↜ Part 1 ↝

821 33 5
                                    

Unicode

နှင်းဆီ နီနီတွေ တစ်ခင်းလုံးပွင့်နေတယ့်
ခြံကြီး တစ်ခြံ ...ခြံ အကြီးကြီး တော့ မဟုတ်ပေ
မယ့် ငြိမ်းငြိမ်းချမ်းချမ်းလေး တည်ရှိနေတယ့်ခြံ လေးပေါ့ မြို့ပြတွေ နဲ့ ကင်းဝေးပီး သိပ် လှတယ့် မနက် ခင်းလေး တစ်ခုမှာ.....

ကောင်ကင်ကနေရောင် ခြည်နဲ့ အတူ စိမ်းလန်း လှပနေတယ့် ထိုရပ်ဝန်းလေး ..
ငှက်ကလေး တွေရဲ့ တစ်ကျိကျိ စကားပြော သံလေး နဲ့အတူ ဟိုဘယ် သည်ဘယ်ယိမ်းခါနေတယ့် ဝါးရုံပင်လေး အောက်.အသက်ခပ်ကြီးကြီး အဘိုးအို တစ်ယောက်က မျက်မှန်ကိုင်း လေးကို ပင့်တင်းရင်း သူစိတ်ဝင်စား တယ့် စာအုပ် လေးကို
အသည်း အသန် ဖတ်နေခဲ့တယ် ...

ခပ်နွေးနွေး နေရောင်ခြည်အောက် လေညှင်း လေး တစ်ခါ ဝေ့တိုင်း ယိမ်းခါသွား
တယ့် ဝါးရုံ ပင်လေး ...
မျက်မှန်ကိုင်း ကို တစ်ခါ ပင့်တင် လိုက်တိုင်း
ပရေတွန့်စွာ မြင်နေရတယ့် သွေးကြောစိမ်းတွေ ဖျာ နေတယ့် လက်သွယ်သွယ် လေး မျက်မှန်ကိုင်းတွေ အောက် ပုန်းသျှိုးနေတယ့် အညိုရောင် မျက် ဝန်းလေးတွေ....

သဘောကျတယ့် စာစုလေးတွေ မြင်ရင် ကော့တက်သွားတက်တယ့် နှုတ်ခမ်း ပါးလေး အောက်က အမဲရောင် အစက်လေး ကို ပီပီပြင်ပြင် မြင်လိုက် ရတယ်....နေအုံး ဒါက အစက်က လေး လား ...မှည့်လေးလား...
လေးပြေ တစ်ခါ သုတ်တိုင်း ပါလာတက်တယ့် နှင်းဆီတို့ရဲ့ ရံနံ့က ပတ်ဝန်းကျင်တစ်ခို ပျံ့လွင့် လို့ ...

ထို အဘိုးအို လေးရဲ့ရှေ့တည့်တည့် မှာ တော့ကော်ဖီ ခွက် လေး အသာ ကိုင် ရင်း အပြုံးမပျက် ထိုင်ကြည့်နေတယ့် အဘိုးအို တစ်ယောက် ထိုင် နေသတယ့်ကွယ် ....

အဘိုး အိုလေးဟာ သူ့ရှေ့တည့်တည့် မှာရှိနေတယ့် သက်ရှိ မြတ်နိုး ရာ လေးကို တစ်စိမ့်စိမ့် ကြည့် ရင်း ပြုံးနေတယ် ...

" ချစ်ရသူ နဲ့ အတူ ရှိနေရတယ့် မနက် ခင်းလေးက ဘာနဲ့ မတူ ဘူး အဖိုးတန် ဆုံးပဲ "
ခပ်ပြုံးပြုံး ကြည့်နေတယ့်အဘိုး အိုလေးက စကား စတယ်....

ဟော ရှေ့က အဘိုးအို လေးက ပြုံးသွားတယ် အပြုံး တွေက အသက်ဝင် လိုက်တာ..

" မင်း ..လျှောက်ပြော နေပြန်ပြီ အသက် ကဖြင့် မငယ် တော့ ဘူး "
မှည့်နက် ပိုင်ရှင်လေးက ရှက်ဝဲဝဲ အသံ လေး နဲ့ စကား ဆိုတယ်...

Secret Love. ➹Where stories live. Discover now