𝑃𝑎𝑟𝑡-2

10 2 0
                                    


[Unicode]

"မေလေး"

"ရှင်"

"ကျောင်းပြီးရင်ဘာလုပ်မှာလဲ"

"မေကတော့ကျောင်းပြီးရင်ဥပဒေပညာ(Law)တက်ချင်တယ်"

"မေလေးကရှေ့နေမလေးလုပ်ချင်တာပေါ့"

"အမှတ်မှီဦးမှပါလေ"

"မှီမှာပါမေလေးရယ်"

"မမကရော ဘာလို့စီးပွားရေးတက်တာလဲ"

"‌အဖေ့လုပ်ငန်းတွေဦးစီးရမယ်လေ"

"အော်..."

"ခနနေကျူရှင်သွားရတော့မယ်မလား ပြင်ဆင်တော့လေ"

"ဟုတ်တယ်မမ မေစာသွားနွှေးလိုက်တော့မယ်နော်"

"နောက်မှတွေ့မယ်မေလေး"

"ဟုတ်မမ"

သတိပေးလိုက်မှအလောတကြီးကျူရှင်သွားဖို့ပြ င်နေတဲ့ကလေးမလေးက မေ့နေဟန်တူတယ်၊သူမကိုတွေ့ရတိုင်းနှောင်းရင်ထဲမှာအေးချမ်းမှုနဲ့မြတ်နိုးမှုလေးတွေနိုးထလာတတ်တယ် ဒါပေမယ့်အမြဲလိုလိုခံစားချက်တွေကိုဖုံးကွယ်ထားမိတယ်၊LGBTတွေများလာတဲ့ခေတ်ဆိုပေမယ့် ဒီကလေးမကိုတော့သူ့ကြောင့်အခက်မတွေ့စေချင်ပါ အရာရာကခက်ခဲမည်လေ အမည်မဖော်လိုတဲ့အပြုံးတစ်ခုကိုသာပြုံးရင်းဆိုင်လေးထဲကထွက်လာခဲ့တယ်

~~~

"အဖေ သားပြန်ရောက်ပြီ"

"စောလှချည်လားသားငယ်"

"ဟင်း! မပြောချင်တော့ပါဘူးအဖေရယ်"

"ဘာကိုလဲကွ ရန်ဖြစ်လာပြန်ပြီလား"

"သားဖြစ်တာမဟုတ်ပါဘူး ဟိုကောင်တွေကရန်လာစတာ"

"အဲ့တာနဲ့ပဲ သူတို့နဲ့ရန်ဖြစ်ခဲ့တယ်မလား"

"မဖြစ်ရသေးပါဘူး ဆရာမတွေကမိသွားလို့မဖြစ်လိုက်ရဘူး"

"တော်သေးတာပေါ့ကွာ သားငယ်မင်းစိတ်ကိုထိန်းစမ်းပါ ရန်ဖြစ်တာမကောင်းဘူး"

"သားသိပါတယ်ဖေဖေကလည်း သူတို့ကရန်လာလာစနေတာလို့ဟာကို"

နှုတ်ခမ်းထော်ကာဆူပုတ်ပြီးမကျေမနပ်ပြောနေပုံက ကလေးစိတ်မပျောက်သေးသလိုပင်

Maple Diary Where stories live. Discover now