2

312 18 0
                                    



"ကိုကို"
အခန်းဝမှာရပ်ပြီးကျွန်တော်ကိုလက်ပိုက်ကြည့်နေတဲ့ ကူး
gameကိုသဲသဲမဲမဲကစားနေတဲ့ ထယ်ယောင်း
​ပြန်မကြည့်အားပဲ ပါးစပ်ကနေပဲထူးလိုက်သည်
"အွန်း"
ပြန်ထူးလိုက်ပေမယ့် ဘာစကားသံမှထွက်မလာတာကြောင့်ပြန်ကြည့်လိုက်တော့ ကျွန်တော့်ကိုလက်ပိုက်ပြီးကြည့်နေတဲ့ ဂျောင်းကု
"ဘာလို့လဲ ကူးရာ"
ထယ်ယောင်းမှာ အထက်တန်းနောက်ဆုံးနှစ်ဖြစ်ပြီး
ဂျောင်းကုမှာအထက်တန်းပထမနှစ်ရောက်လာခဲ့ရသည်
ကူးကထွားတာကြောင့်နှစ်ယောက်သားရွယ်တူလိုဖြစ်လာခဲ့သည်
"ကိုကို မနေ့ကအတန်းမတက်ပဲဘယ်သွားတာလဲ"
ဆော့လက်စဂိတ်းရှုံးသွားတာကြောင့်ထယ်ယောင်းလဲစိတ်ပျက်လက်ပျက်ဖြစ်သွားပြီး
ဂျောင်းကုကိုပြန်ကြည့်လိုက်သည်
"ငါ့သူငယ်ချင်းတွေနဲ့ အင်တာနက်ဆိုင်သွားတာလေ"
"ကိုကို ဘာလို့အဲ့လိုတွေလုပ်နေတာလဲ
ကိုကိုအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီနော်"
ထယ်ယောင်းခုံပေါ်ကထပြီးအိပ်ယာပေါ်ပစ်လှဲချ
လိုက်သည်
"သိတယ်လေ ဘာဖြစ်လို့လဲ"
ဂျောင်းကု ထယ်ယောင်းအိပ်ယာဘေးသွားထိုင်
လိုက်ပြီး
"ကိုကို တက္ကသိုလ်တက်ရအုံးမယ်လေ
အဲ့လိုတွေအချိန်ဖြုန်းနေလို့မှမရတာ"
ထယ်ယောင်း သူ့ကိုစိုးရိမ်တကြီးနဲ့လာဆူနေတဲ့
ဂျောင်းကုကိုပြုံးပြလိုက်ပြီး
"ကူးရာ မင်းကခုတော့ငါ့ကိုဆရာကြီးလာလုပ်နေပြီပေါ့ဟုတ်လား"
ထယ်ယောင်းပြောပြောဆိုဆိုနဲ့သူ့ကိုကျောပေး
ထိုင်နေတဲ့ဂျောင်းကု လည်ပင်းကိုနောက်ကနေ
သိုင်းဖက်လိုက်ပြီး နောက်ကိုဆွဲလှဲချလိုက်သည်
"ကိုကို အဲ့လိုတွေမလုပ်နဲ့ ဖယ်ဗျာ"
"ဘာလို့လဲဟင် မင်းကခုတော့ ကိုကိုဖက်တာ
မကြိုက်တော့ဘူးပေါ့ဟုတ်လား"
ဂျောင်းကု ထယ်ယောင်းလက်တွေကြားကပြန်ရုန်းထလိုက်ပြီး
"မကြိုက်တာမဟုတ်ပါဘူး"
မျက်နှာလေးကိုအောက်ချပြီး သူ့လက်တွေသူပြန်
ဆုပ်ကိုင်ထားတဲ့ ဂျောင်းကုပုံစံကိုကြည့်ပြီး
ထယ်ယောင်း ထိုကောင်လေးဘယ်ချိန်ကအဲ့လောက်အရွယ်ရောက်သွားမှန်းမသိဖြစ်ရသည်
"ပြောပါအုံး အဲ့ဒါဆိုဘာဖြစ်တာလဲ"
ထယ်ယောင်းကို မရဲမဝင့်ခိုးခိုးကြည့်နေတဲ့မျက်လုံးတွေရဲ့အဓိပ္ပာယ်ကို ထယ်ယောင်းကိုယ်တိုင်လဲနားမလည်ပါ
"ဟို အဲ့ဒါက"
"အွန်း ဘာလဲဆက်ပြောလေ"
"ဘာမှမဟုတ်တော့ဘူး ကိုကိုရာ"
ပြောပြီးထထွက်သွားတဲ့ကူးကိုကြည့်ပြီး
ထယ်ယောင်းရယ်လိုက်မိသည်

my autumn[Completed]Where stories live. Discover now