Unicode
Part 7ယနေ့ သူကြီးအိမ်တွင် ရွှေပွဲလာဧည့်ပရိတ်သတ်များဖြင့် ပြည့်လေသည်။ခြံထဲ၌လည်း တိုးတိုးကြိတ်ကြိတ်ပင်။အိမ်ကြီးထဲ၌ သူကြီးနဲ့သူကြီးကတော်တို့က ဧည့်ခံနေပြီး ခြံထဲတွင်တော့ ခတ္တာမေနှင့် ယင်းမာသည်သာ ဧည့်ဝတ်ကျေနေရသည်။
"အားရပါးရ စားကြနော် လိုရင်ထပ်ယူသိလား"
"ယူမှာပါဗျာ ယူမှာပါ ကျုပ်တို့ သူကြီးရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲမှာ ကျုပ်ကတော့ အဝဆွဲမှာပဲ ခတ္တာရေ"
"ဟုတ်ပါပြီရှင့် ဟုတ်ပါပြီ"
ခတ္တာမေရဲ့ ကျက်သရေရှိသောပုံစံနဲ့ ချိုသာသော အသံတို့ကြောင့် လူချစ်လူခင်ပေါများသည်။ယင်းမာလေးက ကလေးဆန်သူမို့ တစ်မျိုးချစ်စရာ။သူကြီးသားသမီးဆိုပြီး ဂုဏ်ယူဝင့်ကြွားခြင်းအလျဉ်းမရှိကြ။ဖော်ရွေပျူငှာကြကာ အားနည်းသူကို ဖေးမကူကြသည်။စိတ်သဘောမနောကောင်းကြသဖြင့် ရွာမှာသာမက မြို့တွင်လဲ ဂုဏ်သတင်းကျော်ဇော်လေသည်။ဝဿာန်မိုးထက်မြတ်ဦးလဲ ဂုဏ်သတင်းမွှေး၏။သူ့နှမတွေလိုတော့ ကျော်ဇော်ခြင်းမဟုတ်။ရွာချဉ်ဖတ်၊မြို့ချဉ်ဖတ်အဖြစ် ကျော်ဇော်ထင်ရှားခြင်း။
"ခွေးပု ဒီဘက်ဝိုင်းကို ကြက်သားဟင်းထည့်ပေးပါဦးဟ"
"ရစေမယ်ဗျာ လာပါပြီဗျာ ကိုပိန်ရေ အကြိုက်သာစား ဟုတ်ပလား"
"စားမှာ စားမှာ စားဦးမှာ ဟဲ ဟဲ လာဟေ့ ငါငပိန်အကြောင်း ကြက်သားတွေဝက်သားတွေ သိစေရမယ်"
ကိုပိန်ဆိုသည်မှာ နာမည်နဲ့လိုက်အောင် ပိန်သောသူဖြစ်သည်။ဘယ်လောက်စားစား ဝမလာသည်က အရင်ဘဝက ကုသိုလ်ကံကြောင့်ဟုပင် ပြောရမည်။လူကသာပိန်တာ စားလိုက်တာမှ တစ်နေ့ထမင်းတစ်ပြည်ချက်မှရလေသည်။စားသမျှကလည်း အားဖြစ်လို့သာတော်ကာကျမည်။မဟုတ်ရင် သူ့မိန်းမ မညိုရဲ့ ဆူပူမှုက ပြောမဆုံးပေါင်တောသုံးထောင်။အားရပါးရစားနေကြသော ရွာခံလူတွေကြောင့် ယင်းမာရော ခတ္တာပါ ကျေနပ်နေကြသည်။
"မမယင်းမာ မီးမီး လက်ဆေးချင်လို့"
"စားလို့ဝရဲ့လား ချစ်စိန်လေး"
YOU ARE READING
အချစ် အပေါင်း အချစ်