Unicode
Part 9ခပ်စူးစူးကြည့်နေသော ဝဿာန့်ကြောင့် တုနှိုင်းမျက်ခုံးတို့ တွန့်ချိုးလာရသည်။လူကို ခါးကြီးထောက်ကာ ကြည့်နေသည်က သူခိုးလူမနေသကဲ့သို့။
"ခင်ဗျား ဘာလုပ်လိုက်တာလဲ"
မေးလာသည်က သူ့ကိုဆိုသည်မှာက သေချာလေသည်။ဒါပေမယ့် သူတကယ်နားမလည်။
"ဟမ်"
နားမလည်ဟန် လည်စောင်းကာပြောလာသည့်ပုံက တကယ်အမြင်ကပ်စရာ။ဝဿာန်စုတ်တစ်ချက်သပ်ကာ
"ခင်ဗျားကို မေးနေတာ ကျုပ်အဘကို ဘာလုပ်လိုက်တာလဲလို့ ခင်ဗျား လုပ်လိုက်လို့ ကျုပ်အဘ လဲသွားတာမဟုတ်ဘူးလား"
"......."
"ခင်ဗျား ပါးစပ် အသွားပြီလား ဟမ်!!! ပြန်ဖြေပါ့လား ခင်ဗျားကြီး ကျုပ်အဖေကို ဘာလုပ်လိုက်တာလဲလို့"
ဖြူလွှလွှ လည်တိုင်ကို အုပ်မိုးတော့မည့် သားဖြစ်သူရဲ့ ညိုတိုတို လက်ချောင်းတို့အား ဘေးမှ ဒေါ်ခင်ဦးတစ်ယောက် လှမ်းဆွဲလိုက်သည်။
"သား မဟုတ်ဘူး ဆရာလေးလာမှ မင်းအဘ လဲသွားတာ ဆရာလေးဘာမှမလုပ်ရပါဘူးကွယ်"
ကြားဖြတ်ပြောလာသော အမေဖြစ်သူစကားတို့အား ဝဿာန်နားမဝင်ပါ။
"မေကြီး အသာနေပါ ဘာမှရှင်းပြနေစရာမလိုဘူး သူ့ကိုယ်က ဒီလောက်နံစော်စုတ်ပြတ်သတ်နေတာ အဘက သူ့အနံ့မခံနိုင်လို့ လဲသွားတာနေမှာ သူ့ကိုလဲကြည့်ပါဦး နွားချေးတွေနဲ့ ဝေါ့ ရွံ့စရာကြီး"
မသတီဟန်လုပ်ပြနေသော ဝဿာန့်အမူအရာတို့ကြောင့် လူတစ်ချို့ နှာခေါင်းရှုံ့ကြလေသည်။ထိုအကြည့်တို့ကို ဝဿာန်မြင်တော့ နှုတ်ခမ်းတို့ ကော့တက်သွား၏။လူတစ်ချို့ နှာခေါင်းရှုံ့သောအခါ တုနှိုင်း ရှက်စိတ်တို့ဝင်မိသည်ကအမှန်။ရောက်တာမကြာသေးသော သူ့အား ဘယ်သူမှန်းမသိသေး၍လဲ ဤအပြုအမူကို ပြုလုပ်ကြခြင်းဖြစ်လေသည်။သူ့အား သူကြီးမိသားစုနှင့် ရွာစပ်အနီးကလူကသာ မျက်မှန်းရိပ်မိကြမည်ဖြစ်လေသည်။ကိုယ့်ပုံစံပြန်ကြည့်မိမှ တောက်ပြောင်စွာ ဝတ်စားလာသောလူတွေကြားမှာ ကလေကချေတစ်ယောက် ဝင်ရောက်လာသည့်နှယ်။
YOU ARE READING
အချစ် အပေါင်း အချစ်