လူတစ်ယောက်က သိုသိုသိပ်သိပ်နေသင့်တယ်။
ချီရှန်းပညာရှင်တစ်ဦး ဖြစ်လာပြီးနောက် ဝိညာဥ်စွမ်းအား ထုတ်ဖော်နိုင်ရုံသာမက ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအားအကုန်ကိုလည်း ဖုံးကွယ်နိုင်စွမ်းရှိသည်။ ထိုလူ၏ ကိုယ်ပိုင်အရှိန်အဝါက အနည်းငယ်မျှ ထုတ်ဖော်ခံရမှာ မဟုတ်ပေ။
ရလဒ်အနေဖြင့် ကျန်သည့်သူများက သူ့ကို ရှာဖွေတွေ့ရှိမှာ မဟုတ်ပေ။
ယဲ့ရှောင်က ဖြတ်သန်းသွားစဥ် ပုံရိပ်အချို့က မတူညီသည့် အရပ်မျက်နှာအသီးသီးမှ ပျံဝဲလာတော့သည်။
အဘွားအိုတစ်ဦး၊ လူရွယ်တစ်ဦးနှင့် ထျန်းဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးကို သယ်လာသည့် အဖိုးအိုတစ်ဦးတို့ ဖြစ်သည်။
သူတို့ လေးဦးတို့သည် မြစ်ဘေးသို့ရောက်သည့်အချိန်၌ မျက်ဝန်းများ ကျဥ်းမြောင်းသွားလေ၏။
" အစွမ်းထက်လိုက်တဲ့ ဓားမော့သိုင်းပဲ ... "
မြစ်ရေက စတင်၍ ထပ်မံ စီးဆင်းနေပြီ ဖြစ်သည်။ ထိုသို့တိုင် ထိုဓားမော့သိုင်း မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်းမြင်နိုင်သေးသည်။
အကြောင်းမှာ ယင်းက မိုင်တစ်ဝက်ကျော်ခန့် ပြန့်ကားသွားသောကြောင့် ဖြစ်သည်။
မြစ်ရေဖြင့် အလွှမ်းခံထားရသော ပေခြောက်ရာအပြင် မြစ်ဘေး၏ မြေပြင်ပေါ်၌ ပေရာချီကျော်သည့် ဓားမော့ရာများစွာ ရှိနေလေသည်။
အစောပိုင်း၌ အဖြူရောင်အလင်းတန်းသည် ရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ ပေါ်ထွက်လာ၏။ ထိုလျှိုသည် မြစ်ရေကြောင့် တိုက်စားခံလိုက်ရပြီး မြစ်ရေပြင်က လောင်ကျွမ်းပြီး တူးခြစ်နေတော့၏။
" လောင်ချင်။ ဒါ ဘယ်သူ လုပ်သွားတာလဲ ... "
အဘွားအိုက ဦးစွာမေးလိုက်လေ၏။ မိန်းမပျိုလေးကို သယ်လာသော အဖိုးအိုသည်လည်း ခေါင်းခါပြီးနောက် ခါးသီးစွာ ပြုံးလိုက်လေ၏။
"ငါလည်း မသိဘူး ... ကျောင်းတော်ရဲ့ သိုင်းလေ့ကျင့်ရေးကွင်းမှာ မနက်ခင်း လေ့ကျင့်ရေးလုပ်ဖို့အတွက် ယွီယွမ်ကို ငါ ခေါ်လာခဲ့တာ ... လှုပ်ရှားမှုအချို့ မြင်တဲ့အချိန် ဒီကို ချက်ချင်းရောက်လာတာပဲ ... ဒါကိုပြောတော့မှ မင်းတို့နှစ်ယောက်က ငါ့ထက်တောင် ပိုမြန်သေးတယ်လေ ... "
အဘွားအိုက ခေါင်းအနည်းငယ်ခါလိုက်သော လူရွယ်ကို ကြည့်လိုက်လေ၏။
" ကျုပ် မသိဘူး ... "
" ငါလည်း မသိဘူး ... ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီလူက အင်မတန်သန်မာတယ်ဆိုတာ သေချာတယ် ... သူက ငါတို့သုံးယောက်ထက်တောင် ပိုသန်မာသေးတယ် ... "
" သူ့ ကျင့်ကြံဆင့်ကို ငါ မသိဘူး ... ဒါပေမဲ့ လေထဲကနေ ကျန်ရှိတဲ့ ဓားဆန္ဒနဲ့ မြေပြင်ပေါ်က ဓားရာ အရနဲ့တော့ ငါပြောနိုင်တယ် ... ရှန်းထျန်း ဒုတိယသိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါ့ခွန်အားနဲ့ဆို သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ငါ ခံစားမိတယ် ... "
" ဒါပေမဲ့ ငါက တတိယအဆင့်ကို တက်တော့မှာ ... အချိန်ရောက်လာလို့ သူနဲ့ တိုက်ခိုက်တဲ့အခါ သူ့ကို တိုက်ခိုက်နိုင်ပါမလားဆိုတာ သိချင်မိတယ် ... "
အဘွားအိုကလည်း သက်ပြင်းချလိုက်မိသည်။
" ငါတို့ ကျန်းဟိုင်မြို့မှာ ဒီလိုအစွမ်းထက်တဲ့ ဓားမော့ပိုင်တဲ့သူတစ်ယောက် ရှိနေလိမ့်မယ်ဆိုတာ ငါ မယုံဘူး ... သူ ဘယ်သူလဲဆိုတာ မသိလိုက်ရတာ နှမြောစရာပဲ ... "
" သူ ဘယ်သူပဲဖြစ်ဖြစ် မင်းနဲ့ငါနဲ့ သတိထားရမယ် ... "
"ဒီလိုအစွမ်းထက်တဲ့ ချီရှန်းတစ်ယောက်က ကျန်းဟိုင်မြို့ကို ဒုက္ခပေးချင်တယ်ဆိုရင် နောက်ဆက်တွဲက မှန်းဆနိုင်မှာ မဟုတ်ဘူး ... "
ထိုစကားကို ကြားသောအခါ အဖိုးအိုနှင့် အဘွားအို၏ အမူအရာက လေးနက်တည်ကြည်သွားသည်။
တိတ်ဆိတ်နေသော မိန်းမပျိုလေး၏ နှလုံးသားကလည်း လျင်မြန်စွာ ခုန်နေပေ၏။
ထိုဓားရာ၏ ပိုင်ရှင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိပေသည်။ သူ့ကို ကြောက်နေကြသည့်သူ သုံးဦးက ကျန်းဟိုင်မြို့တွင် အသန်မာဆုံး ချီရှန်းပညာရှင်များ ဖြစ်ပေ၏။
နန်ကုံးလင်သည် ကျန်းဟိုင်မြို့၏ အံ့မတုနိုင်သည့် ပါရမီအဖြစ် နှစ်တစ်ရာဖြစ်ခဲ့သည်။
စာကြည့်တိုက်၏ ဒါရိုက်တာ အိုးရန်ကျုံးယွင်ကမူ မြို့၏ နံပါတ်တစ် အမျိုးသမီးသိုင်းပညာရှင်အဖြစ် လူသိများကြသည်။
နောက်ပိုင်းတွင် ကျန်းဟိုင်မြို့၌ နံပါတ်တစ်သိုင်းပညာရှင် ဖြစ်လာသည်။ ကျန်းဟိုင် သိုင်းကျောင်းတော်၏ ဒါရိုက်တာက ချင်ရှန်းလုံ ဖြစ်သည်။
သူတို့ သုံးဦးလုံးက ကျန်းဟိုင်မြို့၏ သိုင်းပညာရှင် ထိပ်သီးများကို ကိုယ်စားပြုရန် လုံလောက်နေပေ၏။ သို့သော် ထိုဆန်းကျယ်သည့်သူ တစ်ဦးထဲကပင် ထိုမှတ်ကျောက်တင်လောက်သည့်သူများကို ကြောက်လန့်သွားစေရန် လုံလောက်နေ၏။
သူ ဘယ်သူလဲ။
ယခုအချိန်တွင် ယဲ့ရှောင်က စာကြည့်တိုက်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ လမ်းတစ်လျှောက်၌ ဖြစ်ပျက်ခဲ့သမျှကို သူ ပြန်တွေးတောလိုက်၏။ အဓိကအကြောင်းအရင်းမှာ သူသည် အစောပိုင်းက ဓားချက်ကြောင့် ဖမ်းမိလုနီးပါး ဖြစ်သွား၏။ ပထမဆုံး အကြောင်းပြချက်က သူသည် အဆင်အခြင်မဲ့လွန်းသည်။ သူ ဓားမော့စွမ်းအားအကွက်ကိုမသိပဲ သူအဆင်အခြင်မဲ့တိုက်ခိုက်ခဲ့ကာ ကျန်သည့်သူများ၏ အာရုံစိုက်မှုကို ရခဲ့သည်။ ကံကောင်းသည်မှာ သူက အချိန်မီပြန်ဆုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျန်သည့်သူများ ရှာဖွေတွေ့ရှိမည့် အန္တရာယ်မှ ရှောင်တိမ်းနိုင်ခဲ့၏။ အစောပိုင်းက အရှိန်အဝါအချို့သည် အားနည်းပုံမရပေ။ ထို့အပြင် ယင်းက ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်များ၏ ခွန်အားမျှသာ ဖြစ်သည်။ ခရိုင်ကိုးခုလုံးထဲတွင် သိုင်းပညာရှင် မည်မျှရှိမည်နည်း။ တစ်လောကလုံးတွင် မည်သို့ ရှိမည်နည်း။
ကျန်းဟိုင်မြို့မှ နှစ်စဥ်နှစ်တိုင်း ဘွဲ့ရလာသည့် လူဦးရေသောင်းကျော်အတွင်းတွင် ချီရှန်းအနည်းစုသာလျှင် ဆယ်စုနှစ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာတက်တာ ဖြစ်၏။ ထို့ကြောင့် နောင်တွင် သူ သိုသိုသိပ်သိပ်နေရပေမည်။
စာကြည့်တိုက်ထဲတွင် ဘေးရန်ကင်းစွာနေထိုင်ရန် ဆုံးဖြတ်ချက်ချပြီး သူ၏ ကျင့်စဥ်ကို ဘယ်တော့မှ မထုတ်ဖော်ရန် တွေးလိုက်တော့သည်။
ဒုတိယအချက်က ဓားမော့ကျင့်စဥ်၏ စွမ်းအားပဲ ဖြစ်သည်။ အမှန်တကယ်တွင် သူ့ကိုယ်ပိုင်ကျင့်စဥ်၏ အဆင့်မဟုတ်သော်ငြား ပေါင်းစုထားသည့် ကျင့်စဥ်အဆင့်က ပိုမြင့်မားလွန်းနေသည်။
ဤလောကထဲတွင် ကျင့်စဥ်များ၏ အဆင့်က အခြေခံကျင့်စဥ် ဟို့ထျန်းကျင့်စဥ်နှင့် ချီရှန်းကျင့်စဥ်ဟူ၍ ခွဲခြားထားပေသည်။
ကျင့်စဥ်များ၏ အဆင့်အရ တိုက်ခိုက်ရေးစွမ်းအား၏ ချဲ့ထွင်မှုကလည်း ကွဲပြားခြားနားသွားပေလိမ့်မည်။
ယဲ့ရှောင်၏ နားလည်သဘောပေါက်မှုအရ ချီရှန်းကျင့်စဥ်သည် တစ်ရာရာခိုင်နှုန်းစွမ်းအား တိုးလာခြင်းနှင့် ဆင်တူပြီး မူလ၏ နှစ်ဆလည်း ဖြစ်သည်။ သို့သော် အစောပိုင်းက ဓားချက်သည် နှစ်ဆရှိပုံ မပေါ်ပေ။
ထို့ကြောင့် သူ၏ ဓားမော့ကျင့်စဥ်က မည်သည့်အဆင့်တွင်ရှိမှန်း သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်း အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အဆင့်ကိုလည်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိပေ။ သူ၏ ကျင့်စဥ်က အမှန်တကယ် ရှုပ်ထွေးနေပေ၏။ နောင်တွင် ထိုအရာများကို ရှာဖွေဖော်ထုတ်ရန် အခွင့်အရေးတစ်ခု ရှာသင့်သည်။
တတိယနှင့် အရေးကြီးဆုံးအချက်က ကျင့်ကြံမှု ကုန်ဆုံးခြင်းပင် ဖြစ်သည်။
ယခင်လှုပ်ရှားမှုမှ ကျင့်ကြံမှုစွမ်းအင် ကုန်ဆုံးမှုက အနည်းအကျဥ်းမျှ မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ဓာတ်စွမ်းအား နှစ်ရာခိုင်နှုန်းက ချက်ချင်းနုတ်ယူခံလိုက်ရသည်။
ဆိုလိုသည်က တိုက်ကွက်တစ်ဒါဇင်ကျော် အသုံးပြုပြီးသည့်နောက် ဝိညာဥ်စွမ်းအားအားလုံး အသုံးပြုပြီးသား ဖြစ်သွားမှာပင်။
သူ၏ ကျင့်စဥ်က စုပ်ယူပြီး ဝိညာဥ်စွမ်းအင်ကို ဖြည့်တင်းနိုင်သော်ငြား သူ့၌ အခြေခံကျင့်စဥ် နှစ်မျိုးသာ ရှိသည်။ ထို့ကြောင့် စုပ်ယူသည့်အရှိန်က နှေးလွန်း၏။
သူ၏ နောက်ထပ်ခြေလှမ်းက ပြဿနာကို ဖြေရှင်းရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကျင့်စဥ်များကို အဓိက ကျင့်ထားရန်ဖြစ်သည်။
ထိုသို့တွေးပြီးနောက် ယဲ့ရှောင်က စာကြည့်တိုက်ထဲသို့ဝင်ကာ ဖက်ထုပ်အချို့နှင့် ပဲနို့တစ်ပန်းကန်ကိုသောက်ရန် ပြင်လိုက်၏။
သူ၏ ကျင့်စဥ် တိုးတက်လာမှုက ဝိညာဥ်စွမ်းအားကို ထိန်းထားရန်အတွက် အစားအစာများဖြင့် အနိုင်ယူနိုင်ပေသည်။ အစားအစာနှစ်ခြိုက်သူတစ်ဦးအနေဖြင့် သူ့တွင်လည်း ကိုယ်ပိုင် အောက်ခြေစည်း ရှိနေ၏။
အိပ်သည်က အိပ်ရမည်။ စားစရာရှိသည်က စားရမည်။
ထိုစဥ် စာကြည့်တိုက်ထဲ ခြေချသည်နှင့် သူ့ဖုန်းမြည်လာတော့သည်။
ယဲ့ရှောင်က ဖုန်းထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ဖန်သားပြင်တွင် ပြနေသည်က ကျန်းဟိုင်မြို့စောင့်တပ်ပင် ဖြစ်သည်။
သူတို့က မြို့၏ လုံခြုံရေးကို ထိန်းသိမ်းထားသည်။ သို့သော် သူသည် မည်သည့်ပြစ်မှုများမှ မကျူးလွန်ခဲ့ပေ။ ထိုသို့ဆိုလျှင် မနက်စောစော၌ သူ့တို့ အဘယ်ကြောင့် ခေါ်သနည်း။
ဒါက အတုအယောင်မလား။
ယဲ့ရှောင်က ဖုန်းချရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက် သူ၏ ဘဏ်အကောင့်ထဲတွင် ယွမ်တစ်သောင်းနှစ်ထောင် ရှိသေးသည်။ သူက နှစ်ဝက်လစာ ချွေတာရအုံးမည်။
သူ ဖုန်းချလိုက်ချိန်တွင် ကျန်သည့်တစ်ဖက်က ထပ်ခေါ်လာ၏။ ယဲ့ရှောင်က မျက်ခုံးအနည်းငယ်ပင့်သွားပြီး ရွေးချယ်စရာမရှိတော့ပဲ ဖုန်းဖြေရတော့သည်။ မကြာမီ၌ ဖုန်း၏ အခြားတစ်ဖက်မှ အသံတစ်သံပေါ်ထွက်လာ၏။
" မင်းရဲ့သားက ငါတို့ လက်ထဲမှာ ... မင်းက... "
ယဲ့ရှောင်က အေးတိအေးစက်ပြုံးလိုက်လေ၏။ ယင်းက အတုအယောင်ဖြစ်ပေ၏။ ကျန်သည့်သူပြောတာ ပြီးအောင်မစောင့်ပဲ သူက တုံ့ပြန်ပြောဆိုလာတော့သည်။
" ငါမှာ ပိုက်ဆံမရှိဘူး ... ငါ့အိမ်က အရမ်းဆင်းရဲတာ ... "
" မဟုတ်ဘူး ... မင်းရဲ့သားက ငါတို့လက်ထဲမှာ ... "
" ဒါဆို သူ့ကို မြေမြှုပ်လိုက်လေ ... "
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်သည် ဖုန်းချက်ချင်းချလိုက်တော့၏။ ထိုသို့ ပြောလိုက်သော်ငြား တစ်ဖက်သူက အတော်လေးဇွဲရှိနေ၏။ ဖုန်းချပြီးသည့်တိုင် သူတို့က သူ့ကို ထက်ခေါ်နေသည်။
" မင်း ဘယ်မှာနေတာလဲ ... မင်းရဲ့သားက ငါတို့လက်ထဲမှာ ... ပိုက်ဆံအကြောင်း ဘာလို့ ပြောနေတာလဲ"
" ပိုက်ဆံတောင်းဖို့ခေါ်တာ မဟုတ်ဘူးလား ... "
" ဘယ်သူက ပိုက်ဆံလိုချင်လို့လဲ ... ခင်ဗျားရဲ့သားက ပြစ်မှုတစ်ခုကျူးလွန်ပြီး အဖမ်းခံထားရတယ် ... မြန်မြန် သူ့ကို လာခေါ် ... "
" ကျုပ်မှာ သားမရှိဘူး ... "
" ကုဟိုင်က မင်းရဲ့သား မဟုတ်ဘူးလား ... "
" ... "
သူသည် တစ်ဖက်လူ၏ အသံ ထပ်မပေါ်လာခင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေ၏။
"ကျုပ်တို့ အစောင့်တပ်ဖွဲ့က မနေ့ညတုန်းက စုံစမ်းစစ်ဆေးရေးလုပ်တဲ့အချိန် မင်းရဲ့သားက ဟုန်ဆဲ့လမ်မန့်သွားတယ်ဆိုတာ တွေ့လိုက်ရတယ် ... ကျေးဇူးပြုပြီး သူ့ကို လာခေါ်ပါ ... "
" ... "
သူသည် ချက်ချင်းပြန်မပြောခင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေ၏။
" ကျုပ် နားလည်ပြီ ... "
ထိုသို့ပြောပြီးနောက် သူ ဖုန်းချလိုက်တော့သည်။ သူက ဆွံ့အနေပြီ ဖြစ်၏။ တစ်စုံတစ်ယောက်က သူ့ကို လိမ်ညာရန်ကြိုးစားနေတာဟု ထင်ခဲ့သည်။ အဆုံးတွင်မူ သူတို့ သူ့ကို အမှန်တကယ်ရှာနေခြင်း ဖြစ်လိမ့်မည်ဟု မထင်ထားပေ။
ပိုတောင်မထင်ထားသည်က ဟုန်ဆဲ့လမ်မန့်တွင် မသင့်မလျော် အဖမ်းခံရသည့် ကုဟိုင် ဖြစ်နေလိမ့်မည်ဆိုတာပဲ ဖြစ်သည်။ ကုဟိုင်က ယဲ့ရှောင်ကို သူ့အဖေဖြစ်ကြောင်းတောင် ဆိုခဲ့သေး၏။
ဘဝတွင် မထင်ထားသည့် ကိစ္စရပ်က များပြားလွန်း၏။ သူသာ ဂရုမစိုက်မိလျှင် သူ့ထက် အသက်ပိုကြီးသည့် သားတစ်ယောက်ရှိခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။
YOU ARE READING
စာကြည့်တိုက်တာအိုသခင်
Actionno owner, crd ပေးပါတယ်ဗျာ သက်သက်တင်ပေးတာပါ. wattpadမှာ တင်ပေးတဲ့လူရှိရင် ပြောပါ..ပြန်ဖျတ်ပါ့မယ်.please