုက်မိကြဘူး ကျတော့်ရင်ထဲဗလာကျင်နေတယ် ခေါင်းတွေလည်းချာချာလည်နေတယ် ကျတော်တို့ Basilique Saint-Michel ဘက်ကိုသွားကြတယ် ဘုရားကျောင်းရှေ့နှစ်မိုင်လောက်ထက်သွားရင် မြို့စွန်လိုလူသူအရောက်ပေါက်နည်းတဲ့နေရာ ခေါင်တယ်အဲ့မှာ
ဘူတာရုံဟောင်းကြီးရှိတယ် အဲ့ကိုသွားမှာ အဲ့မှာကျတော်တို့ဖြစ်ကြမှာ ။ အိမ်ပြန်လမ်းနဲ့အတော်လေးဝေးနေပြီ တောင်နဲ့မြောက်လိုပဲ
ကျတော် JungKookကိုအဆောင်မခေါ်သွားရဲဘူး ဘေးအခန်းတွေသိသွားမှာကြောက်တယ်တစ်နာရီကျော်ကျော်လောက်လမ်းလျှောက်ရတယ် ဘုရားကျောင်းဘက်ကလာတဲ့
၆နာရီ ထိုးလို့တီးတဲ့ခေါင်းလောင်းသံကိုလည်းကျတော်တို့မမူကြဘူး ရောက်တော့မယ်ဆိုတော့အလျင်လိုနေကြတယ် ပတ်ဝန်းကျင်လည်းမှောင်ရီနေပြီ ။ JungKookစီက ဘာအသံမှထွက်မလာဘူး
ကျတော်လည်းဘာစကားမှမပြောမိဘူးအဆောင်ကငှားလာတဲ့အကိုကြီးစက်ဘီးမှာသော့ပါတော့ လမ်းမီးတိုင်နဲ့တွဲချည်ပြီးထားထားခဲ့တယ် သော့ကိုတော့ကျောပိုးအိတ်ထဲထည့်လာလိုက်တယ် ။ ဒါက လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထဲကမသုံးတော့တဲ့ရထားလမ်း
ဘူတာရုံဟောင်းထဲ ကမဟုတ်တာလုပ်မယ့်လူတွေရဲ့အကြိုက်ပေါ့ အိမ်ခြေတွေနဲ့လည်းဝေးတယ်မြက်ရိုင်းတွေပေါက်နေတဲ့ လမ်းကြားထဲကို ဝင်လာကြတော့ SeokJin JungKookလက်ကိုကိုင်ထားလိုက်တယ် ။ဂျောင်ကုလက်ဖျားလေးတွေကအေးစက်နေတာပဲ လမ်းမီးတစ်တိုင်ပဲရှိတယ် အလင်းရောင်က မှိန်ဖျဖျ
လေးပါပဲ
YOU ARE READING
M E M O R Y (Complete)
Fanfictionမင်းကထွက်သွားချင်တော့ ငါဆွဲထားလို့မှမရတော့တာလွှတ်ပေးရ တော့မှာပဲ..