Part 1

4.7K 56 2
                                    

Unicode
Part 1

လှည်းလမ်းတစ်လျှောက် ဖုန်လုံးကြီးများ တစ်လှိမ့်လှိမ့် တက်လာသဖြင့် လှည်းပေါ်က အသားခပ်ညိုညိုနဲ့ လူမွာ နှာခေါင်းတစ်ရှုံ့ရှုံ့။
ရွာထိပ်တမာပင်တန်းဆီက တမာသီးနံ့ ခပ်သင်းသင်းကြောင့် လူကအမောပြေသွားသယောင်။ရွာထဲလှည်းဝင်သည်နှင့် လှည်းပေါ်က အနှီလူသားအား ကွက်ကြည့် ကွက်ကြည့်ဖြင့် ဟိုတစ်ယောက် ဒီတစ်ပေါက် စကားကောက်ကြလေတော့သည်။
"ဟဲ့ မိညို ကြည့်စမ်း အဲ့တာ တို့ရွာက သူကြီးသားမလား"
"ဟုတ်ပါရဲ့တော် သူကြီးသားမှ သူကြီးသားအစစ် သူမြို့ကျောင်းက ပြန်လာပြီ ထင်တယ်တော် ဘာတွေလာမွှေဦးမလဲပေါ့"
"ဟုတ်တယ်တော်ရေ ကျုပ်တော့ သူကြီးအစား ခေါင်းကြိမ်းနေပြီ ဟား ဟား"
ရွာလယ်လမ်းတစ်လျှောက် ထနောင်းပင်ကြီးများက ဟိုတစ်ပင် ဒီတစ်ပင် ပေါက်နေသည်က ရွာ၏အလှပင်။လှည်းကလေးသည် ကျွန်းတိုင်များဖြင့် ခိုင်မာစွာ တည်ဆောက်ထားသော အိမ်ကြီး၏ ခြံထဲသို့ တအိအိ ဝင်သွားလေသည်။လှည်းချပြီးသည်နှင့် ကြားလိုက်ရတဲ့ခေါ်သံက
"ဟေ့ ငါ့သား အိုးသခီး ရောက်လာပြီပေါ့"
လှည်းပေါ်က မဆင်းခင် ကြားလိုက်ရသော အဘ၏ နာမည်ကြောင့် ဝဿာန်မိုးထက်မြတ်ဦးခမျာ ပင်ပန်းလာသမျှ နှစ်ဆ ပိုတက်လာသယောင်။
"ဟာ အဘတို့ကတော့ဗျာ ကျုပ်မှာ နာမည်ရှိပါတယ်ဗျ အဘတို့ အဲ့လိုခေါ်လို့ ရွာထဲက ကျုပ်ဆို ဘယ္သူမွ မေလးစားတာ"
"အံ့မယ် မင်းကများ ပြောရတယ်ရှိသေး မင်းက ဘယ်နေများ လေးစားချင်စရာကောင်းနေလို့တုန်း အချိန်ရှိတိုင်း ရွာမြောက်က ထန်းတဲသွားလိုက် ကြက်ကလေးတိုက်လိုက် ဒီကြားထဲ ဖဲကလဲ ရိုက်သေးတယ် ယုတ္စြအဆုံး ကလေးတွေနဲ့တောင် မင်းက ဂေါ်လီပစ်ပြီးညစ်တဲ့အကောင် ခုတောင်မြို့ကျောင်းကမင်းကို မနိုင်တော့လို့ ပြန်ခေါ်လို့တောင်ပြောရတဲ့အထိ"
"ဒါကေတာ့"
"တော်တိတ် မင်းဆီက ငါဘာဆင်ခြေမှမကြားချင်ဘူး ဘယ့်နှယ်သူကြီးသား လုပ်နေပြီး အားကိုးရမလား အောက်မေ့ပါတယ် ဆိုးလိုက္တာမ်ား ခွက်ခွက်လန် ဒီမွာ တစ်လနေပြီး နောက်တစ်ကျောင်းပြောင်းဖို့ စီစဉ် အသက်ကဖြင့် 19ပဲရှိသေးတယ် ပြောင်းလိုက်ရတဲ့ကျောင်းက မင်းအသက်မကတော့ဘူး"
ငေါက်ခါမှ အသံတိတ်သွားပါသော ဝဿာန်မိုးထက်မြတ်ဦးမှာ သနားစရာကြောင်ပေါက်လေးသဖွယ်။ဒါကလဲ ခဏပါ ဝဿာန်မိုးထက်မြတ်ဦးဆိုတဲ့ ကျုပ်က ဘယ်သောအခါမှ စကားနားထောင်ခဲ့သည်မရှိပါ။အဘက အိုးသခီးလို့ခေါ်ခြင်းမှာ ကျုပ်ငယ်ငယ်ကတည်းကခုအရွယ်ထိ မသိရင်မသိသလို အီးခိုးပေါက်သောကြောင့်ပင်။အိုးသခီး အီးသူခိုးပေါ့ဗြာ။ရှာမရောကျတာ ကြာပြီဆိုတော့ ကျုပ်ရဲ့ စီးတော်ယာဉ်ကြီးကို ထုတ်သုံးရပေဦးမည်ပေါ့။
ကျုပ်က ဘဝပေးကံကြောင့် သူကြီးသား ဖြစ်လာရတာရယ် သူများသူကြီးသားတွေလိုမျိုး ငြိမ်ငြိမ်စိမ်စိမ်မနေနိုင်ပါ။အဲတူတာဆိုလို့ သူကြီးသားစတိုင်လ်မျိုးလို ကျုပ်လဲဝတ်သည်။ဘိုကေကို ဆီအုန်းဖိထားပြီး လည်ပင်းမှာ မာဖလာပတ် ပုဆိုးကို ခါးပတ်ပတ်လိုက်တော့ ကျုပ်က ခန့်ချောကြီး။ကျုပ်ဆိုးတာကို အဘတို့တင်မက တစ်ရွာလုံးကပါ လက်မြှောက်ထားရတာသာကြည့်။ရှေ့လျောက်လဲ မွှေပေးရဦးမယ်လေ။ဒါမှ ကျုပ်ဆိုတဲ့ ဝဿာန်မိုးထက်မြတ်ဦးကို ရွာကမမေ့ကြမှာ။အဘတို့လဲ နာမည်ပေးတတ်လိုက်တာ ကျုပ်ကို မိုးတွင်းမှာမွေးလို့ ဝဿာန်မိုး၊သားဦးဖြစ်ပြီး ထက်ထက်မြတ်မြတ်ဖြစ်စေချင်လို့ ထက်မြတ်ဦး ပေါင်းလိုက်တော့ ဝဿာန်မိုးထက်မြတ်ဦးတဲ့။စီးလိုက်တဲ့နာမည် မိုးလိုလဲမေအးသလို တစ်ပတ်ရိုက်တဲ့နေရာမှာ ထက်ထက်မြတ်မြတ်ရှိချက်။ဒီညနေမှ ခရီးကရောက်တာမို့ ကျုပ်ရဲ့တပည့်ကျော်နှစ်ကောင်ကို မနက်မှ လာခိုင်းပြီး ရွာထဲက အခြေအနေတွေကို စုံစမ်းရပေဦးမည်။
"ဗျို့ အာစရိ" "အာစရိရေ"
"ငါ ဒီမွာ ငပြူးနဲ့ ဖိုးတုတ်"
ထော်လာဂျီနားကနေ အသံပြုလိုက်တာကြောင့် မောင်ပြူးနဲ့ ဖိုးတုတ် ထော်လာဂျီနားသွားလိုက်သည်။ထော်လာဂျီကို စီးပြီး ရွာထဲလျှောက်ပတ်မည့် အစီအစဉ်တွင် ကျုပ်ရဲ့ တပည့်ကျော်တွေဖြစ်တဲ့ မောင်ပြူးနဲ့ ဖိုးတုတ္ကို ချန်ထားလို့တော့မဖြစ်။ဒီကောင်တွေက ရွာရဲ့အကြောင်းကို နှံ့နှံ့စပ်စပ် သိတယ်ဆိုတော့ ကျုပ်အတွက် ဘယ်နေရာဘာရှိတယ်ဆိုတာ စုံစမ်းသိရှိပြီးသား။
"ဘာသတင်းထူးလဲ"
မကိုင်ရတာကြာပြီဖြစ်သော ထော်လာဂျီအား ဆေးကာကြောကာ မေးဆတ်ပြရင်း မေးလိုက်သည်။
"ထူးသကိုး အာစရိရ ဟိုဘက်မြောက်ပိုင်းသားတွေက ကြက်ဝိုင်းလုပ်မလို့တဲ့ အာစရိပြန်လာတာကို သိတော့ ပြိုင်တိုက်မယ်ဆိုသလားပဲဗျ"
"ဟေ ဟုတ္သလား ဒီကောင်တွေ ငါ့အကြောင်း မသိတာလဲမဟုတ္ဘူး ဟဲ ဟဲ ဒီလိုဆိုတော့လဲ ငါသကြားသီး အစွမ်းပြကြရသေးတာပေါ့"
မရှိသောမေးရိုးက နှုတ်ခမ်းမွှေးအားသနေသော သူတို့ဆရာအား ငပြူးနဲ့ဖိုးတုတ်ကြောင်ကြည့်ကာ
"ဟို အာစရိ အစွမ်းပြတာတော့ ဟုတ်ပါပြီ ငါသကြားသီးဆိုတာက ဘာကြီးတုန်း"
ခေါင်းကုတ်ဖင်ကုတ်နေသော နှစ်ကောင်အား ခေါင်းတစ်ချက်ဆီလောက် ခေါက်ပြီးမှ
"ငဒူတွေ ငအေတြ မသိရင်မှတ်ထား သကြားသီးဆိုတာ သူကြီးသားဟ"
ထိုအခါမွ နှစ်ယောက်သား သံပြိုင်ဟစ်လိုက်သည်က
"ဪ"တစ်လုံးတည်းသာ။
"မဪနေနဲ့ ကြက်တိုက်ဖို့အတွက် အိမ္ကအဘဆီက တိုက်ကြက်ကြီးကို သူမသိအောင်ယူရဦးမယ်"
"သူသိအောင် ယူရင်ကောမရဘူးလား အာစရိ"
မေးလာသော ငပြူးအား နရင်းအုပ်ကာ
"မင်းကြီးတော်ကြီး သူသိအောင်ယူရင် ပေးမှာမဟုတ်လို့ပေါ့ကွ ဒီတိုက်ကြက်ဆိုတာ သူအျမတ္နိုးဆုံး ကြက်ဖကြီး ငါ့ကိုသေတောင်မပေးဘူး မင်းဘိုးအေက"
"ဒါဆို ကျုပ်က သူကြီးရဲ့မြေးပေါ့ ဟီးဟိ"
ခြေထောက်နဲ့ကန်ရန်ပြင်မှ ပါးစပ်ပိတ်သွားသော ငပြူးရယ်ပါ။
တိုက်ကြက်ကြီးအား ဖြက္ကာ ထော်လာဂျီပေါ် ပစ်တင်ထားလိုက်သည်။သကောင့်သားကြက်ကို တော်တော်နဲ့ဖမ်းလို့ကမရ။တအီးအီးနဲ့ အွတ်နေလို့ မနဲဖမ်းကာ ဂုန်နီအိတ်ထဲစွတ်ထည့်ပြီး စီးတော်ယာဉ်ကြီးအား နှင်လိုက်သည်။တစ်ဖွပ်ဖွပ်နဲ့ ကျုပ်ရဲ့စီးတော်ယာဉ်အသံက မကြားရတာကြာသည်ဖြစ်၍ထင်သည် ချိုလိုက်လေခြင်း။အဲ ခုမှသတိရတယ် ကျုပ်မြို့က ယူလာတဲ့ ဆောင်းဘောက်တွေကို စီးတော်ယာဉ်မှာ ယနေ့မနက်ကမှ ဆင်ပေးထားတာဆိုတော့ အသုံးပြုရဦးမှာပဲ။
"ငပြူး ဖိုးတုတ်"
"ဗ်ာ အာစရိ"
"ခုမင်းတို့နောက်က ဟာတွေကို တွေ့လား"
"တွေ့တယ်လေ မဲမဲကြီးနဲ့ အလယ်ကလဲခွက်လို့ ဘာကြီးတုန်း အာစရိရဲ့ ကျုပ်တို့မေးချင်နေတာကြာပြီ အာစရိအပြောကို စောင့်နေတာ"
"ဒါကို ဆောင်းဘောက်လို့ခေါ်တယ် မင်းတို့မှတ်ထားကြ သီချင်းတွေဖွင့်ရင် အသံအကျယ်ကြီးနဲ့ လူတိုင်းကြားလို့ရအောင် လုပ်ပေးတဲ့ အရာ"
"ဪ ဒါဆို အသံထွက်အောင် ဘယ်လိုလုပ်ရတုန်း အာစရိရဲ့"
ခဏဟူသော အမူအရာပြပြီး ထော်လာဂျီပေါ်တက်ကာ စီဒီတစ္ခ်က္ကို အောက်စက်ထဲထည့်ရင်း ဘောက်နဲ့ချိတ်လိုက်သည်။ပြောသည့်အတိုင်း သီချင်းတီးလုံးကို ကြားလိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသော ငဒူနှစ်ကောင်အား ပုခုံးပုတ်လိုက်ပြီးကာမှ တဖွပ်ဖွပ်အသံပြုကာ ဝိုင်းထဲမှ ရွာမြောက်ပိုင်းသို့ဦးတည်လိုက်သည်။

အချစ် အပေါင်း အချစ်Where stories live. Discover now