ဒါက ချီရှန်းတစ်ယောက်နော်၊ မင်း မလိုချင်ဘူးလား။
" ဆရာက သူ့ကို တစ်ချက်ကြည့်ချင်တယ်လို့ ပြောလို့လေ ... ဒါကြောင့် သူ့ကို ပြလိုက်တာ ... ဘာပိုက်ဆံမှ မပေးခဲ့ဖူးလေ ... ဒီတော့ ကျုပ်မှားတာ ဘာမှမလုပ်မိဘူးမလား ... "
" မင်းရဲ့ကိစ္စက တရားမဝင်တဲ့ အရာ မဟုတ်ဘူး ... သူမက မင်းကို လိမ်လည်တယ်ဆိုပြီး သတင်းပို့ထားတာ ... "
ဆူညံနေသော မြို့စောင့်တပ်ထဲတွင် ယဲ့ရှောင်က ကုဟိုင်ကို ရှာတွေ့သွား၏။ သူက ရှပ်အင်္ကျီကင်းမဲ့နေပြီး ဘယ်ဘက်ဖိနပ်တစ်ဖက် မရှိတော့ပေ။ သူ၏ မျက်လုံးများက နီရဲနေ၏။ တစ်ညလုံးမအိပ်ရသေးတာ ဖြစ်နိုင်ပေသည်။
" မင်းက သူ့အဖေလို့ ပြောနေတာလား ... "
ကုဟိုင်ကို ဖြေရှင်းရန် တာဝန်ယူထားသည့် မြို့စောင့်တပ်သားက ယဲ့ရှောင်ကို မယုံနိုင်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လေ၏။
ယဲ့ရှောင်က လေးနက်တည်ကြည်သည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
" ကောင်းကောင်းမွန်မွန် မသင်ပြထားတဲ့အတွက် ကျုပ်ရဲ့သားကို ခွင့်လွှတ်ပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ် ... "
" မင်းက ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား ... မင်းက သူ့အကိုလို့ပြောရင်တောင် ငါယုံမှာ မဟုတ်ဘူး ... ဒါတောင် မင်းက သူ့ရဲ့အဖေလို့ ဘယ်လိုလုပ် ပြောရဲရတာလဲ ... "
ယဲ့ရှောင်က တိတ်ဆိတ်သွားတော့သည်။ မည်သူမှ အာရုံစိုက်မနေသည့်အချက်ကို အခွင့်ကောင်းယူကာ သူသည် တစ်ဖက်လူ၏ အိတ်ကပ်ထဲသို့ အနီရောင်စာရွက်တစ်လိပ်ကို ထည့်ပေးလိုက်၏။ တစ်ဖက်လူက ချောင်းအနည်းငယ်ဟန့်ကာ ချက်ချင်းပြောလိုက်တော့သည်။
" အဟမ်း ... အမ်း ... သူ ငယ်ရွယ်သေးပြီး သူ့ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်တာကို တွေးပေးပြီးတော့ သူ့ကို နှုတ်နဲ့ပဲ ဆုံးမလိုက်တယ် ... နောင်ကျ ခင်ဗျားရဲ့သားကို ဆုံးမထားပေါ့ ... မသွားသင့်တဲ့ နေရာတွေကို မသွားခိုင်းနဲ့ ... "
" ဟုတ်ကဲ့ ... ကျေးဇူးပါ ... မစ်စတာလု ... "
" ကောင်းပြီ။ သွားရအောင် ... "
ယဲ့ရှောင်က ခေါင်းညိတ်ပြီး မြို့စောင့်တပ်ထဲမှ ကုဟိုင်ကိုခေါ်ကာ ထွက်လာလိုက်သည်။ ကံကောင်းသည်မှာ သူသည် ကြိုတင်အကြောင်းကြားထားပြီးသား ဖြစ်၏။ ထို့ကြောင့် ကုဟိုင်ကို အဝတ်အစားတစ်စုံ ပေးလိုက်တော့သည်။
ကုဟိုင်သည် အဝတ်အစားလဲပြီးနောက်မှသာ အသက်ပြန်ဝင်လာလေ၏။ သူ၏ နွမ်းနယ်နေသော မျက်နှာထက်က သူ၏ အမှတ်အသား ပြီတည်တည်အပြုံးမျိုးက ထပ်ပေါ်လာပြန်၏။
" လောင်ယဲ့။ ငါ ထွက်လာနိုင်တာ မင်းရဲ့ ကျေးဇူးတွေကြောင့်ပါပဲ ... မင်းသာ ငါ့အဖေအဖြစ် အယောင်မဆောင်ပေးဘူးဆိုရင် ငါသေမှာ သေချာနေပြီ ... "
" ဒါမျိုးမလုပ်နဲ့။ မင်းလို အသုံးမဝင်တဲ့ သားမျိုး မလိုချင်ဘူး ... မင်းကို ဒီတစ်ခေါက်ကယ်ဖို့အတွက် ငါ စုစုပေါင်း ယွမ်သုံးထောင်သုံးပြီး ကားငှားတာ ယွမ်ငါးဆယ် ကျသွားတယ် ... မင်း ကုန်ကျစရိတ် ပြန်ပေးရမယ် ... "
" ကိစ္စမရှိဘူး ... ငါ့ရဲ့ ဖုန်းဘတ္ထရီကုန်သွားလို့ ... ပြန်ရောက်တဲ့အချိန် ပြန်ပေးမယ် ... ဖုန်းပြန်ဖွင့်လို့ရတဲ့အချိန်ကြ မင်းကို ပိုက်ဆံပြန်လွဲပေးလိုက်မယ် ... "
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးက မြို့စောင့်တပ်ခန်းမအပြင်ဘက်ဆီသို့ သွားလိုက်၏။ သူတို့အခန်းအပြင်သို့ ရောက်သည့်အချိန်တွင် ကုဟိုင်က အဖမ်းခံရသော လူရွယ်တစ်ဦးကို ဝင်တိုက်မိသွား၏။
" တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... တမင်တကာလုပ်တာ မဟုတ်ပါဘူး ... "
ကုဟိုင်က ရယ်မောလိုက်၏။ တစ်ဖက်လူက သူ့ကို အေးတိအေးစက်တစ်ချက်ကြည့်ပြီးနောက် အစောင့်များ ထိန်းသိမ်းတာ ခံလိုက်ရသည်။
ကုဟိုင်က ခေါင်းကုတ်ပြီး မျက်မှောင်ကြုတ်လိုက်၏။
" အကြည့်က ဆိုးလိုက်တာကွာ ... ငါသူ့ကို ဝင်တိုက်ရုံပဲကို ... "
ယဲ့ရှောင်က ထိုလူကိုကြည့်ပြီး တွေးလိုက်လေ၏။ သူ၏ ကျင့်ကြံဆင့်သည် ရှန်းထျန်းနယ်ပယ်သို့ မြင့်တက်သွားပြီးနောက် သူ၏ သိမြင်နားလည်မှုက သာမန်လူတစ်ဦးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အစောပိုင်းက လူရွယ်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော မတည်မငြိမ်ဖြစ်မှုကို ရှင်းရှင်းလင်းလင်းခံစားမိသည်။ ယင်းက လူသားတစ်ယောက်၏ အတက်အကျမျိုး မဟုတ်ပေ။ ယင်းက အသက်ဓာတ်တို့ ပြည့်နေသော်ငြား သွေးဆာလောင်သည့် သတ်ဖြတ်ခြင်းဆန္ဒ တစ်စွန်းတစ်စကို သယ်ဆောင်ထားလေ၏။
သူက ယင်းကို ကောင်းကောင်းမွန်မွန်ဖုံးကွယ်ထားပြီး အနည်းငယ်မျှသာ ထုတ်ဖော်ပြသခဲ့သည်။ သူ့နားရှိသူများက အာရုံခံမိမှာ မဟုတ်သော်ငြား သူက အာရုံခံမိသွားသည်။
ထိုသို့တိုင် ယင်းက မည်ကဲ့သို့သော အတက်အကျမှန်း သူ မသေချာပေ။
" လောင်ယဲ့။ ဘာဖြစ်လို့လဲ ... မင်း သူတို့ကို ဘာကြောင့်ကြည့်နေတာလဲ ... "
" ဘာမှမဟုတ်ပါဘူး ... ပြန်ကြရအောင် ... အလုပ်လုပ်ဖို့ အချိန်ရောက်တော့မယ် ... "
သူတို့နှစ်ယောက်က ကားငှားပြီးနောက် စာကြည့်တိုက်သို့ အမြန်ပြန်လာကာ အလုပ်ဝင်ရန် အချိန်မှီရောက်လာတော့သည်။
သို့သော် ယနေ့တွင် ပထမဆုံးအကြိမ်အနေဖြင့် ဒါရိုက်တာက အစည်းအဝေးကြီးတစ်ခု ကျင်းပလေသည်။ သူမသည် စာကြည့်တိုက်ထဲရှိ ဝန်ထမ်းများအားလုံးကို သိုသိုသိပ်သိပ်နေရန်နှင့် အလုပ်ချိန်အတောအတွင်း စာကြည့်တိုက်ထဲသို့ ဝင်လာသည့် သိုင်းပညာရှင်တိုင်းကို ဒေါသမထွက်မိစေရန် ထိန်းသိမ်းထားဖို့ မှာကြားခဲ့သည်။ မဟုတ်လျှင် သူတို့က ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာ ဖြစ်သည်။
သူမ၏ ပြောကြားချက်က သာမန်မျှသာဖြစ်သော်ငြား စကားများကို အလွန်လေးလေးလံလံ ဖိပြောနေပေ၏။ ဤအရေးကိစ္စကို အလွန်အလေးထားတာ သိသာနေသည်။
ယဲ့ရှောင်က စိတ်ထဲမထားပေ။ တတိယအဆင့်သို့ရောက်သွားကြသည့် သိုင်းပညာရှင်က အလွန်နည်းပါးသည်။ ထို့အပြင် သူ၏ စိတ်သဘောထားက သိမ်မွေ့၏။ တစ်စုံတစ်ယောက်က ဤနေရာသို့ အမှန်တကယ်ရောက်လာခဲ့လျှင်တောင် သူက မည်သူ့ကိုမှ ရန်စမှာ မဟုတ်ပေ။
ဒါရိုက်တာသည် ဆံပင်များဖြူနေသော အဘွားအိုဖြစ်၏။ ယဲ့ရှောင်က သူမကို ယခင်က အကြိမ်ရေအနည်းငယ်တွေ့ခဲ့ဖူးသည်။ အတိတ်တုန်းက သူ များများစားစား မတွေ့ခဲ့မိပေ။ သူမ၏ မျက်နှာက နီမြဲမြဲရှိပြီး သွေးတို့က ကြံ့ခိုင်သည်ဟုသာ ခံစားရတာပဲ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ကျင့်ကြံဆင့် မြင့်တက်သွားပြီးနောက် ဒါရိုက်တာက ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ဦးဆိုတာ သူ တကယ်သဘောပေါက်သွားသည်။ သို့သော် ယင်းက သူ့ကို များများစားစား မထိတ်လန့်စေခဲ့ပေ။ စာကြည့်တိုက်က မြို့တစ်မြို့၏ အုတ်မြစ်ပင် ဖြစ်သည်။ ဒါရိုက်တာတွင် လုံလောက်သည့်ခွန်အား မရှိခဲ့ပါက သူမအဖို့ စာကြည့်တိုက်ကို စောင့်ကြပ်ရန် ခက်ခဲနေမှာပဲ ဖြစ်သည်။
ဒါရိုက်တာက သူ၏ အကြည့်ကို သတိထားမိသွားပုံရကာ ခါးကို အနည်းငယ် လှည့်လိုက်၏။ သူမက သူရှိရာဘက်ခြမ်းသို့ တစ်ချက်ကြည့်လိုက်မိပြီး သူမ၏ မျက်လုံးထဲတွင် အံ့သြသည့်အရိပ်အယောင် ပေါ်လာသည်။
" သူ့ရဲ့ အငွေ့အသက်က အမြဲတမ်း အဲ့ဒီလိုပဲလား ... "
သူမက မအံ့သြဘဲ မနေနိုင်တော့ချေ။
ဒါရိုက်တာတစ်ဦးအနေဖြင့် စာကြည့်တိုက်ထဲတွင် ယဲ့ရှောင်ကဲ့သို့ ချောမောသော ဝန်ထမ်းရှိကြောင်း သူမ သိတာ သဘာဝကျသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များကြားထဲတွင် သူက နာမည်တောင်ကျော်ကြားပြီး သူတို့သည် သူ့ကို စာကြည့်တိုက်မင်းသားလေးဟူ၍တောင် ရည်ညွှန်းပြောဆိုကြ၏။
သို့သော် အတိတ်တုန်းက ယဲ့ရှောင်တွင် ချောမောသောမျက်နှာ ရှိရုံသာဖြစ်သည်။ ယနေ့တွင်မူ ယဲ့ရှောင်၏ အငွေ့အသက်က ချွင်းချက်မရှိ ထူးချွန်လွန်းနေ၏။
သူမသည် အကြိမ်ရေအနည်းငယ်ခိုးကြည့်လိုက်ပြီး မည်သည့်သံသယဖြစ်စရာမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ကြည့်တာရပ်တန့်ပြီးနောက် အစည်းအဝေးဆက်တော့သည်။ ယဲ့ရှောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
" ချီရှန်းအဆင့်နှင့် ဒါရိုက်တာက ထင်တဲ့အတိုင်းပဲ ... အမြင်နဲ့ ကွဲပြားနေတယ်ဆိုတာ သတိပြုမိတယ် ... သူ့ရဲ့ အရှိန်အဝါကို ထိန်းထားနိုင်တာပဲ ကျေးဇူးတင်ရမယ် ... "
ဒါရိုက်တာက သူမကိုသူမ အပြည့်အဝ မဖုံးကွယ်ထားခဲ့ပေ။ ထို့ကြောင့် သူမ၏ အဆင့်ကို သူသိလေ၏။ သို့သော် သူကမူ အရှိန်အဝါကို သင့်တော်စွာ ဖုံးကွယ်ထားခဲ့သည်။ ထို့ကြောင့် ကျန်သည့်သူများက သူ့ကို ဖောက်ထွင်းမမြင်နိုင်ပေ။
ယခင်က သူသည် ဒါရိုက်တာကို ရှောင်သာရှောင်ခဲ့၏။ ထို့ကြောင့် သူက သတိပြုမခံရပေ။ နောင်တွင် သူ ပိုပြီး သိုသိုသိပ်သိပ်နေရမည့်ပုံရ၏။
အစည်းအဝေးပြီးချိန်တွင် ယဲ့ရှောင်က အပေါ်ထပ်သို့ တက်သွားတော့သည်။ ကုဟိုင်က ရှေ့တက်လာပြီး ယဲ့ရှောင်၏ ပုခုံးအားလက်တင်ကာ ပြောလိုက်တော့သည်။
" လောင်ယဲ့။ ငါတို့တွေကို သိုသိုသိပ်သိပ်နေဖို့အတွက် ဒါရိုက်တာက ဘာကြောင့် ရုတ်တကြီးပြောလဲဆိုတာ မင်း သိလား ... "
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
ကုဟိုင်က သူ၏ ကိုယ်ပိုင်ကောက်ချက်ချလိုက်ပြီးနောက် ပြောလိုက်တော့သည်။
"ပထမအလွှာဆီက မစ္စဝမ်ဆီက ကြားတာတော့ ငါတို့ ကျန်းဟိုင်မြို့မှာ ချီရှန်းပညာရှင်အသစ်တစ်ယောက် ရှိတယ် ... သူက မြစ်ဘေးကို ပိုင်းဖြတ်သွားတာ ... အံ့သြစရာပဲဟေ့ ... ပိုင်းဖြတ်ချက်က ပေနှစ်ထောင်လောက်ကျယ်တာ ... အခုဆိုရင် ဖိုရမ်ပေါ်မှာ ဆူညံပွတ်လောရိုက်ကုန်ကြပြီလေ ... "
ယဲ့ရှောင်၏ မျက်ဝန်းတို့က မှေးကျဥ်းသွားလေ၏။ သို့သော် သူ့ အမူအရာက မပြောင်းလဲသွားပဲ ပြောလိုက်သည်။
" ဒါက ချီရှန်းအဆင့် သိုင်းပညာရှင်အသစ်လို့ မဆိုလိုဘူးမလား ... ကျန်းဟိုင်မြို့ထဲမှာ ချီရှန်းအဆင့် သိုင်းပညာရှင်အချို့ ရှိပြီးသားပဲ မလား ... သူတို့ထဲက တစ်ယောက်ရော မဖြစ်နိုင်ဘူးလား ... "
" မဖြစ်နိုင်ဘူး ... သူတို့တွေက ချီရှန်းအဆင့်ရောက်ပြီဆိုရင် တပ်ဖွဲ့ထဲဝင်ရင်ဝင် မဟုတ်ရင် ရှေ့တန်းမှာ ကြယ်တာရာသားရဲတွေကို သတ်ဖြတ်ဖို့အတွက် ကုမ္မဏီတွေက ငှားရမ်းကြတာလေ ... ကျန်းဟိုင်မြို့မှာ ကျန်ရစ်တဲ့ ချီရှန်းသိုင်းပညာရှင် သုံးယောက်ပဲ ရှိတယ် ... တစ်ယောက်က ငါတို့ရဲ့ ဒါရိုက်တာ အိုးရန်ကျုံးယွင်ပဲ ... နောက်တစ်ယောက်က သိုင်းကျောင်းတော်ရဲ့ ဒါရိုက်တာ ချင်ရှန်းလုံ ... နောက်ဆုံးတစ်ယောက်က နှစ်တစ်ရာမှာ တစ်ယောက်ပဲ ပေါ်ထွန်းတဲ့ ကျန်းဟိုင်မြို့ရဲ့ ပါရမီရှင် နန်ကုံးလင်ပဲ ... "
" သူတို့ သုံးယောက်လုံးက ဓားမော့ကျင့်ကြံသူတွေ မဟုတ်ကြဘူး ... သူတို့တွေက ချီရှန်းပညာရှင်တွေဆိုပေမဲ့ ဓားရေးမော့ရာကို ဒီလိုဖြစ်အောင် မလုပ်နိုင်ဘူးလေ ..."
" ဪ ... "
" ဒါက မင်းရဲ့ တုံ့ပြန်ပုံလား ... ကျန်းဟိုင်မြို့ထဲမှာ ချီရှန်း သိုင်းပညာရှင်တစ်ယောက်ပေါ်လာတာ မပျော်ရွှင်ဘူးလား ... မင်း သွားမတွေ့ချင်ဘူးလား ..."
" ချီရှန်း သိုင်းပညာရှင်တွေက ငါ့ ပန်ကန်ထဲ စားစရာလာထည့်ပေးမှာမှ မဟုတ်တာ ... မင်း ငါ့ပိုက်ဆံကို ပြန်ပေးနိုင်ရင်ပဲ ငါ အရမ်းပျော်နေပါပြီ ... "
" ဟမ် ... "
ကုဟိုင်က နှာခေါင်းပွတ်ပြီး သူ၏ မျက်နှာက အနည်းငယ် အနေရခက်သွားလေ၏။
" ဒါဆိုရင် ငါပြန်သွားပြီး အခုချက်ချင်း လွဲပေးမယ် ... "
ထိုသို့ပြောပြီးနောက် နှစ်ယောက်သားသည် ဒုတိယအလွှာသို့ရောက်လာသည်။ ကုဟိုင်က သူ စီမံခန့်ခွဲသည့် ဧရိယာသို့ မြန်နိုင်သမျှမြန်မြန်ပြေးသွားကာ ယဲ့ရှောင်ကမူ တတိယအလွှာသို့ လျှောက်သွားလေ၏။
" ... "
သူသည် သူ့အကြောင်း ကုဟိုင်ကို ဘာမှ မထုတ်ဖော်ပြောခဲ့ပေ။ မိတ်ဆွေက မိတ်ဆွေသာဖြစ်သော်ငြား လျှို့ဝှက်ချက်များကို သိမ်းထားရအုံးမည်။
ထို့အပြင် အင်မတန် သက်တောင့်သက်သာနေတတ်သည့် ယဲ့ရှောင်က ယနေ့တွင် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၏။
သူက အမည်မသိ သိုသိုသိပ်သိပ်နေနေခဲ့သည့်တိုင် သူ့ကိုသူ ဆက်တိုက်ထုတ်ဖော်မိလျှင် အန္တရာယ်ဖြစ်လာနိုင်ချေများ၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူက လုံလောက်အောင် မသန်မာသေးပေ။ ထို့ကြောင့် သူ အနည်းငယ် ပိုကြိုးစားရပေမည်။ ရှေးဦးစွာ ရှန်းထျန်းနယ်ပယ်၏ နောက်ဆုံးအဆင့်ကို တက်သွားနိုင်ရန် ပန်းတိုင်အသေးလေးချမှတ်ပြီးနောက် တစ်နှစ်အတွင်း အံ့ဖွယ်ချီရှန်းအဆင့်သို့ရောက်အောင် ကြိုးစားရမည် ဖြစ်သည်။
YOU ARE READING
စာကြည့်တိုက်တာအိုသခင်
Aksino owner, crd ပေးပါတယ်ဗျာ သက်သက်တင်ပေးတာပါ. wattpadမှာ တင်ပေးတဲ့လူရှိရင် ပြောပါ..ပြန်ဖျတ်ပါ့မယ်.please