1

785 29 2
                                    



အဲ့ဒီနေ့လေးပေါ့
ကျွန်တော်နဲ့ကိုကိုရဲ့ဇာတ်လမ်းအစလို့ပြောလို့ရတဲ့နေ့လေး
ဆောင်းဦးရဲ့မနက်ခင်းလေးတခုမှာ
ကျွန်တော် ကိုကိုနဲ့စတွေ့ခဲ့တယ်
ပြန်စဉ်းစားမိတိုင်းခုထိ အဲ့ဒီအချိန်ကကိုကိုပုံစံလေးကိုပြန်မြင်ယောင်မိတုန်းပဲ

မနက်၈နာရီလောက်ထယ်ယောင်းနိုးနိုးချင်းပဲ
ပြီးခဲ့တဲ့အပတ်ကမှဖေဖေဝယ်ပေးတဲ့ဘောလုံးလေးကိုပိုက်ပြီး
ခြံထဲကမြက်ခင်းပြင်ပေါ်မှာကစားဖို့ထွက်လာခဲ့သည်
အန်တီကြီးဝတ်ထားပေးတဲ့ဝက်ဝံရုပ်ပုံလေးတွေပါတဲ့ဝမ်းဆက်လေး
အသက်၇နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ကိုငယ်ငယ်လေးထဲကပြုစုပေးတဲ့အိမ်တော်ထိန်းအန်တီကြီးကဝတ်ပေးသမျှကိုထယ်ယောင်းအမြဲမငြင်းဆန်ပဲ
ဝတ်လေ့ရှိသည်
​တဦးထဲသောသားဖြစ်တာကြောင့်ကစားဖော်
လိုချင်လို့မေမေ့ကိုညီလေးထပ်မွေးပေးဖို့ပူဆာခဲ့ပေမယ့်မေမေကအလုပ်ရှုပ်လို့ထပ်မမွေးပေးနိုင်ဘူးတဲ့လေ
ထယ်ယောင်းမှာကျောင်းပိတ်ရက်ဆိုသူများတွေလို
အပြင်ထွက်ပြီးကစားလို့လဲမရ မေမေကစိတ်မချလို့အိမ်မှာပဲနေခိုင်းသည်
ဒီနေ့လဲကျောင်းပိတ်ရက်ဖြစ်တာကြောင့်အိမ်မှာပဲဘောလုံးကစားနေရသည်
ထယ်ယောင်းဘောလုံးကန်နေတုန်းခြံထဲကိုဖေဖေ့ကားဝင်လာခဲ့သည်
​ဖေဖေအိမ်ပြန်မလာတာ၅ရက်လောက်ရှိပြီ
မေမေ့ကိုမေးတော့လဲအလုပ်ရှုပ်နေလို့ပြန်မလာတာလို့ပြောသည်
ဖေဖေ့ပြန်လာရင်ထယ်ယောင်းထွက်ကြိုနေကျပင်
ဒီနေ့လဲဖေဖေ့ကိုကြိုဖို့ကားဆီအပြေးသွားလိုက်
သည်
ထယ်ယောင်းကားရှေ့ရောက်တော့ရုတ်တရက်ပြေးလာတဲ့ခြေလှမ်းတွေရပ်တန့်သွားသည်
ကလေးလေးတယောက်ကဖေဖေ့လက်ကိုဆွဲထားပြီး
​ကိုယ်လေးကိုဖေ့ဖေ့နောက်ကွယ်ထားသည်
ခေါင်းလေးပဲထွက်ပြီးကျွန်တော့်ကိုကြည့်လာသည်
ခေါင်းလုံးလုံးလေးနဲ့ ပါးဖောင်းဖောင်းလေး
မျက်လုံးလေးကဝိုင်းဝိုင်း နှုတ်ခမ်းဆူဆူလေးနှင့်
ထယ်ယောင်းကိုခိုးခိုးကြည့်နေသည်
ထယ်ယောင်း ထိုကောင်လေးကိုကြည့်နေတာဖေဖေသိသွားလို့ထင်သည် ရယ်ပြီးဖေဖေကထယ်ယောင်းကိုခေါ်လိုက်သည်
"သား ယောင်းလေး ဒီမှာသားအတွက်ညီလေး
တယောက်ဖေဖေခေါ်လာတယ်"
ဖေဖေ့စကားကြောင့်ထယ်ယောင်းမှာဝမ်းသာသွားရသည် သူနဲ့ကစားဖော်ညီလေးရောက်လာတာ
ကြောင့်ထယ်ယောင်းပျော်သွားရသည်
"သူက သားညီလေးလား ဖေဖေ"
"ဒါပေါ့ သူကသားနဲ့ကစားမယ့်သားညီလေးလေ"
ဘယ်အချိန်ထဲကရပ်ကြည့်နေမှန်းမသိတဲ့မေမေရဲ့
အသံကတံခါးဝဆီမှထွက်လာခဲ့သည်
"ဘာလို့သူများအပူတွေကိုကိုယ့်ဆီသယ်လာရတာလဲ"
မေမေ့စကားရဲ့အဓိပ္ပာယ်ကကျွန်တော်မသိပါ
ကျွန်တော်သိတာကကျွန်တော့်မှာကစားဖော်ညီလေးရှိသွားပြီဆိုတာပဲ
"မင်းဘယ်လိုတွေပြောနေတာလဲကလေးတွေရှေ့မှာ"
"ကျွန်မပြောတာအမှားပါနေလို့လား"
​ဖေဖေက သူ့နောက်မှာပုန်းနေတဲ့ကလေးလေး
လက်ကိုဆွဲပြီး
"ကူး ကိုကိုနဲ့သွားကစားနေနော်"
ပြောပြီး ဖေဖေက ကလေးလေးလက်လေးကို
ကျွန်တော်ဆီလှမ်းကမ်းပေးလိုက်သည်
"သား ထယ်လေး ညီလေးကိုခေါ်သွားပြီးကစားနေနော်"
"ဟုတ်ကဲ့ပါ ဖေဖေ"
"လာ ကိုကိုနဲ့တူတူဘောလုံးကန်ကြမယ်"
ထိုကလေးလေးက ကျွန်တော့်ထက်အရပ်ပုသည်
ပုပုလုံးလုံးလုံးလေးနှင့်ကျွန်တော်ဆွဲခေါ်ရာ
နောက်လိုက်လာသည်
မြက်ခင်းပေါ်နှစ်ယောက်သားတူတူထိုင်လိုက်ပြီး
ဘာစကားမှမပြောပဲငြိမ်ပြီးကျွန်တော့်ကိုခိုးခိုး
ကြည့်နေတဲ့ကောင်လေးကိုကျွန်တော်ကပဲ
စတင်မိတ်ဆက်ဖို့ပြင်လိုက်သည်
"ကိုကို့နာမည်က ကင်မ်ထယ်ယောင်း
အသက်က၇နှစ် မူလတန်းဒုတိယနှစ်
မင်းနာမည်ကရောဘယ်သူလဲ"
ထိုအခါမှ လက်လေးနှစ်ဖက်ကိုပူးပြီးပေါင်ကြားထဲထိုးထည့်ကာ မျက်လုံးဝိုင်းလေးတွေနဲ့ပြန်ကြည့်ပြီး
"သားနာမည်က ဂျွန်ဂျောင်ကု
အသက်က ၅နှစ်ရှိပြီ မူကြိုကျောင်းတက်ပြီးသွားပြီ"
"အာ ဟုတ်လား ဒါဆိုကိုကိုက ဘယ်လိုခေါ်ရမလဲ
ဖေဖေခေါ်သလို ကူးကူးလို့ခေါ်မယ်
ကူးက ကိုကို့ကို ကိုကိုလို့ခေါ်ပေါ့"
​ကူးကသူ့ခေါင်းလေးကိုငြိမ့်ပြသည်
ကားမတော်တဆမှုကြောင့်မိဘတွေဆုံးပါးသွားရ
သည် ဆွေမျိုးလဲမရှိတာကြောင့် သူငယ်ချင်းဖြစ်တဲ့
ထယ်ယောင်းအဖေကပဲဂျောင်ကုကိုတာဝန်ယူဖို့
အိမ်ကိုခေါ်လာခဲ့ရသည်
မိဘတွေရဲ့ကုမ္ပဏီကိုလဲ ဂျောင်းကုအရွယ်ရောက်
သည်အထိတာဝန်ယူပြီးကြည့်ရှုပေးဖို့ဖြစ်လာရ
သည်
ထယ်ယောင်း မေမေကတော့ ကူးကိုသဘောမကျခဲ့
သူ့သားရဲ့တက်လမ်းအတွက်အနှောက်အယှက်
ဖြစ်မှာဆိုပြီးပဲ ကူးကိုမုန်းနေခဲ့သည်
ထယ်ယောင်းတို့ကလေးဘဝကိုတူတူ
ပျော်ပျော်ရွှင်ရွှင်ကစားပျော်ပါးရင်း
ကုန်ဆုံးခဲ့ကြသည်
အနေအေးပြီးလူတွေကိုကြောက်တတ်တဲ့
ဂျောင်းကုကို ထယ်ယောင်းကပဲအမြဲတွဲခေါ်ပြီး
​လူဝင်ဆံ့စေခဲ့သည်

my autumn[Completed]Where stories live. Discover now