𝑃𝑎𝑟𝑡-7

2 1 0
                                    

Unicode

"သမီးလေးနှောင်း"

ခွန်းတုံ့ပြန်ချင်စိတ်ရှိမနေတာမို့အကြည့်စူးစူးတစ်ချက်သာပေးလိုက်တော့

"အန်တီဆေးထည့်ပေးပါရစေသမီးနှောင်း"

"မလိုဘူး"

လောကွတ်ချော်ပြနေတဲ့မိထွေးကိုလည်းကြည့်မရပါ၊ဘာတွေများသူတော်ကောင်းလုပ်ချင်နေလဲမသိ၊အားနေရင်ကိုယ့်သားနဲ့ကိုယ့်ယောက်ျားကိုသာဂရုစိုက်စမ်းပါလို့ပြောချင်စိတ်ကိုမနည်းထိန်းထားကာ ဒေါသဖြင့်ကားကိုကမူးရှုးထိုးမောင်းထွက်လာခဲ့တာ ဒီဆိုင်ကိုပဲရောက်လာပြန်ပြီ။

"အယ် မမ"

"မေလေးဆိုင်ကိုရောက်နေတာပဲ"

"ဟုတ်တယ်မမ မနက်ကပြန်လာပြီးတော့ရေချိုးပြီးဆိုင်မှာပဲအဖေ့ကိုလာကူလိုက်တာ"

"အင်း ကိုယ့်ကိုပုံမှန်အတိုင်းပဲပြင်ပေးပါ"

"ဟုတ်မမ"

ခနနေတော့စားစရာတွေလာချပေးပြီးအနားမှာလာရပ်နေသူ့ကိုဘာလို့လဲမေးလိုက်တော့..

"မမ မနက်ကအိမ်ကိုပြန်သွားတာမလား? အိမ်နဲ့အဆင်ပြေတယ်မလား?"

"…"

"အယ်...မေ စပ်စုတာမဟုတ်ပါဘူးမမ ဒီတိုင်းပဲမမပုံစံကစိတ်ရှုပ်လာတဲ့ပုံမို့ မေးကြည့်တာပါ"

"ကိုယ်အဆင်ပြေပါတယ်...."

"ဟုတ်မမ"

"နှောင်းအမရာ..!"

ခေါ်သံစူးစူးကြောင့်နှစ်‌ယောက်လုံးတစ်နေရာထဲကိုတပြိုင်နက်ကြည့်မိလိုက်ကြတယ်။ရင်းနှီးနေပေမယ့်မထင်မှတ်ထားတဲ့အသံကဒီနေရာမှာမှပေါ်လာရတယ်တဲ့။ကံဆိုးမှုတွေရဲ့အစကိုဘယ်သူမှကြိုမသိခဲ့နိုင်ကြပါဘူး။

"ဒီကိုဘလိုသိတာလဲ?"

"ငါသိချင်ရင်မခက်ပါဘူး"

"ဘာလာလုပ်တာလဲ?"

"ငါစုံစမ်းထားပြီးသားနင်တို့အကြောင်းတွေကို"

အနားမှာကြောင်တောင်တောင်လေးရပ်ကာကြည့်နေသူကို

"မေလေး ခနရှောင်ပေးလို့ရမလား"

Maple Diary Where stories live. Discover now