Part 18 U/Z

165 8 1
                                    

Unicode
Part 18

နွေရက်တစ်ချို့ ကုန်လွန်လာပြီးသောအခါ မြန်မာလူမျိုးတို့ သမိုင်းအဆက်ဆက် ကျင်းပလာသော မြန်မာ့ရေသဘင်ပွဲ‌(ခ)သင်္ကြန်ပွဲတော် ကျင်းပရမည့် နေ့ရက်များသို့ တစ်ရွေ့ရွေ့ ရောက်ရှိလာခဲ့ပေသည်။သင်္ကြန်ဟူသည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်အသံနှင့် ဖြစ်ပေါ်လာသော မြန်မာစကားဖြစ်သည်။နှစ်‌ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည်ဟု သင်္ကြန်ကို အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ပုဂံခေတ်ကတည်းက စတင်လာခဲ့သော မြန်မာ့ရေသဘင်ပွဲသည် ယနေ့ထက်တိုင် ထင်ရှားကျော်ကြားစွာ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းရာချီကြာမြင့်လာခဲ့ပြီဖြစ်လေ၏။"တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်"ဟု စကားပုံထွက်ပါ်လာမှုနှင့်အတူ တစ်နှစ်မှတစ်ခါသာ သစ္စာရှိရှိ ဖူးပွင့်လာသော ပိတောက်ပန်းတို့သည်လည်း ဝေဝေဆာဆာဖူးပွင့်လာချိန်သို့ ရောက်ရှိခဲ့လေပြီ။နွေခေါင်ခေါင်တွင် ပတ်ဖျန်းလိုက်သော သင်္ကြန်မိုးသည် နှစ်ဟောင်းမှ အညစ်အကြေးအဟောင်းတို့အား ဆေးကြောပေးသည့်နှယ် တစ်နိုင်ငံလုံးအား ငြိမ်းအေးသော အရသာအား ခံစားရစေသည်။ရှေးခေတ်အခါက ငွေဖလားနှင့် သပြေခက်ကို ကိုင်‌ဆောင်ကာ ရေဖျန်းပက်ခဲ့ကြပေသည်။ယခုအခါတွေ သပြေခက်နှင့်ငွေဖလားအစား ကော်ရေသေနတ်များ၊ရေပိုက်များ၊ပုံးများဖြင့် ရေဖျန်းကြသည်။တစ်ချို့မြို့ကြီးပြကြီးများတွင် မဏ္ဌပ်များ ‌တည်ဆောက်ကာ ဖျော်ဖြေတင်ဆက်မှုများဖြင့် ရေကစားကြလေသည်။သင်္ကြန်ရောက်လျှင် ပြုလုပ်လေ့ရှိသော မုန့်လုံးရေပေါ်ဟူသော မြန်မာမုန့်သည် မြန်မာလူမျိုးတို့၏ ရိုးရာမပျက်သော အစားအစာတစ်ခုပင်ဖြစ်သည်။မုန့်လုံးရေပေါ် စတုဒီသာအား မြို့တိုင်း၊ရပ်တိုင်း၊ရွာတိုင်း၌ တွေ့ရှိနိုင်ပေသည်။စတုဒီသာဆိုသည်မှာ အယုတ်အလတ်အမြတ်မရွေး အဖိုးအခမပေးရဘဲ ကြိုက်သလိုဝင်ရောက်စားသောက်နိုင်ခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပပြုလုပ်သော အတာရေသဘင်ပွဲကို တမာတန်းရွာနှင့် မန်းကျည်းပင်ရွာတို့မှလဲ ကျင်းပပြုလုပ်ကြမည် ‌ဖြစ်လေသည်။ရှေးနှစ်များကဲ့သို့ နှစ်ရွာပေါင်း တစ်ရွာအဖြစ် ကျင်းပပြုလုပ်လာသော ရေသဘင်ကို ယခုနှစ်တွင်လဲ ကျင်းပပြုလုပ်ကြရန်အတွက် ရွာဦးကျောင်း၌ ရွာလူကြီးနှစ်ဦးနှင့်အတူ ရွာသူရွာသားများလဲ စုဝေးဆွေးနွေးကြရမည်ဖြစ်လေသည်။ထို့ကြောင့် တမာတန်းသူကြီး၏လူယုံ ကိုကျော်ငြိမ်းသည်
သူပိုင်ဆိုင်သော ဓာတ်စက်ကြီးအား ဝဿာန့်ထော်လာဂျီထက်တွင် တင်ဆောင်ကာ ဝဿာန်နှင့်အတူ ရွာပတ်၍ နှစ်ရွာအနှံ့ ဆော်ဩပေးရလေသည်။

You've reached the end of published parts.

⏰ Last updated: Feb 29 ⏰

Add this story to your Library to get notified about new parts!

အချစ် အပေါင်း အချစ်Where stories live. Discover now