Unicode
-----
"မေလေး"
"ရှင် မမ"
"ကိုယ်လေ..."
"ဝါးလားလားရေခဲမုန့်တွေရမယ်နော်...100တန်ပါတယ် 200တန်ပါတယ်...."
"ဟမ်...ရေခဲမုန့်တဲ့မမ"
"စားချင်လို့လား"
"ဟုတ်မမ"
"ခနလေးစောင့် ကိုယ်သွားဝယ်လိုက်မယ်"
"ဟုတ်"
ရေခဲမုန့်သွားဝယ်လာပြီး ပြုံးကာပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာထိုင်စောင့်နေသူဆီ အရည်မပျော်ခင်အမြန်လေးပြေးသွားကာပေးလိုက်တယ်။
"အရည်ပျော်ကုန်တော့မယ်"
ရာသီဥတုကပူတာကြောင့် ရေခဲမုန့်ကိုအရည်မပျော်ခင်အမြန်လေးစားလိုက်ပြီးမှ ခုနကစကားပြောရန်ပြင်ခဲ့တာကိုသတိရမိသည်။
"မမ ခုနကဘာပြောမလို့လဲဟင်"
"ဟမ်....အာ....ကိုယ်...အဲ့တာကလေ"
"ဟော...ဘာလို့စကားတွေထစ်နေတာလဲ မမ မပီသလိုက်တာ"
ပြောပြီးလက်ထဲကတစ်သျှူး(tissue)လေးနှင့် နှုတ်ခမ်းနားကရေခဲမုန့်အချို့ပေနေသည်ကိုသုတ်ပေးလိုက်မိတယ်။မျက်ဝန်းများလက်လာကာအံ့ဩသလိုလေးကြည့်လာတဲ့မမကိုပြန်ပြုံးပြလိုက်ပြီး
"ဆက်ပြောလေမမရဲ့"
"အမ်....အဟမ်း....ဘာမှမဟုတ်တော့ပါဘူး...ဟိုကလေးတွေလည်းအခုထိကားထဲကကိုထွက်မလာကြဘူးပဲ"
(အခုကဖွင့်ပြောဖို့အချိန်မကျသေးဘူးထင်တယ် ငါပိုပြင်ဆင်မှပါပဲ)
"ဟုတ်တယ်နော်မမ အဲ့ကလေးတွေဘာများလုပ်နေကြပါလိမ့်... နှစ်ယောက်လုံးအိပ်ပျော်နေတာများလား"
"အိပ်ပျော်နေရင်လည်းထားလိုက်ပါတော့"
"ဟုတ်ပါ့မမရယ်"
"ဒီပန်းခြံကိုမှတ်မိလား မေလေး"
"မှတ်မိတယ်...မေလေးတို့ပထမဆုံးတွေ့ကြပြီး မမကမေ့ကို mapleရွက်လေးပေးခဲ့တဲ့ပန်းခြံလေး"
ခေါင်းငုံ့သွားပြီးပါးလေးတွေရဲတက်လာသူကို နှောင်းမြင်ဖြစ်အောင်ကိုမြင်လိုက်ပါသေးတယ်....
YOU ARE READING
Maple Diary
RomanceUnicode မင်းအကြောင်းတွေးမိတိုင်းအမှတ်မရှိခုန်ပေါက်နေတတ်တဲ့ ငါ့နှလုံးသားက ငါ့အပိုင်မဟုတ်ခဲ့တာကြာပါပြီ။ Zawgyi မင်းအကြောင်းတွေးမိတိုင်းအမှတ်မရှိခုန်ပေါက်နေတတ်တဲ့ ငါ့နှလုံးသားက ငါ့အပိုင်မဟုတ်ခဲ့တာကြာပါပြီ။