Part 14 U/Z

226 10 1
                                    

Unicode
Part 14

"အဘရေ အဘ အဘ"

အမောတကောပြေးလာသော ဝဿာန့်ပုံစံကြောင့် ဦးကျော်မြင့် သောက်နေသော လက်ဖက်ရည်ကြမ်းလေးပင် သီးသွားရလေသည်။

"အဟွတ် အဟွတ် အမလေးလန့်တာ ဝဿာန်ရယ် ဖြေးဖြေးခေါ်ပါကွ မင်း‌ဖအေ ငါအရှင်လတ်လတ်ရှိသေးတယ် မအော်နဲ့"

ဝဿာန် အဘလက်ထဲမှ လက်ဖက်ရည်ကြမ်းခွက်ကို ယူလိုက်ကာ တစ်ကျိုက်မော့ချလိုက်၏။ဦးကျော်မြင့်မှာ သားဖြစ်သူမလုပ်ဖူးသော အပြုအမူကြောင့် အံ့ဩလျက်။

"အမလေး နွေခေါင်ခေါင် မိုးထရွာပြီး မိုးကြိုးတွေပစ်နေရော့မယ် တစ်သက်လုံး လက်ဖက်ရည်ကြမ်းကို ယောင်လို့ လှည့်မကြည့်တဲ့သူက သောက်တောင်သောက်တယ်ဆိုတော့ ကြည့်လုပ်ပါ ငါ့အိမ် စက်ကွင်းမလွတ်လို့ ပြာပုံဖြစ်နေဦးမယ်"

ဝဿာန်ကတော့ သူ့အဘစကားမကြားသည့်နှယ် နောက်တစ်ခွက်ထပ်မော့‌သည်။နောက်တစ်ခွက်ထပ်ယူပြီး ရေနွေးကြမ်းခွက်အား အဘရှေ့ချလိုက်သည်။ဦးကျော်မြင့်မှာ မျက်လုံးအစုံ ပြူးလျက် ‌သူလုပ်သမျှငေးကြည့်ရုံသာ။

"အဘလဲ ပြောရတာမောရောပေါ့ ရော့ အစောကကျုပ်ယူတဲ့ရေနွေးကြမ်း အစားပြန်ပေးတာ
ပြန်သောက်လိုက်နော်"

"ဪ "

"မ‌ဪနဲ့ဦး အဘ ကျုပ်ပြောစရာရှိလို့ ဒီနေ့ထန်းတဲမသွားတော့ပဲ ဒီကိုအပြေးပြန်လာတာ"

"အောင်မလေး ဒင်းကကြီးကြီးကျယ်ကျယ် ကဲပြောစမ်းပါဦး ပြောစရာရှိတယ်ဆိုတဲ့စကားလေး"

မေးတဆတ်ဆတ်ငေါ့ကာ ပြောလာသော ဖခင်ဖြစ်သူအား ဝဿာန်ရွှန်းရွှန်းစားစားကြည့်ကာ

"ကျုပ် လူတစ်ယောက်ကို ထမင်းဖိတ်ကျွေးခိုင်းမလို့"

"ဘယ်သူလဲ ငပြူးလား ဖိုးတုတ်လား"

"ဘယ်ကလာ အဘရာ သူတို့ကိုကျွေးစရာလား ဒင်းတို့နှစ်ကောင်က တကူးတကမဖိတ်တောင် အိမ်ကိုလာပြီး စားသွားတဲ့ကောင်တွေလေ သူတို့‌ဆို ဖိတ်မကျွေးဘူး မကျွေးဘူး ခုဖိတ်ကျွေးမှာက သက်သက်သူစိမ်းတစ်ယောက်ကိုပါ"

"ဗုဒ္ဓေါ ဘုရားသကြားမလို့ ကွယ်လွန်သွားတဲ့ အဖေနဲ့အမေကယ်ပါ"

အချစ် အပေါင်း အချစ်Where stories live. Discover now