ending

262 18 1
                                    



ဘဝရဲ့အမှတ်တရနေ့တွေထဲဒီနေ့လေးက
အကြည့်နူးရဆုံးနေ့လေးပေါ့
ကိုကိုနဲ့ကျွန်တော်မိဘတွေကိုဖွင့်ပြောပြီး
လက်ထပ်ခဲ့တဲ့နေ့လေး
ကိုကိုနဲ့ကျွန်တော် နှစ်ယောက်ထဲပဲ
ဘုရားကျောင်းမှာလက်ထပ်ခဲ့တယ်
ဧည့်ပရိတ်သတ်တွေမရှိပဲ
ဘုန်းတော်ကြီးရှေ့မှာနှစ်ယောက်တည်း
လက်ထပ်ကတိသစ္စာပြုဖို့က
ကိုကို့ရဲ့စိတ်ကူးယဉ်ထားတဲ့လက်ထပ်ပွဲလေ
ကျွန်တော်ရောကိုကိုရောအဖြူရောင်suitကို
ဆင်တူဝတ်ဆင်ထားခဲ့ကြသည်
ဘုန်းတော်ကြီးရှေ့မှာကတိသစ္စာပြုအပြီး
လက်ထပ်လက်စွပ်အပြန်အလှန်စွပ်ပေးခဲ့ကြသည်
ကိုကို့လက်သွယ်သွယ်လေးကိုလဲကျွန်တော်နမ်းခဲ့သေးသည်
ကိုကို့နှုတ်ခမ်းထက်အကြင်နာအနမ်းနွေးနွေးလေးကိုလဲချွေခဲ့သေးသည်
မင်္ဂလာဦးဓာတ်ပုံလဲအတူရိုက်ခဲ့သေးသည်
ခုတော့အိမ်ရှေ့ဧည့်ခန်းမှာနေရာယူထားသည်
ကိုကိုနဲ့ကျွန်တော်ကမ်းခြေကိုဟန်းနီးမွန်းထွက်ခဲ့ပြီး
ကမ်းခြေမှာအတူတူဆော့ကစားတုန်းကအချိန်တွေကဘဝရဲ့ပျော်ရွှင်ဖွယ်အမှတ်တရတွေထဲကတခုပင်
ညနေနေဝင်ချိန်ကို ကိုကိုနဲ့ကျွန်တော်ကမ်းခြေမှာ
ထိုင်ပြီးအတူတူကြည့်ခဲ့ကြသည်
အဲ့ဒီအချိန်တုန်းကပေါ့
"ကူး"
"အွန်း ပြောလေ ကိုကို"
"နေဝင်ချိန်ကသိပ်ကိုလွမ်းစရာကောင်းတာပဲ"
"အွန်း ဟုတ်တယ်"
"ကိုကိုတို့ သေတဲ့ထိမခွဲပဲတူတူနေသွားကြမယ်နော်"
"မဟုတ်ဘူး"
ကျွန်တော့်စကားကြောင့်ကိုကိုလန့်သွားလို့ထင်သည်
မျက်လုံးလေးဝိုင်းသွားပြီးကျွန်တော့်ကို
ပြန်ကြည့်လာသည်
"နောက်ထပ်နောက်ထပ်ဘဝတွေထိ
အတူတူနေသွားမှာ"
ထိုအခါမှ ကိုကို့မျက်နှာလေးဝင်းလက်သွားသည်
"တကယ်ကိုစကားတတ်တဲ့ကောင်လေးပဲ"
"ကိုကို့ ယောက်ကျားပဲလေဗျာ"
"ဟုတ်ပါတယ် ကိုကို့ယောက်ကျားပါ
ဘယ်သူကမဟုတ်ဘူးပြောလို့လဲ"
"ဘယ်သူ့မှလဲပြောမရပါဘူး ကိုကို့က
ကျွန်တော့်အပိုင် ဟောဒီက ကူးအပိုင်"
"ဟားဟား ကူး မင်းမှတ်မိသေးလား
စတွေ့တုန်းကအချိန်ကိုလေ"
"မှတ်မိတာပေါ့ အဲ့အချိန်ကိုကျွန်တော်ကမေ့ပါ့မလား"
"အဲ့ချိန်တုန်းက ကိုကို့ဘဝထဲဝင်လာပေးလို့ကျေးဇူးတင်ပါတယ်"
"ကျွန်တော်ကသာကျေးဇူးတင်ရမှာပါ ကိုကိုရာ
ကိုကို့ဘဝထဲကိုဝင်ခွင့်ပေးခဲ့လို့
ကျွန်တော့်ရဲ့ဆောင်းဦးလေးဖြစ်ပေးခဲ့လို့
ကိုကို့ကိုအရမ်းကျေးဇူးတင်ပါတယ်"

ဆောင်းဦးရောက်တိုင်းကိုကိုနဲ့တွေ့ခဲ့တဲ့အချိန်လေးကို
ကျွန်တော်နဲ့ကိုကိုအမှတ်တရရှိနေမိတုန်းပင်

ဘဝရဲ႕အမွတ္တရေန႔ေတြထဲဒီေန႔ေလးက
အၾကည့္ႏူးရဆုံးေန႔ေလးေပါ့
ကိုကိုနဲ႔ကြၽန္ေတာ္မိဘေတြကိုဖြင့္ေျပာၿပီး
လက္ထပ္ခဲ့တဲ့ေန႔ေလး
ကိုကိုနဲ႔ကြၽန္ေတာ္ ႏွစ္ေယာက္ထဲပဲ
ဘုရားေက်ာင္းမွာလက္ထပ္ခဲ့တယ္
ဧည့္ပရိတ္သတ္ေတြမရွိပဲ
ဘုန္းေတာ္ႀကီးေရွ႕မွာႏွစ္ေယာက္တည္း
လက္ထပ္ကတိသစၥာျပဳဖို႔က
ကိုကို႔ရဲ႕စိတ္ကူးယဥ္ထားတဲ့လက္ထပ္ပြဲေလ
ကြၽန္ေတာ္ေရာကိုကိုေရာအျဖဴေရာင္suitကို
ဆင္တူဝတ္ဆင္ထားခဲ့ၾကသည္
ဘုန္းေတာ္ႀကီးေရွ႕မွာကတိသစၥာျပဳအၿပီး
လက္ထပ္လက္စြပ္အျပန္အလွန္စြပ္ေပးခဲ့ၾကသည္
ကိုကို႔လက္သြယ္သြယ္ေလးကိုလဲကြၽန္ေတာ္နမ္းခဲ့ေသးသည္
ကိုကို႔ႏႈတ္ခမ္းထက္အၾကင္နာအနမ္းေႏြးေႏြးေလးကိုလဲေခြၽခဲ့ေသးသည္
မဂၤလာဦးဓာတ္ပုံလဲအတူ႐ိုက္ခဲ့ေသးသည္
ခုေတာ့အိမ္ေရွ႕ဧည့္ခန္းမွာေနရာယူထားသည္
ကိုကိုနဲ႔ကြၽန္ေတာ္ကမ္းေျခကိုဟန္းနီးမြန္းထြက္ခဲ့ၿပီး
ကမ္းေျခမွာအတူတူေဆာ့ကစားတုန္းကအခ်ိန္ေတြကဘဝရဲ႕ေပ်ာ္႐ႊင္ဖြယ္အမွတ္တရေတြထဲကတခုပင္
ညေနေနဝင္ခ်ိန္ကို ကိုကိုနဲ႔ကြၽန္ေတာ္ကမ္းေျခမွာ
ထိုင္ၿပီးအတူတူၾကည့္ခဲ့ၾကသည္
အဲ့ဒီအခ်ိန္တုန္းကေပါ့
"ကူး"
"အြန္း ေျပာေလ ကိုကို"
"ေနဝင္ခ်ိန္ကသိပ္ကိုလြမ္းစရာေကာင္းတာပဲ"
"အြန္း ဟုတ္တယ္"
"ကိုကိုတို႔ ေသတဲ့ထိမခြဲပဲတူတူေနသြားၾကမယ္ေနာ္"
"မဟုတ္ဘူး"
ကြၽန္ေတာ့္စကားေၾကာင့္ကိုကိုလန႔္သြားလို႔ထင္သည္
မ်က္လုံးေလးဝိုင္းသြားၿပီးကြၽန္ေတာ့္ကို
ျပန္ၾကည့္လာသည္
"ေနာက္ထပ္ေနာက္ထပ္ဘဝေတြထိ
အတူတူေနသြားမွာ"
ထိုအခါမွ ကိုကို႔မ်က္ႏွာေလးဝင္းလက္သြားသည္
"တကယ္ကိုစကားတတ္တဲ့ေကာင္ေလးပဲ"
"ကိုကို႔ ေယာက္က်ားပဲေလဗ်ာ"
"ဟုတ္ပါတယ္ ကိုကို႔ေယာက္က်ားပါ
ဘယ္သူကမဟုတ္ဘူးေျပာလို႔လဲ"
"ဘယ္သူ႔မွလဲေျပာမရပါဘူး ကိုကို႔က
ကြၽန္ေတာ့္အပိုင္ ေဟာဒီက ကူးအပိုင္"
"ဟားဟား ကူး မင္းမွတ္မိေသးလား
စေတြ႕တုန္းကအခ်ိန္ကိုေလ"
"မွတ္မိတာေပါ့ အဲ့အခ်ိန္ကိုကြၽန္ေတာ္ကေမ့ပါ့မလား"
"အဲ့ခ်ိန္တုန္းက ကိုကို႔ဘဝထဲဝင္လာေပးလို႔ေက်းဇူးတင္ပါတယ္"
"ကြၽန္ေတာ္ကသာေက်းဇူးတင္ရမွာပါ ကိုကိုရာ
ကိုကို႔ဘဝထဲကိုဝင္ခြင့္ေပးခဲ့လို႔
ကြၽန္ေတာ့္ရဲ႕ေဆာင္းဦးေလးျဖစ္ေပးခဲ့လို႔
ကိုကို႔ကိုအရမ္းေက်းဇူးတင္ပါတယ္"

ေဆာင္းဦးေရာက္တိုင္းကိုကိုနဲ႔ေတြ႕ခဲ့တဲ့အခ်ိန္ေလးကိုကြၽန္ေတာ္နဲ႔ကိုကိုအမွတ္တရရွိေနမိတုန္းပင္

my autumn[Completed]Where stories live. Discover now