Museum de bordeaux science and natureပ
ြ တိုက် သွားတော့ SeokJin ဂျင်းဘောင်းဘီ့အရှည်ဝတ်လာမှကျတော်စိတ်အေးရတော့တယ် ။ အကျီကတော့မလဲဘူး အဲ့ပေါ် အနီရောင်သိုးမွှေးဆွယ်တာလေးပဲထပ်ဝတ်လာတယ် ဘာပဲဖြစ်ဖြစ် ကျတော့်SeokJinက
ကြည့်ကောင်းတယ် ။ ကျောပိုးအိတ်ထဲသိမ်းထားတဲ့ စက်ဘီးသော့ကိုလည်းယူလာသေးတယ် ကျတော်ကတော့ပြတိုက်သွားပြီးရင် ညကျူရှင်တတ်ရမှာမို့ ကျောပိုးအိတ်ပြန်ယူလာခဲ့တယ်လေကျတော်တို့တွေ Taxi ငှားလာခဲ့တယ် ကား
သမားဉီးလေးကြီးကလည်းအမှုမဲ့အမှတ်မဲ့
ပဲ ။ကားဆရာဆိုတော့ ခရီးသည်အများကြီးကိုလိုက်ပို့ရသူလေ ကျတော်တို့နှစ်ယောက်ကိုသူယုန်ထင်ကြောင်ထင် မထင်ပါဘူး ။
နောက်ပြီး မေမေရဲ့သားဆိုတာလည်းကျတော့်လို့မသိကြဘူး ။ မေမေက ကျောင်းတွေဘာတွေဆုယူပွဲတွေဆို မလိုက်ဘူးလေ
ကျောင်းကလူတွေတောင်မသိကြဘူး ။ အဲ့ဒါကသိပ်ကောင်းတာပေါ့SeokJin က ကားဆရာဘေးကခုံမှာထိုင်တယ်ကျတော်က နောက်မှာ ။ လမ်းကကျောင်းဘက်ကနေပြည်လမ်းမကြီးတည့်
တည့်ပဲ မနေ့ကသွားခဲ့တဲ့ Jardin ပန်းခြံဘက်ကိုသွားတယ် Jardin ကမြို့လယ်မှာ ပန်းခြံရဲ့ဘယ်ဘက်လမ်းချိုးအတိုင်းကွေ့ပြီး သုံးမိနစ်လောက်ဆက်မောင်းတော့ ပြတိုက်စီရောက်ပြီ ။ကားခက ယူရို ကို ကျတော်ရှင်းမယ်လုပ်တော့ SeokJin က တစ်ယောက်တစ်ဝက်ပေးမယ်ပြောတယ် တစ်ထောင်ကျရင် တစ်ယောက်ငါးရာစီလေ အဲ့လိုမျိုး ။ သူက ကျတော့်အပေါ်သက်တောင့်သက်သာနေချင်ပုံရတယ် ကျတော်ကြားဖူးတာတစ်ခုရှိတယ် တစ်ချို့လူတွေကကိုယ့်ကိုပစ္စည်းတွေအသုံးအဆောင်တွေအလကားဝယ်ပေးတာတို့ ကိုယ့်အပေါ်ကောင်းပေးနေတာတို့ဆို
ပြသာနာပဲ တစ်ချိန်ချိန်မှာ အဲ့လူကြောင့်ကိုယ်ပြသာနာတစ်ခုခုတို့စိတ်ကသိတအောင့်ဖြစ်တာတို့ခံစား ရရင် ရှင်းရှင်းလင်းလင်းပြောဖို့အားနာနေတတ်တယ် ဘာလို့ဆိုသူကကိုယ့်အပေါ် အများကြီးကောင်းပေးပြီးသူပေးတဲ့ပစ္စည်းတွေယူထားရတော့ အားနာနေရော ။ အခုဟာလည်း SeokJin လည်းကျတော့်အပေါ်အဲ့လိုခံစားချက်ဖြစ်မှာစိုးလို့ထင်တယ်
ကျတော်အတွေးခေါင်နေတာလည်း
ဖြစ်မှာပေါ့
YOU ARE READING
M E M O R Y (Complete)
Fanfictionမင်းကထွက်သွားချင်တော့ ငါဆွဲထားလို့မှမရတော့တာလွှတ်ပေးရ တော့မှာပဲ..