𝑃𝑎𝑟𝑡-3

6 2 0
                                    


Unicode

~~~

"Hello Myanmar"

"မြန်မာပြည်ကသဘာဝဆန်ပြီးလှပတယ်လို့ငါကြားဖူးတယ် အဲ့နေရာတေ‌ွအကုန်လုံးကိုငါရောက်ဖူးချင်တယ် လိုက်ပို့မယ်မလားရစ်ချက်"

"ဒါပေါ့ Golden landရဲ့အလှအပကိုနင့်ကိုအကုန်ပြပေးမှာ"

"‌ရေး ပျော်လိုက်တာ"

"ရစ်ချက်"

"အမနှောင်းလာတာနောက်ကျတယ်မထင်ဘူးလား"

"ရောက်လာတာပဲမလား အဓိက ကအဓိကပဲ"

"တနေရာရာကိုအရင်သွားနေခဲ့တဲ့ပုံပဲ"

"ဒီကလေးမကဘယ်သူလဲရစ်ချက်"

"ဒါကဒေစီလေ ဟိုတနေ့ကဖုန်းပြောတုန်းကတခါထဲပြောပြမလို့ကိုဖုန်းအမြန်ချသွား.."

"အိမ်ပြန်လိုက်ပို့မယ်"

"ဟေ့ အမ တယောက်ယောက်စကားပြောနေတာကိုကြားဖြတ်ပြောတာရိုင်းစိုင်းတဲ့အပြုအမူတစ်ခုပဲနော်"

သူပြောတဲ့စကားတွေကိုကြားပုံမရဘဲ ကားဆီကိုသာဦးတည်လျှောက်နေတဲ့နှောင်းကတစ်စုံတစ်ရာကိုအလျင်လိုနေဟန်။

"Daddyရော?"

"Companyမှာရှိနေလိမ့်မယ် ဖုန်းဆက်ပြောထားတာမို့ ခနနေပြန်လာလိမ့်မယ် ငါသွားစရာရှိသေးတယ် အိမ်မှာအေးဆေးနေခဲ့ကြ"

"ဟုတ်ပါပြီ သွားပါ အရေးကြီးတဲ့လူဆီကိုသာသွား"

ဆိုဖာပေါ်မှီထိုင်ကာဖုန်းကစားရင်းပြောလိုင်တဲ့ရစ်ချက်စကားအဆုံးမှာနားထောင်တဲ့လူဘယ်သူမှရှိမနေတော့။ဒေစီကအိမ်အပေါ်ထပ်ကသူ့အခန်းကိုတက်သွားရင်းလှည့်ပတ်ကြည့်နေခဲ့တယ်။နှောင်းကတော့...

~~~

"ဖြေနိုင်လား မေလေး"

အသည်းအသန်ပြေးလာရင်း ခနတောင်အသက်ဝဝမရှူနိုင်ပဲ နှောင်းကအမြန်လေးမေ့ကိုကြည့်ကာမေးလိုက်တယ်။ဒီမျက်နှာလေးမြင်နေရမှတော့ အမောဖြေဖို့လိုဦးမယ်တဲ့လား။

"ဖြေနိုင်ပါတယ် မမအရမ်းမောနေတဲ့ပုံပဲ တခုခုသောက်မလား"

"ရပါတယ် မေလေးကိုစာဖြေခန်းထဲမဝင်ခင်အားပေးစကားပြောရင်းလာတွေ့မလို့လုပ်ထားတာကို အခုတော့နောက်ကျသွားပြီ"

Maple Diary Where stories live. Discover now