The Moment

491 50 22
                                    

Unicode

"ဟေ့ မင်းတို့ ဘယ်သူတွေလဲ၊ ဘာလာလုပ်တာလဲ"

နားနေခန်းထဲမှာ ပွဲစီစဉ်သူတွေကို နှုတ်ဆက်နေတုန်း အခန်းပြင်က အော်သံကြားသောကြောင့် ရုတ်တရတ်လှည့်ကြည့်လိုက် မိတော့ မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံကိုဖျတ်ခနဲမြင်လိုက်သည်။ ဖျတ်ခနဲဆိုသလို မျက်စိတစ်မှိတ်အတွင်း ထိုမျက်လုံးဝိုင်းဝိုင်းလေး ပျောက်ကွယ်သွားအပြီးမှာ

"ဘာဖြစ်တာလဲ၊ ဘယ်သူ၀င်လာတာလဲ"

"ကျောင်းသားလေးတွေပါ"

"အ၀င်အထွက်ကိုသေချာဂရုစိုက်ပါလို့ ဆိုတာကို"

"ရပါတယ်ဗျ"

ပုံမှန်ဆိုပွဲပြီးရင် တန်းပြန်တတ်ပေမယ့် ကျောင်းပွဲဖြစ်တာကြောင့် ကျောင်းရဲ့ သက်ဆိုင်ရာတွေကို နှုတ်ဆက်ပြီးမှပြန်တာပိုကောင်းလိမ့်မည်ဟု ယူဆသောကြောင့် ပွဲပြီးတော့ နားနေခန်းထဲပြန်၀င်ခဲ့ခြင်းပင်။

ထိုကဲ့သို့သော သာမန်မဟုတ်တဲ့ ပြောင်းလဲမှုသေးသေးလေးတွေက ဆန်းကြယ်သောတွေ့ဆုံမှုတစ်စုံတစ်ရာကို ဖန်တီးပေးတတ်မှန်း Jeff မသိခဲ့ပါလေ။

အခန်းထဲကထွက်လာပြီးနောက် လူသူရှင်းသော ကျောင်းနောက်ပေါက်ကနေ ပြန်ရန် ခပ်သွက်သွက် လှမ်းနေစဉ်

"ဖက် ဖက် ဖက်"

"အောင်မလေး‌ဗျ"

ဘုန်းဆို မိမိရှေ့ မှောက်လျက် ချော်လဲ သော ကျောင်းသားလေးတစ်ယောက်က Jeff ခြေလှမ်းတို့ကို ရပ်တန့်သွားစေသည်။

"Shiaa"

ထိုကျောင်းသားလေး ပါးစပ်က ခပ်တိုးတိုးဆဲရေးလိုက်ခြင်းဖြစ်ပေမယ့် Jeff ကြားဖြစ်အောင်ကြားလိုက်သည်။ ပြီးနောက် ခစ်ခနဲ မသိမသာရယ်လိုက် မိသည်။ ဘယ်လိုတောင် နမော်နမဲ့နိုင်လိုက်တဲ့ကလေးလဲ.....

"လုံခြုံရေး၊ လုံခြုံရေး"

လုံခြုံရေးလှမ်းခေါ်သော မန်နေဂျာဖြစ်သူကို လက်ကာကာလှမ်းတားလိုက်ပြီး ချော်လဲကျသော ထိုကျောင်းသားရှေ့မှာ ‌ဒူးတစ်ဖက် ထောက်ထိုင်လိုက်သည်။

သူ့ရှေ့ရောက်လာသော Jeff ကို တအံ့တဩကြည့်ပြန်သော မျက်၀န်းအစံုကိုမြင်တော့မှ Jeff ခေါင်းထဲစွဲကျန်ခဲ့တဲ့ ထိုမျက်လုံးဝိုင်းဝိုင်းတို့ကို ‌ထင်ထင်ရှားရှား မှတ်မိလိုက်သည်။ Jeff စိတ်နှလုံးတို့ကို ညင်ညင်သာသာလှုပ်နှိုးလိုက်သောလေး.......

𝐂𝐨𝐝𝐞 𝐓𝐨 𝐓𝐡𝐞 𝐒𝐚𝐭𝐮𝐫𝐧 🪐 (𝐌𝐢𝐧𝐢 𝐅𝐚𝐧𝐟𝐢𝐜)Where stories live. Discover now