အတန်းထဲကကောင်တွေကတော့ပျင်းစရာဆရာမအချိန်မရှိတော့လို့ အတော်ပျော်နေတော့မှာ အနစ်နာခံသူကြီးကKim SeokJinပဲ
နာရွက်လည်းပြတ်တော့မယ် ။အတော်လက်သံပြောင်တဲ့ဆရာမထုံးကျောက်တွေနဲ့ဆောက်ထားတဲ့အထက်တန်းကျောင်းရဲ့အဆောက်အုံတွေက
1830ပြည့်နှစ်ထဲကဆောက်ထားကြတာ နှစ်ငါးဆယ်ကျော်ကြာရှိနေပေမယ့် ခိုင်ခန့်တုန်းပဲ အနည်းငယ်တော့ဟောင်းနွမ်းတယ် ပေမယ့်ထည်ဝါတယ်။
Bခန်း Aခန်းနဲ့ Sခန်းတွေကိုဖြတ်သန်းပြီးရင်
အပေါ်ထက်ကိုတတ်တဲ့ သစ်သားလက်ကိုင်နဲ့လှေကားရှိတယ်အပေါ်ထက်ကကျောင်းအုပ်ကြီးရုံးခန်း ။အခြားတန်းခွဲတွေလည်း ကျတော့်ကိုသိပုံရတယ် ပြုံးစိစိ နဲ့ လာကြည့်နေတော့ သွားတွေအကုန်ပေါ်အောင်ပြုံးပြရင်းလက်ခလယ်ထောင်ပြခဲ့သည်။ ဆရာမကတော့ နားရွက်ကိုမညှာမတာဆွဲထားတုန်း" လာ ခဲ့စမ်း "
ဆရာမနောက်အင်တင်တင်နဲ့လိုက်လာရတော့ခြေလှမ်းတွေကမလှမ်းချင်လှမ်းချင် လှေကားထစ်တွေကို အီလေးဆွဲစွာ တတ်ရင်းနောက်ဆုံးတော့ခန့်ညားထည်ဝါတဲ့ကျွန်းတံ
ခါးဝကြီးရှေ့ခြေဆုံရပ်လာကြသည်။
ဆရာမက တံခါးကိုသုံးချက်ခေါက်ပြီး" ကျောင်းအုပ်ကြီး ကျမ မစ္စမာလင်ပါဝင်လာလို့ရမလား "
အထဲကကျောင်းအုပ်ရဲ့ဝင်ခွင့်ပေးတဲ့အသံကြားတော့ သစ်သားလက်ကိုင်ဘုကိုလှည့်ပြီးဝင်လာခဲ့သည် ကျတော်လည်းသက်ပြင်းတစ်ချက်လောက်ချမိ၏။
" မစ္စ မာလင် ဘာကိစ္စရှိလို့လဲ "
ကျောင်းအုပ်ကြီး ကကျတော့်တို့ကိုမကြည့်မိသေးဘူး သစ်သားပေါ်မှန်တစ်ထပ်အုပ်ထားတဲ့စာပွဲပေါ်မှာ လက်ထောက်ရင်း အရှေ့က အမဲရောင်အနွေးထည်ထူနဲ့ကျောင်းသားနဲ့
သချာ်ဆရာမကိုကြည့်နေသည်။အနွေးထည်ထူနဲ့ကျောင်းသားက ပုစ္ဆာတွေတွတ်နေတယ်ပုစ္ဆာတွေက ပြင်သစ်ဘာသာနဲ့မဟုတ်ဘူးမေးခွန်းအားလုံးကအဂ်လိပ်လိုပဲ
ကျောင်းသားဘေးမှာ သချာ်ဆရာမ မစ္စ ဂျနီဖာ ရှိတယ်သူတို့အရှေ့မှာကကျောင်းအုပ် ကျောင်းသားသချာ်တွက်နေတာကြည့်နေလေရဲ့ ကြည့်ရတာ သချာ်ထူချွန်ဖြေမှာကြောင့်အနီးကပ်ခေါ်လေ့ကျင့်ပုံပဲ ကျတော်ကတော့ထူချွန်မပြောနဲ့ အပတ်စဉ်စာမေးပွဲတောင် C+နဲ့ကပ်အောင်တာလေ ။ စာမေးပွဲတွေဆုတွေက ဘဝကြီးမဟုတ်တော့ သိပ်အလေးမထားပါဘူး
YOU ARE READING
M E M O R Y (Complete)
Fanfictionမင်းကထွက်သွားချင်တော့ ငါဆွဲထားလို့မှမရတော့တာလွှတ်ပေးရ တော့မှာပဲ..