Unicode
"သူဆုံးသွားပြီးနောက်ပိုင်း သူ့အမွေတွေအကုန်ကိုယ်ရလိုက်တယ်၊ ဒါပေမယ့် ကိုယ် လမ်းပျောက်နေခဲ့တယ်၊ မူးယစ်ဆေးတွေလည်းသုံးခဲ့မိတယ်"
မိမိ လက် မောင်း ပေါ်ခေါင်းအုံးရင်း နားထောင်နေတဲ့ကလေးငယ်ရဲ့ ဆံပင်အိအိလေးများကို ပွတ်သပ်ရင်း Jeff က သူ့ဘ၀အကြောင်းဆက်သည်။
"အခုထိသုံးသေးတယ်လို့တော့ ကျွန်တော့်ကိုမပြောနဲ့နော်"
ခေါင်းလေးမော့ကာ အတည်ပြုမေးခွန်းမေးရှာတဲ့ကလေးငယ်နဖူးကို အနမ်းဖွဖွပေးလိုက်ပြီး
"အဲ့တုန်းကသုံးခဲ့တာပါ"
"------------"
"တစ်နေ့ကျတော့ ကိုယ့်ကိုခဲနဲ့ထုခဲ့တဲ့ဂေဟာကကောင်ကို ပြန်တွေ့ခဲ့တယ်၊ ဘာကြောင့်မှန်းမသိဘူး သူ့ကိုမြင်လိုက်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ကိုယ်ထဲက မကောင်းတာတစ်ခုခုက ထကြွလာသလိုပဲ"
"--------------"
"ကိုယ်သူ့ကိုသတ်ပြီး လတ်စဖျောက်ခဲ့တယ်။ အဲ့ညက ကိုယ့်ဘ၀ရဲ့ စေတန်ဘက်ခြမ်းအစပြုတဲ့နေ့ပဲ"
~~~~~~~~~~~~~~~~~~~အင်္ကျီနဲ့ဘောင်းဘီကို နေရာတကျ ပြန်လည်၀တ်ဆင်နေသော Jeff ကို Barcode တစ်ယောက် စောင်ပုံထဲကနေငေးကြည့်နေမိသည်။
ပကတိဒီလူသားဟာ လွန်ခဲ့တဲ့မိနစ်ပိုင်းလေးကမှ ပူပူနွေးနွေး မိမိကို သိမ်းပိုက်ခဲ့သည့် တပ်မက ်ဖွယ်တစ်စုံတစ်ရာပါလား။
ရှုပ်ေထွးလှတဲ့ ခံစားချက်တို့ကို လျစ်လျူရှုရင်း ဒီလူဟာ ဘယ်လိုလူများလဲ အတွေးများချဲ့ကားနေမိပြန်၏။ တစ်ဆထက်တစ်ဆ နှစ်၀င်မိပြန်တဲ့ မိမိကိုယ်ကိုယ်လည်း မယုံနိုင်အောင်ရှိနေ၏။
အ၀တ်ဗလာကျင်းနဲ့ မိမိခန္ဓာကိုယ်ဟာ စိတ်အလိုလိုက်ခဲ့မိတဲ့ အမှားတစ်ခုရဲ့သက်သေဖြစ်မယ်ဆို သူ့ဆီယိမ်းယိုင်သွားမိတဲ့ ခံစားချက်ကိုသာ အပြစ်ဖို့လိုက်ချင်တော့သည်။
"မင်းကို ဒီအခန်းထဲ ပိတ်ထားရလို့ ကိုယ်တောင်းပန်ပါတယ်နော်၊ မကြာခင်ဒီ့ထက်ပိုကောင်းတဲ့အခန်း ကိုယ်စီစဉ်ပေးမှာပါ"
"ပြွတ်"
ဒုတိယမြောက်အနမ်းကို နဖူးပေါ် ထပ်ခြွေလိုက်ပြီး နောက် တံခါးပိတ်ထားတဲ့အခန်းထဲကျန်ခဲ့သူမှာ Barcode တစ်ယောက်တည်း။
YOU ARE READING
𝐂𝐨𝐝𝐞 𝐓𝐨 𝐓𝐡𝐞 𝐒𝐚𝐭𝐮𝐫𝐧 🪐 (𝐌𝐢𝐧𝐢 𝐅𝐚𝐧𝐟𝐢𝐜)
Fanfiction🚨 Unicode လူအများက နတ်ဘုရားလို့တင်စားရလောက်အောင် ပြီးပြည့်စုံတဲ့ Jeff ရဲ့ဘ၀ထဲကို သာမန်တက္ကသိုလ်ကျောင်းသားလေး Barcode က FanBoy ဆိုတဲ့ခေါင်းစဉ်နဲ့ ရောက်လာခဲ့တယ်။ Jeff ဟာ သူ့ရဲ့ အမှောင်ဘက်ခြမ်းဖြစ်တဲ့ Saturn ဘ၀ကို သူချစ်ရတဲ့ FanBoy လေးကိုပြသပေးဖို့ကြိ...