God's Found His Code

471 49 47
                                    

Unicode

"အား ကျွတ် ကျွတ် ကျွတ်"

ခန္ဓာကိုယ်အနှံ့က နာကျင် ကိုက်ခဲမှုတို့နဲ့အတူ နိုးထလာသောမနက်ခင်း........တကယ်တော့ မနက်ခင်းလား ညနေခင်းလားတောင် Barcode သဲကွဲမနေပါ၊ မျက်လုံးဖွင့်လိုက်သည်နှင့် မရင်းနှီးသောအခန်းတစ်ခန်းရဲ့ ကုတင်ပေါ်မယ် အိပ်ပျော်နေကြောင်း သိလိုက်ရသည်။

"ငါဘယ်ရောက်နေပါလိမ့်"

အင်မတန် သပ်သပ်ရပ်ရပ်ရှိလှသော အခန်း၀ယ် ပစ္စည်း ပစ္စရာများက သူ့နေရာနှင့်သူ ပနံသင့်စွာရှိနေသည်။ ရှင်းလင်းပြေပြစ်လှသော အဖြူရောင်နံရံထက်၀ယ် ပန်းချီကားချပ်တချို့ကို စည်းစနစ်ကျစွာချိတ်ဆွဲထားသည်။

တစ်ခန်းလုံးကိုပါတ်ပါတ်လည် အခေါက်ပေါင်းများစွာ ကြည့်လိုက်တာတောင် နည်းနည်းလေးမှ ရင်းနှီးမနေတာကြောင့် ဖြစ်ပျက်ခဲ့သည်များကို ကြိုးစားစဉ်းစားလိုက်သည်။

နောက်ဆုံးအကြိမ် Barcode မှတ်ဉာဏ်ထဲကျန်ခဲ့သည်က လူသုံးယောက်က မိမိကိုဝိုင်းထိုးနေခြင်းပင်။ ထိုစဉ်.....

"ဂျလောက်!"

တံခါးဖွင့်သံကြောင့် အသံကြားရဆီသို့လှည့်ကြည့်လိုက်တော့ Barcode မေးရိုးကြီး ပြုတ်ကျသွားလုနီးနီးဖြစ်သွားရတော့သည်။

"P' P'Jeff....P'Jeff"

Jeff ကိုမြင်မြင်ခြင်း ရုတ်တရတ် အံ့ဩ ထိတ်လန့်သွားပြီးနောက် သတိပြန်၀င်လာတော့ အိမ်မက ်အမှတ်နှင့် ကိုယ်ပါးကိုယ်ပြန်ချပစ်လိုက်သည်။

"ဖြန်း!"

"အ!!"

"Hey မင်းမျက်နှာမှာဒါဏ်ရာတွေနဲ့လေ"

မျက်နှာက ဖူးယောင်ဒါဏ်ရာတွေကို မေ့နေဟန်ဖြင့် ကိုယ့်ပါးကိုယ်ပြန်ချပစ်လိုက်သူ Barcode ကိုကြည့်ရင်း Jeff က ပြောသည်။

"P'Jeff...P'Jeff မလားဟင်?"

"ဟုတ်တယ်လေ၊ ကိုယ့်မျက်နှာကို မင်း မမှတ်မိစရာအကြောင်းမရှိဘူးထင်တယ်နော်"

"P'Jeff က ဘာဖြစ်လို့........အဲ ဟို....ကျွန်တော် ကျွန်တော် ဘယ်ရောက်နေတာလဲဟင်?"

"ကိုယ့်အိမ်မှာလေ"

"ဟမ်!!!!"

Jeff တောင် မသိမသာလေးနောက်လန်သွားသည်အထိ ထအော်လိုက်သော Barcode အသံဖြစ်သည်။

𝐂𝐨𝐝𝐞 𝐓𝐨 𝐓𝐡𝐞 𝐒𝐚𝐭𝐮𝐫𝐧 🪐 (𝐌𝐢𝐧𝐢 𝐅𝐚𝐧𝐟𝐢𝐜)Where stories live. Discover now