" မစ္စအဲလစ် တယ်လီဖုန်းဆက်တယ် မင်းသူ့အချိန်လာမတတ်ဘူးတဲ့ "
မေမေက ရွှေရောင်တယ်လီဖုန်းဘေးက ဆိုဖာပေါ်မှာခြေချိတ်ထိုင်ရင်းလက်သည်းနီဆိုးရင်းကျတော့်ကိုစောင့်နေပုံပဲ ။ ည၁၁နာရီရှိနေပြီ သူမ မအိပ်သေးဘူး ဒယ်ဒီကတော့ သူ့နှစ်ချို့ဝိုင်ခန်းထဲမှာ ရေဒီယိုကလာတဲ့ သီချင်းတွေဖွင့်ရင်းဝိုင်သောက်နေလောက်ပြီ
" ကျောင်းအုပ်ကြီးခေါ်ထားလို့ပါမေမေအရေးကြီးမေးခွန်းတွေလေ့ကျင့်နေလို့ "
မေမေက ကျတော့်အဖြေကြားတော့ခတ္တလောက်ငြိမ်သွားတယ်။ ကျတော်ချွေးတွေးတောင်ထွက်လာတယ်ကျတော်မေမေ့ကိုတစ်ခါမှမလိမ်ဘူးဖူး နောက်ပြီးSeokJinကိုက်ထားလို့သွေးစို့နေတဲ့ကျတော့်နှုတ်ခမ်းကိုများမေမေသတိထားမိသလားလို့ တော်သေးတယ် မေမေကတစ်ချက်ပဲကြည့်ပြီးလက်သည်းကိုပဲအာရုံစိုက်နေတယ်
" Ok မင်း ငါ့ကိုစိတ်ပျက်အောင်မလုပ်ဖို့မျှော်လင့်ပါတယ် "
မေမေက ပြောပြီးအိမ်ပေါ်တတ်သွားတယ်
မေမေက လှတယ် ယောက်ျားတိုင်းကသူမကိုစွဲမက်ကြတယ် သူမခေတ်တုန်းက အကယ်ဒမီ ဇကာတင်ထဲမှာနှစ်တိုင်းပါတဲ့မင်းသမီးကြီးပဲ သို့ပေမယ့် သူမ ဆုတစ်ခါမှမရဘူးဖူး ဒါကြောင့်သူမက ကျတော့်ကိုဘယ်ဆုမဆိုရစေချင်တယ်သူများထက်လည်းသာလွန်အောင်လုပ်ခိုင်းတယ် ။ သူမရဲ့လောဘကအတောသတ်တယ်ဆိုပြီးမရှိပါဘူးမေမေက ကျတော့်ကိုယုံတယ်လို့မဟုတ်ပါဘူးသူမကအဲ့အတိုင်းပဲကျတော့်ကိုသားလို့ဘယ်တော့မှမခေါ်ဖူးဘူး ။
ဒယ်ဒီကလည်းသူ့လက်စရာရှိတာပဲလုပ်ပြီးသူ့ဘာသာသူနေတယ် ဒယ်ဒီနဲ့မေမေနဲ့က
အိမ်ထောင်ရေးအဆင်မပြေပေမယ့် မကွဲကြဘူးလေ သူတို့သာကွဲကြပြဲကြရင် သတင်းစာခေါင်းစီမှာ ပါလာမှာ သူတို့ကအဲ့ဒါကိုမရင်ဆိုင်ချင်လို့ အခုထိအလွန်ပျော်စရာကောင်တဲ့အိမ်ထောင်ရေးပါလို့အားလုံးရှေ့မှာဟန်ဆောင်ပြနေတာကျတော် အခန်းထဲပဲဝင်လိုက်တော့တယ် ။ ကျတော်အိပ်ချင်နေပေမယ့်အိမ်ခွင့်မရှိသေးဘူး ကျတော့်အိပ်ချိန်က ညတစ်နာရီမှတဲ့ ဒီကြားထဲစာလုပ်ရမယ် ကျတော်မေမေ့ကိုထပ်မလိမ်ချင်တော့ဘူး ကျတော့်ကြောင့်မေမေ့ကိုစိတ်မပျက်စေချင်ဘူး ဒါကသိပ်မွန်းကျပ်တာမှန်ပေမယ့် ဆုရရင်မေမေ့ပုံက
သိပ်ကျေနပ်နေတာ။
YOU ARE READING
M E M O R Y (Complete)
Fanfictionမင်းကထွက်သွားချင်တော့ ငါဆွဲထားလို့မှမရတော့တာလွှတ်ပေးရ တော့မှာပဲ..