4

270 17 1
                                    



ကုမ္ပဏီမှာ ကျွန်တော်ကဥက္ကဌဖြစ်လာခဲ့ပြီး
ကိုကိုကတော့ဒုတိယရှယ်ယာအများဆုံးဖြစ်တဲ့
ဦးဦးကကိုကို့ကိုဒါရိုက်တာနေရာခန့်ထားလိုက်သည်
ခုဆိုကိုကိုနဲ့ကျွန်တော်ကုမ္ပဏီတခုထဲမှာ
အလုပ်လုပ်နေပြီးနေ့တိုင်းတွေ့နေရသည်
ကိုကိုကတော့အရင်လိုပဲကျွန်တော့်ကို
ဖော်ဖော်ရွေရွေဆက်ဆံပြီးပြောဆိုနေပေမယ့်
ကျွန်တော်ကတော့ခုထိအသားမကျသေး
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"
"နေ့လယ်စာမစားသေးဘူးလား"
ကိုကို့အသံကိုကြားတာနဲ့လက်ထဲကဘောပင်အလိုလိုချမိသွားသည်
"လုပ်လက်စလေးပြီးရင်စားတော့မှာပါ"
"ပင်ပန်းတယ်မလားဟင်"
"အွန်း ဒီလိုပါပဲ"
"ကိုကိုနဲ့နေ့လယ်စာတူတူစားမလား"
ဘာမှမစဉ်းစားပဲခေါင်းကအလိုလိုငြိမ့်ပြီးသား
ဖြစ်နေသည် ခုထိကိုကိုပြောသမျှငြင်းနိုင်စွမ်းမရှိ
​နှစ်ယောက်အတူလမ်းလျှောက်လာရင်းဓာတ်လှေကားစီးကြသည်
"ကူး မင်းဘာလို့အရမ်းထွားလာရတာလဲဟင်
တကိုယ်လုံးလဲmuscleတွေကြည့်ပဲ
ကိုကိုနဲ့တော့တခြားဆီပဲ"
ပြောပြီးသူ့ခန္ဓာကိုယ်သူပြန်ကြည့်နေတဲ့ကိုကို့ကို
ကျွန်တော်အရမ်းအသဲယားမိသည်
ခုထိလဲကျွန်တော့်ခံစားချက်တွေ
ကိုကို့ကိုထုတ်ပြဖို့မရဲသေး
ဘယ်ချိန်ထိဖုံးကွယ်ထားရမလဲဆိုတာလဲမသိနိုင်ခဲ့

ကုမ္ပဏီရဲ့နှစ်ပတ်လယ်ပါတီပွဲရှိတာကြောင့်
လုပ်ငန်းပါတနာတွေလုပ်ငန်းရှင်တွေဝန်ထမ်းတွေနဲ့
အတူပျော်ပျော်ပါးပါးဆင်နွှဲကြသည်
ကိုကိုကဒီနေ့မှအညိုရောင်suitလေးဝတ်ထားပြီး
ဆံပင်တွေကိုအပြောင်သိမ်းထားသည်
အရမ်းချောမောလွန်းတဲ့ကိုကို့ကိုအားလုံးကဝိုင်းငေးနေကြတာကိုကျွန်တော်မကြိုက်ပါ
ရင်တွေအရမ်းပူလွန်းသည်
ဥက္ကဌဖြစ်တာကြောင့်လုပ်ငန်းပါတနာတွေနဲ့စကား
ပြောနေတုန်းဘယ်ချိန်ကကိုကိုပျောက်သွားမှန်းမသိလိုက်ပါ
သတိထားမိတဲ့အချိန်လိုက်ရှာမိတော့
ကိုကိုကလူတစုနဲ့ဝိုင်းဖွဲ့ပြီးသောက်နေသည်
သူ့ဘေးကယောက်ပျားတွေရော မိန်းမတွေရောက
ကိုကို့ကိုကြည့်နေတဲ့မျက်လုံးတွေကို
ကျွန်တော်မကြိုက်
ကိုကိုဘယ်လောက်သောက်ထားလဲမသိမူးပြီး
ယိုင်နေသည်
ဘေးနားမှမိန်းမတဦးက ကိုကို့ကိုတွဲပြီး
ကိုကို့နားလေးစကားကပ်ပြောပြီး
ကိုကို့ကိုခေါ်သွားသည်
ကျွန်တော်မသိလိုက်ခင်မှာပဲကျွန်တော့်
ခြေထောက်တွေကသူတို့နောက်အပြေးလိုက်နေ
မိသည်
ကားပါကင်မှာ ကိုကိုနဲ့အဲ့ဒီမိန်းမဖက်နေတာတွေ့
မြင်လိုက်ရချိန်ကျွန်တော့်ရင်ဘက်ထဲဘာမှမရှိတော့သလိုဟာသွားရသည်
တချိန်ထဲဒေါသလဲထွက်သွားရသည်
ကိုကိုနဲ့ထိုမိန်းမကိုဆွဲခွာလိုက်တော့
ကိုကိုကမျက်လုံးတွေအားယူဖွင့်ပြီး
ကျွန်တော့်ကိုကြည့်လာသည်
"ကူးလား ဘယ်လိုရောက်လာတာလဲ"
"ကိုကိုသတိထားစမ်းပါ ဘာလို့အဲ့လောက်သောက်ထားလဲ"
သူတို့ကိုကြည့်နေတဲ့မိန်းမကိုဂျောင်းကု
မျက်နှာတင်းတင်းနဲ့ကြည့်လိုက်ပြီး
"ဒီမှာ မင်းဘာတွေကြံစည်နေလဲမသိပေမယ့်
လက်လျှော့ပြီးသွားလိုက်တော့"
ခြေဆောင့်ပြီးထွက်သွားတဲ့မိန်းမကိုကြည့်ပြီး
ဂျောင်းကုအောင်နိုင်သူပမာပြုံးမိသည်
လက်ထဲကအမူးသမားလေးကိုပြန်ကြည့်မိတော့လဲ
သူ့ရင်ခွင်ထဲဇွတ်တိုးဝင်နေသည်
"ကိုကို"
"အွန်း ကူး ငါထပ်သောက်အုံးမယ်"
"ဒီလောက်မူးနေတာကိုဘာထပ်သောက်မှာလဲ လာ"
လက်ဆွဲပြီးခေါ်လာလိုက်သည်
အိမ်ပြန်ပို့ဖို့လဲအရမ်းမူးနေတာကြောင့်သူ့အိမ်ကိုပဲ
ခေါ်လာခဲ့လိုက်သည်

my autumn[Completed]Where stories live. Discover now