Unicode
"အား!!!! P'Jefff "
"Jeff....Jeff....."
"P'Jeff kaaa"
"အရမ်းချောတာပဲ P'Jeff ရယ်"
"P'Jeff ကိုကိုးကွယ်လို့ရမလား"
"ချစ်တယ်နော် P'"
ပွဲတစ်ပွဲသွားတိုင်း Jeff ကြားနေကျစကားများပင်။
Jeff ၀င်လာတာနဲ့ အုံလိုက်ကျင်းလိုက် စုဝေးပြီး စောင့်နေကြတဲ့လူအုပ်ကြီးက နှစ်လိုဖွယ်စကားများနဲ့ Jeff ကိုဆီးကြိုလေ့ရှိကြပြီး သူတို့ဖုန်းနဲ့ မှတ်တမ်း ဓါတ်ပုံ/ ဗွီဒီယိုများ ရိုက်ကြသည်။
ထိုလူအုပ်ကားတခြားမဟုတ်၊ Jeff ရဲ့ပရိသတ် စနေမလေးများဖြစ်၏။
"မင်္ဂလာပါခင်ဗျ"
"ကျေးဇူးပါ"
ထိုလူအုပ်ကြီးကို ပြုံးပြုံးလေးနှင့် လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်သော Jeff မျက်လုံးများမှာ တစ်လောကလုံးကို အပိုင်စားရထားသလို ကျေနပ်၀မ်းမြောက်စွာ ပြုံးလျက်
~~~~~~~~~~~~~~~~"ပင်ပန်းနေပြီလားဗျ"
သီချင်းသုံးလေးပုဒ်ဆိုအပြီးမှာ မိမိနဲ့အတူလိုက်ဆိုကြသော စင်အောက်က လူအုပ်ကြီးကို Jeff က ဂရုတစိုက် မေးရှာသည်။
"မပင်ပန်းပါဘူး"
မပင်ပန်းကြောင်း တစ်ယောက်တစ်ပေါက် အော်ဟစ်ဖြေကြသည်ကို Jeff က ရင်ဘတ်လေးဖိရင်း ပြုံးနားထောင်သည်။
"Jeff ကတော့ေမာတယ်ဗျ၊ ချောမောမှုတွေသယ်ပိုးထားရတာ တကယ်ပင်ပန်းတယ်"
"အား!!!"
"ချစ်စရာလေး"
"P'Jeff မှန်တယ်"
"P'Jeff တအားမှန်တယ်ရှင့် 😭"
Jeff ရဲ့တီတီတာတာ စကားလေးေတွကြောင့် စနေမတွေအကုန် လှုပ်ခါအုံကြွသွားရတော့သည်။
ဒီနတ်ဘုရားက သူ့ကိုေစာင့်ကြည့်ေနတဲ့ ပရိသတ်တွေရဲ့စိတ်ကို အလွတ်ဖတ်နိုင်သူတစ်ယောက်...... ပရိသတ်တွေ ကိုငြိမ်အောင် ဘယ်လိုလုပ်ရမလဲသိသလို၊ အော်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပါသူသိသည်။
ဘယ်လိုပြုံးရင် အခစားခံရမလဲ ကစလို့ ဆံပင်ရှည်လွှလွှတို့ကို ဘယ်လိုကစားပြလိုက်ရင် ကိုးကွယ်ခံရမလဲ သူကောင်းကောင်းသိ၏။
YOU ARE READING
𝐂𝐨𝐝𝐞 𝐓𝐨 𝐓𝐡𝐞 𝐒𝐚𝐭𝐮𝐫𝐧 🪐 (𝐌𝐢𝐧𝐢 𝐅𝐚𝐧𝐟𝐢𝐜)
Fanfiction🚨 Unicode လူအများက နတ်ဘုရားလို့တင်စားရလောက်အောင် ပြီးပြည့်စုံတဲ့ Jeff ရဲ့ဘ၀ထဲကို သာမန်တက္ကသိုလ်ကျောင်းသားလေး Barcode က FanBoy ဆိုတဲ့ခေါင်းစဉ်နဲ့ ရောက်လာခဲ့တယ်။ Jeff ဟာ သူ့ရဲ့ အမှောင်ဘက်ခြမ်းဖြစ်တဲ့ Saturn ဘ၀ကို သူချစ်ရတဲ့ FanBoy လေးကိုပြသပေးဖို့ကြိ...