အပိုင်း (၇)

15 1 0
                                    

ကြယ်တာရာသားရဲများနှင့် ကျားနတ်ဆိုးများ။

နှစ်နာရီခန့်ဖတ်ရှူပြီးနောက် ယဲ့ရှောင်သည် သူ၏ ပန်းတိုင်နည်းက လက်တွေ့မကျဟု ခံစားမိလိုက်သည်။ သူက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီးနောက် ရှန်းထျန်း ဒုတိယအဆင့်သို့ ဦးစွာရောက်အောင် ကြိုးစားသည်က ပိုကောင်းမည်ဟု ခံစားမိလိုက်သည်။
ဤနေရာတွင် ကူးယူထားသည့် ဗားရှင်းများက သိပ်များလွန်းနေ၏။ သူသည် နေ့ဝက်ခန့်ကြာပြီးသည့်တိုင် ဇစ်မြစ်ကွဲပြားခြားနားသော ကျန်သည့်ကျင့်စဥ်နှစ်မျိုးကို ရှာမတွေ့နိုင်ပေ။ သူသည် စိတ်ကျင့်စဥ်အချို့ကို ရှာဖွေရန် အကောင်းဆုံးကြိုးစားကြည့်ရန်သာ လိုအပ်နေပြီး အဆင့်မြင့်စိတ်ကျင့်စဥ်ကို စုပေါင်းရန်အတွက် မြန်နိုင်သမျှမြန်မြန် ကြိုးစားကာ သူ၏ ဝိညာဥ်စွမ်းအား ပြန်ကောင်းသည့်နှုန်းကို တိုးလာအောင်ပြုလုပ်ရမှာပဲ ဖြစ်သည်။ ထိုနည်းဖြင့် သူ၏ ကိုယ်ပိုင်တိုက်ပွဲဝင်ခွန်အားကလည်း တိုးတက်လာပေမည်။ ထို့ကြောင့် ယဲ့ရှောင်က သူ၏ လမ်းကြောင်းကို အရှိန်လျော့လိုက်ပြီးနောက် လက်တလောတွင် သူ ဖတ်နေသော ကြယ်တာရာသားရဲမှတ်တမ်းကို ဆွဲထုတ်လိုက်၏။
ယင်းက အတွဲလိုက်စာအုပ်တစ်အုပ်ဖြစ်ပြီး အတွဲသစ်များက ရံဖန်ရံခါ ထွက်လာတက်သည်။ အဓိကအကြောင်းအရာက ကြယ်တာရာသားရဲ စွယ်စုံကျမ်းနှင့် ညီမျှပေ၏။ ယင်းက သူ ယခင်ဘဝတုန်းက တောင်တန်းနှင့် ပင်လယ် အကြမ်းဖျဥ်း အနည်းငယ် တူ၏။
သို့သော် ထိုအရာများက ဖန်တီးထားခြင်းဖြစ်ပြီး ကြယ်တာရာသားရဲမှတ်တမ်းကမူ အစစ်အမှန်ဖြစ်ပေ၏။
ယဲ့ရှောင်လက်ထဲရှိ စာအုပ်က အတွဲသစ်ဖြစ်ပြီး ကျား နတ်ဆိုးများဟူ၍ ခေါ်သည်။
သူက စာအုပ်၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည့်အချိန်တွင် သူ့၏ စိတ်ဝင်စားမှုကို နိုးစွသွားသည့်အရာ ရှိသည်။ ယင်းက ကျားနတ်ဆိုးတစ်ကောင်သည် လူတစ်ဦးကို စားသုံးပြီးနောက် သူတို့၏ ဝိညာဥ်ကို မလွတ်မြောက်စေနိုင်ဟူသော ရှေးဟောင်းဒဏ္ဍာရီတစ်ခုက လူသားများကြားထဲတွင် ရှိသည်။ သူတို့၏ ဝိညာဥ်ကို ၎င်း၏ အစေခံပြုပြီးနောက် ကျားနတ်ဆိုးသည် ထိုဝိညာဥ်ကို လွှတ်ရန်အတွက် လူသားအသစ်တစ်ဦးကိုသာ မျှားခေါ်၏။ ထိုကဲ့သို့သော အရာမျိုးက ကြယ်တာရာသားရဲများကြားထဲတွင်လည်း တည်ရှိနေသည်။
သို့သော် ကြယ်တာရာသားရဲများသည် လူသားများကို စားသုံးရန် မလိုအပ်ချေ။ သူတို့က သွေးဆောင်မှု သို့မဟုတ် ဝိညာဥ်ချုပ်ထိန်းမှုကနေ လူသားများကို ထိန်းချုပ်နိုင်ပေ၏။ ထိုမှ သူတို့သည် လူသားများကို စီစီတီဗွီများ သယ်သွားရန်၊ ရန်သူဘက်ကို ကင်းထောက်ရန်၊ တိုက်ခိုက်ရန်နှင့် ကျန်သည့် အပြုအမူများကို ဆက်တိုက်အမိန့်ပေးနိုင်၏။
ကျားနတ်ဆိုးများသည် သာမန်လူသားများနှင့် တူသော်ငြား သူတို့၏ သဘာဝက ကြယ်တာရာသားရဲများကြောင့် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သူတို့က ကြယ်တာရာသားရဲများကဲ့သို့ ပြုမူကာ လူသားများကို အချိန်မရွေး သတ်ဖြတ်၏။ သူတို့သည် ကြယ်တာရာသားရဲများထက် ခြိမ်းခြောက်နိုင်မှု မလျော့နည်းချေ။
အမှန်တကယ်တွင် သူတို့က ကြယ်တာရာသားရဲများထက်တောင် ပိုခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပေ၏။ အကြောင်းမှာ သူတို့သည် လူသားများနှင့် တစ်ထပ်ထဲတူပြီး ပုန်းကွယ်ရာ၌ တော်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများအဖို့ သူတို့၏ အရောင်အသွေး အစစ်အမှန်ကို ရှာတွေ့ဖို့က အလွန်ခဲယဥ်းသည်။
ရှန်းထျန်းနယ်ပယ်နှင့် ထိုအထက် သိုင်းပညာရှင်များသာလျှင် သူတို့၏ အာရုံခံမှုက အားကောင်းလာပြီးနောက် သူတို့ပုံစံ အစစ်အမှန်ကို ရှာဖွေနိုင်တာ ဖြစ်သည်။
ကျားနတ်ဆိုးများနှင့် လူသားများကြားရှိ တစ်ခုတည်းသော ကွဲပြားခြားနားချက်က သူတို့၌ သတ်ဖြတ်ခြင်းဆန္ဒ အမြဲတစေရှိနေတာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲများကဲ့သို့ပင် သူတို့က လူသားများကို အမဲလိုက်ချင်၏။
ထိုအရာကို ဖတ်ရှု့ပြီးနောက် ယဲ့ရှောင်သည် မျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။
" ထူးဆန်းလိုက်တာ ... မြို့စောင့်တပ်ထဲမှာ တွေ့ခဲ့တဲ့သူက ဒီစာမျက်နှာက အညွှန်းနဲ့ ကိုက်ညီနေတယ်လို့ ငါ ဘာကြောင့် ခံစားမိနေတာပါလိမ့် ... "
" သူက ကျားနတ်ဆိုးများ ဖြစ်နေမလား ... သူက ကျားနတ်ဆိုးဆိုရင် သုသေသနပြုလုပ်ဖို့အတွက် ကြယ်တာရာသားရဲတွေအများကြီး ထိန်းသိမ်းထားတဲ့ ထောင်ထဲကို ဝင်ရောက်သွားတာ ... ဒါ ကောင်းတဲ့အရာ မဟုတ်ဘူး ... "
" ကြည်ရတာ ငါမြို့စောင့်တပ်ကို သတင်းပို့ပေးရတော့မဲ့ပုံပဲ ... ပြီးတော့ ငါလည်း ကျန်းဟိုင်မြို့မှာ နေတာပဲလေ ... "
သူသာ အမှန်တကယ် ကျားနတ်ဆိုးဖြစ်နေခဲ့လျှင် ကျန်းဟိုင်မြို့ထဲရှိ ဘဝကို ရှုပ်ထွေးသွားစေပေလိမ့်မည်။ ထို့အပြင် မြို့စောင့်တပ်ဖွဲ့က အမည်မသိစာများ ချန်ထားနိုင်၏။ ထို့ကြောင့် သူတို့ သူ့ကို သတိပြုမိမှာ မဟုတ်ပေ။ ယင်းက ပြီးပြည့်စုံသည်။ ယဲ့ရှောင်က ဖုန်းထုတ်ပြီးနောက် သူတို့ကို သတိပေးရန် စာတစ်စောင်ရေးလိုက်တော့၏။

စာကြည့်တိုက်တာအိုသခင်Where stories live. Discover now