3

277 17 0
                                    



ကျွန်တော့်အတွက်အဲ့ဒီနေ့ကရင်အနာရဆုံးပဲ
ကိုကို အထက်တန်းပြီးတဲ့အချိန်မှာ
ကိုကို့မေမေက နိုင်ငံခြားပညာတော်သင်လွှတ်လိုက်တယ်
ကျွန်တော်နဲ့ကိုကို့ကို အတူရှိမနေစေချင်တာလဲပါမှာပေါ့
ကိုကိုကသိပ်ကိုအသဲမာလွန်းသည်
ထွက်သွားရမယ့်အချိန်မှာတောင်ပြုံးပြုံးလေးနှင့်
ကျွန်တော့်ကိုချန်ထားပြီးထွက်သွားခဲ့သည်
တချက်မှပြန်လှည့်မကြည့်ပဲကျောခိုင်းသွားခဲ့သည်
ကိုကိုထွက်သွားတဲ့ရက်တွေမှာကျွန်တော့်ဘဝကြီး
ခြောက်သွေ့သွားခဲ့သည်
ကိုကိုကခဏပဲသွားပြီးပြန်လာမှာပါလို့ပြောခဲ့သည်
အထက်တန်းအောင်တော့ ဦးဦးကိုပြောပြီး
ကျွန်တော်အိမ်ခွဲနေခဲ့သည်
အရွယ်ရောက်နေပြီဖြစ်တာကြောင့်ဦးဦးအပေါ်မှာ
ခုထပ်ပိုပြီးမှီခိုမနေချင်တာကြောင့်ရော
အဲ့ဒီအိမ်မှာဆက်နေရင်ကိုကို့ကိုလွမ်းလို့ရူးသွား
နိုင်တာကြောင့်ထွက်လာခဲ့သည်
ကိုကိုက နေနိုင်လွန်းသည်
ကျောင်းစာတွေနဲ့အလုပ်ရှုပ်နေလို့ပါဆိုပြီး
အကြောင်းပြကာအဆက်အသွယ်မလုပ်ပဲနေသည်
စစချင်းမှာတော့ကျွန်တော်ဘယ်လိုမှနေသားမကျခဲဲ့
ကိုကိုပြန်လာမယ့်ရက်ကိုပဲတွက်ပြီးနေခဲ့သည်
၆နှစ်အကြာမှတော့ကျွန်တော်နားလည်သွားခဲ့သည်
ကိုကိုကကျွန်တော့်ကိုတကယ်ထားသွားခဲ့တာကို
ကျွန်တော်ဘွဲ့ရပြီး ကုမ္ပဏီမှာပဲအလုပ်သင်ကနေ
စဝင်ခဲ့သည်
လုပ်ငန်းကျွမ်းကျင်ရင်ကုမ္ပဏီကိုဦးစီးဖို့လဲ
ပြောသည်
အလုပ်အပေါ်မှာပဲအလေးအနက်ထားပြီးသင်ယူခဲ့
သည်
တခါတရံမှာတော့ ကိုကို့ကိုလွမ်းမိသေးသည်
အရင်ကထက်တော့နေသွားကျသွားပြီဆိုပေမယ့်ပေါ့

ဦးဦးခရီးသွားတာကြောင့်လုပ်ငန်းပါတနာနဲ့
စာချုပ်ချုပ်ဖို့လိုအပ်တဲ့စာရွက်တွေအိမ်ကိုသွားယူရသည်
ခြံထဲကားရပ်ပြီးအိမ်ရှေ့ကမြက်ခင်းပြင်လေးကို
ကြည့်မိသည် သူနဲ့ကိုကိုရဲ့ငယ်ဘဝပုံရိပ်တွေက
တိုးဝင်လာခဲ့သည်
ဂျောင်းကုစယဖတ်ခန်းထဲကိုသွားပြီးစာရွက်တွေယူလာခဲ့သည်
ကိုကိုအခန်းရှေ့ရောက်တော့ ခြေထောက်တွေကအလိုလိုရပ်တန့်သွားသည်
ဂျောင်းကု အခန်းတံခါးကိုဖွင့်ပြီးအထဲဝင်ကြည့်
မိသည် ကိုကို့အငွေ့သက်တွေရှိနေတဲ့ထိုအခန်းလေးကအရင်ကလိုပဲရှိနေသည်
စားပွဲပေါ်မှာတင်ထားတဲ့ကိုကို
အလယ်တန်းဘွဲ့ယူတုန်းကပုံလေးကို
ယူကြည့်မိလိုက်သည်
နှစ်ယောက်သားပြုံးပျော်နေခဲ့ကြသည်
"ဘယ်သူလဲ"
အနောက်ဘက်မှထွက်ပေါ်လာတဲ့အသံ
ဘဝမှာဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်တဲ့
အသံ
ဂျောင်းကုနောက်လှည့်ကြည့်ဖို့အားအင်တွေစုစည်းလိုက်ပြီးလှည့်ကြည့်လိုက်မိသည်
အရမ်းကိုမြင်ချင်နေခဲ့တဲ့မျက်နှာလေး
အရင်ကထက်အရပ်ပိုရှည်လာသည်
ပိန်သွယ်တဲ့ခန္ဓာကိုယ်နဲ့ဆံပင်ခပ်အုပ်အုပ်ကလေးတွေ အရင်ကထက်အများကြီးပိုချောလာခဲ့သည်
"ကူးလား"
တကယ်ကိုမယုံနိုင်သေး အိပ်မက်များလားလို့
ပင်ထင်မိနေသည်
"ကူးရာ အရမ်းထွားလာတာပဲ
ကိုကိုနောက်ကကြည့်တာတောင်မမှတ်မိဘူး"
ပြောပြီးအနားကိုရောက်လာတဲ့ကိုကို့ကို
ကျွန်တော်ဘာမှပြန်မပြောမိ
ကိုကို့မျက်နှာကိုပဲငေးစိုက်ကြည့်နေမိသည်
ဒီအခိုက်အတန့်ကျွန်တော်အသက်ရှုမိရဲ့လားဆိုတာတောင်ကျွန်တော့်ကိုယ်ကျွန်တော်မသိခဲ့
"ကျွန်တော် အရမ်းလွမ်းနေခဲ့တာ ကိုကို"
ကျွန်တော့်စကားကိုကြားပြီးကိုကို့မျက်လုံးတွေ
လက်ခနဲဖြစ်သွားတာကျွန်တော်တွေ့လိုက်သည်
​ပြီးမှကိုကိုကရယ်ပြီးကျွန်တော့်လက်ကိုဆွဲလိုက်ပြီး
"ဟားဟား ကိုကိုလဲကူးကိုသတိရပါတယ်"

my autumn[Completed]Where stories live. Discover now