Part 13 U/Z

212 9 4
                                    

Unicode
Part 13

"ဆရာဝန်လေး"

ချိုသာသော အသံပိုင်ရှင်ရှိရာသို့ တုနှိုင်းခေါင်းလှည့်ကြည့်လိုက်သည်။

"ဟော ဖြူဖွေးနွယ်ပါလား လာလေ"

တုနှိုင်းဆီမှ ခွင့်ပြုချက်ရသည်နှင့် ဖြူဖွေးနွယ်တစ်ယောက် လူနာစောင့် ထိုင်ခုံလေးနေရာသို့ဝင်ထိုင်လိုက်လေသည်။ပြုံးရွှင်သော မျက်နှာထားဖြင့် ဆရာလေးအားကြည့်ကာ

"ဆရာလေးအတွက်တဲ့ အဘက မြန်မာမုန့်တချို့ပို့ခိုင်းလိုက်လို့ လာပို့ပေးတာ"

တုနှိုင်း ဖြူဖွေးကိုင်‌ထားသော မုန့်ထုပ်တို့အားတစ်ချက်ကြည့်ကာ

"အားနာစရာတွေဗျာ အများကြီးကို ကျွန်တော်က တစ်ယောက်တည်းရယ်ကို ဘယ်ကုန်ပါ့မလဲဗျ"

"အားနာရမယ့်လူတွေမှ မဟုတ်တာပဲဆရာလေးရယ် မုန့်အမယ်တွေများလို့ အများကြီးထင်ရတာ တစ်မျိုးစီခွဲထုတ်လိုက်ရင် နည်းနည်းရယ်ပါ"

"ဟုတ်ပါပြီဗျာ ဒီနားက ကလေးတွေကိုဝေပေးလဲ စိတ်မဆိုးဘူးမလား"

"အို ဆိုးစရာလား ဆရာလေးရယ် ဆရာလေးကိုပေးလိုက်ပြီပဲ ဆရာလေးအပိုင်ဖြစ်သွားပြီလေ ဆရာလေးကြိုက်သလိုသာလုပ်ပါ"

"ဟုတ်ကဲ့ပါ ဒါနဲ့ မိဆုံကော ပါမလာဘူးလား"

မျက်လုံးလေး ဟိုဝှေ့ဒီဝှေ့ကြည့်နေသော တုနှိုင်းအား

"မပါဘူး ဆရာလေးရဲ့ မိဆုံကအမေနဲ့ ဟိုဘက်ကမ်းကို အကြွေးသွားတောင်းနေလေရဲ့"

"ဪ ဒါဆို ဖြူဖွေးတစ်ယောက်တည်းပေါ့ လှည်းလဲ မမြင်ပါ့လား"

"ဟုတ်တယ် လှည်းနဲ့မလာချင်လို့ လမ်းလျှောက်လာတာ ဆရာလေး"

မိန်းကလေးတစ်ယောက်တည်း ဒီရွာသို့ တစ်ယောက်တည်းလာရဲသည်ကို တုနှိုင်း မအံ့ဩပါ။ကိုယ့်ရပ်ကိုယ့်ဒေသဖြစ်သည့်အလျောက် အားလုံးက ကိုယ့်မိသားစုနှယ်သဘောထားကြ၏။မြို့နှင့်မတူ ပွင့်လင်းဖော်ရွေကြသောကြောင့်လဲ တုနှိုင်း ဤဒေသအား ချစ်မြတ်နိုးရပါ၏။

"အပြန် တစ်ယောက်တည်း နေစောင်းနေပြီ ပြန်ရဲရဲ့လား"

"ပြန်ရဲပါတယ် ဆရာလေးရဲ့ ဒီလမ်းဒီခရီးက ဖြူဖွေးတို့အတွက် စိတ်ချရပါတယ်"

အချစ် အပေါင်း အချစ်Where stories live. Discover now