↜ part 3↝

177 21 2
                                    

    Unicode   
  

       " ဝမ်ရိပေါ် "

အခန်းထဲ ဝင်လိုက်တာ နဲ့မိန်းကလေးတွေရဲ့ အသံက စီခနဲ ပဲ ဒါပါပဲ ဒါဟာ ဝမ်ရိပေါ်ရဲ့ အရှိန်အဝါ တစ်ခုပေါ့ ။

  အခန်းထဲ တစ်ချက်ဝေ့ကြည့်ရင်း နောက်ဆုံးတန်း ကနေ လက်လှမ်းပြ နေတယ့် သူငယ်ချင်း ဖြစ်သူဆီသာ လျှောက်သွား လိုက်တယ်။

လူတွေက စိတ်ပျက်စရာ ကောင်းတယ်လေ ဒါကြောင့် ဝမ်ရိပေါ်ဆိုတယ့်ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ ဟန်မင်ယောင်း တစ်ယောက်ပဲ ရှိတယ် ။

လူတွေက ကိုယ့်ရဲ့ စည်းစိမ်းချမ်းသားမှုတွေကို မက်မောပြီးအပေါ်ယံ လာပတ်သက်ကြတယ့် လူတွေ ပါဘဲ ကိုယ့်အပေါ် အရှိတိုင်းဆက်ဆံပေးတာဆိုလို့ ရှေ့ကဖြူစုတ်စုတ်ကပြားကောင်တစ်ယောက်ပဲ ရှိတယ် ။

" ဖေ့သားကြီးက နောက်ကျလိုက်တာတစ်ချိန်တောင်လွတ်သွားပြီ "

" ညကဂိမ်းဆော့တာ နည်းနည်းများသွားလို့ "
သူပြောလိုက်တော့ ခေါင်းအသားငြှိပ်ရင်း ထင်သားပဲ ဆိုတရ့် သဘော ကြည့်လာပြီး ဖုန်းကိုသာ အသည်းအသန် ကြည့်နေတယ် ။

" ဒါဆို ဒါကြတော့ရော "
ပြုံးစိစိ နဲ့ ရှေ့က ဖုန်းထောင်ပြတယ့် မင်ယောင်းကို မျက်မှောင်ကုတ်ကြည့် ရင်းဖုန်းကို အသာစောင်းကြည့် လိုက်တယ် ။

  " ဟက် " ဆံပင် တစ်ချက်သပ်တင်းရင်း မင်းရော ဘယ်လို ထင်လဲ ပုံစံ နဲ့ လူကိုကြည့်နေပုံက ဖျက်ရိုက်ခြင် စရာ ။

" ဟာ ဒီခွေးကောင်ပြောလေကွ  အဲ့ကျောပြင်ဖြူဖြူလေးက ဘယ်သူလဲ  "သိခြင်စိတ်ဖြင့်မေးနေတယ့် ရှေ့က အဖြူကောင်ကို ခေါင်းအသာ ခါရင်း .

"ကျောင်းရှေ့မှာ ဝင်တိုက်မိတယ့်လူ "
ဟုတ်ပါတယ် ခုဆို ဝမ်ရိပေါ်တို့သတင်းက တစ်ကျောင်းလုံးကို ပျံ့သွားပါပြီ ။
ကိုယ့်ကို နည်းနည်းလေး လာထိ ရင်တောင် များများ ပြန်ထိ လိုက် ရမှကျေနပ်တယ့် ဝမ်သခင်လေးက သူ့ကို ဝင်တိုက်တယ့် လူကို ဘာမှ မလုပ်ပဲ လှည့် ထွက်ခဲ့တယ်ဆိုတာ တစ်ကယ် အထူးအဆန်း ကြီးဖြစ်နေကြပြီ ထင်တယ် ။

" မင်း ဒီတိုင်းလွှတ်ပေးလိုက်တယ်ပေါ့ ဝေါင်း "
" အတာ ဘာဖြစ်လဲ "
" ထူးဆန်းတယ် မင်းအရင်က ဒီလိုမဟုတ်ဘူးလေ "
" အင်း သူ့မျက်လုံးတွေက စိတ်ရှုတ်ဖို့ ကောင်းလို့ လွှတ်ပေး လိုက်တယ် "
* ဒေါက် *
ဟန်မင်ယောင်း ရဲ့ဖုန်းလက်ထဲက ပြုတ်ကျသွားတယ် ။

Secret Love. ➹Where stories live. Discover now