[Unicode]~~~
"မေ နင်ဒီပိတ်ရက်အိမ်စာတွေအကုန်လုပ်ပြီးပြီလား?"
"ငါဒီပိတ်ရက် အဖေ့ဆိုင်မှာကူလုပ်ပေးနေတာနဲ့အိမ်စာတစ်ဝက်ကျော်လောက်ပဲပြီးလာတယ်ဟယ်"
"ဟုတ်သားမေ ဒီတစ်ပတ်ပိတ်ရက်နင့်အဖေဆိုင်ကလူကျတယ်နော်"
"ဟုတ်တယ် နည်းနည်းတော့ပင်ပန်းပေမယ့်လည်းလူများများကျတော့ အဖေ့ဆိုင်လေးဝင်ငွေကောင်းတာပေါ့"
ဒေါင်~ ဒေါင်~ ဒေါင်~
ကျောင်းခေါင်းလောင်းခေါက်သံနှင့်အတူ အတန်းထဲကစကားပြောသံတွေတိတ်ဆိတ်သွားခဲ့ပြီး မေတို့သူငယ်ချင်းတွေလည်းအတန်းမှာဆရာမတွေဝင်သင်တဲ့စာကိုပဲအာရုံပြန်စိုက်ခဲ့တယ်
"ကျောင်းဆင်းရင်နင့်အဖေဆိုင်ကိုပဲသွားမှာလားမေ"
"အေးလေ ငါအဖေ့ကိုကူလုပ်ရမယ်"
"သမီးလိမ္မာလေးဆယ်တန်းကိုနှစ်ချင်းပေါက်အောင်ပါစေတော်"
"ဝါတို့ကတော့လုပ်ပြီ အမကြီးလေသံနဲ့ပါလားညည်းကလည်း"
"ဟဲဟဲ ငါ့အဘွားကအဲ့လိုပြောနေတာ ငါလည်းကြားပါများပြီးပါးစပ်ထဲစွဲကုန်ပြီ"
"ဟုတ်ပါပြီရှင် နင်လည်းအိမ်ပြန်တော့ ငါလည်းအဖေ့ဆိုင်သွားတော့မယ်"
"အေးအေး တာ့တာနော် နောက်နေ့မှတွေ့မယ်"
"နောက်နေ့မှတွေ့မယ် ဝါ"
ဝါဆို့ကိုနှုတ်ဆက်ပြီးအဖေ့ဆိုင်ကိုပဲလမ်းလျှောက်လာခဲ့တယ် ထုံးစံအတိုင်းအဖေကတော့မီးဖိုချောင်ပြေးလိုက်၊ဧည့်သည်တွေကိုဧည့်ခံလိုက်နဲ့အလုပ်ရှုပ်နေလေရဲ့ မေဧကရီဆိုတဲ့ကောင်မလေးကငယ်စဉ်ကတည်းကမိခင်ဆုံးပါးသွားခဲ့ပြီးဖခင်နဲ့ပဲကြီးပြင်းလာခဲ့ရသူတစ်ယောက် မေ့ရဲ့အဖေဦးဇော်မင်းကလက်ဖက်ရည်ဆိုင်အသေးစားလေးဖွင့်ထားပြီး မေနဲ့မောင်ဆိုတဲ့သားသမီးလေးနှစ်ယောက်ကိုပြုစုပျိုးထောင်လာခဲ့တယ်မေ့မောင်လေးက မင်းလှမောင်တဲ့ မောင်နှမနှစ်ယောက်နာမည်တွေကမိုးနဲ့မြေလိုကွာခြားနေတယ် မေ့နာမည်ကတော့ခေတ်ရေစီးကြောင်းနဲ့အညီလိုက်ရောညီထွေနေတတ်တဲ့ဖခင်ဖြစ်သူဘက်ကြောင့် ခေတ်ဆန်ဆန်နဲ့ယဉ်ယဉ်လေးလှနေခဲ့ပြီး မေ့မောင်လေးမွေးတဲ့အလှည့်ကျတော့ မေ့နာမည်ကိုအဖေဘက်ကပေးပြီးပြီမို့ဒီကလေးရဲ့နမည်ကိုတော့သူတို့ပေးမယ်ဆိုပြီးရှေးရိုးစွဲဖြစ်တဲ့မေ့အမေဘက်ကနာမည်ပေးခဲ့တယ်လေ မေကတော့ဆယ်တန်းကျောင်းသူလေးဖြစ်ပြီးအားတိုင်းဖခင်ဖြစ်သူအလုပ်မှာလာကူညီနေခဲ့တယ် ဆယ်တန်းမို့ဘော်ဒါဆောင်ထားပေးမယ်လို့ဖခင်ဖြစ်သူပြောခဲ့တုန်းကလည်းမပြေလည်တဲ့အိမ်စီးပွားရေးကြောင့် စားဝတ်နေရေးအဆင်ပြေရင်ရပါပြီဆိုပြီး ဈေးသက်သာတဲ့ကျူရှင်တစ်ခုမှာသာတက်ခဲ့တယ် မောင်ကတော့8တန်းကျောင်းသား တစ်ခန်းလုံးမှာမင်းမောင်ဆိုရင်9တန်း10တန်းကကျောင်းသားတွေပါအနည်းနဲ့အများတော့လန့်ကြရတယ် မောင်ကလည်းရန်ဖြစ်ရင်ဘယ်တော့မှတယောက်ထဲမသွားပေ သူ့အဖွဲ့နဲ့လူစုံမှရန်ဖြစ်တတ်ကြတယ် စားဖို့အဆင်ပြေလောက်ငှယုံလို့သာပြောရမယ့်ဆိုင်လေးကိုကြိုးစားလုပ်ကိုင်ရင်းမိသားစုလေးသုံးယောက်စည်းစည်းလုံးလုံးနဲ့အရမ်းကိုချစ်ကြတယ် မောင်ကလည်းအပြင်မှာဘယ်လောက်ဆိုးနေပါစေ မေကတားရင်ချိန်းပွဲတွေပါဖျက်တတ်တယ် မေကလည်းငယ်ငယ်ကတည်းကမိခင်မေတ္တာချို့တဲ့ခဲ့တဲ့မောင်ငယ်လေးအပေါ်မိခင်လိုတစ်ဖုံ အမလိုတစ်လှည့်ဂရုစိုက်ပေးတတ်တယ်
YOU ARE READING
Maple Diary
RomanceUnicode မင်းအကြောင်းတွေးမိတိုင်းအမှတ်မရှိခုန်ပေါက်နေတတ်တဲ့ ငါ့နှလုံးသားက ငါ့အပိုင်မဟုတ်ခဲ့တာကြာပါပြီ။ Zawgyi မင်းအကြောင်းတွေးမိတိုင်းအမှတ်မရှိခုန်ပေါက်နေတတ်တဲ့ ငါ့နှလုံးသားက ငါ့အပိုင်မဟုတ်ခဲ့တာကြာပါပြီ။