↜part 5↝

122 15 0
                                    

Unicode

  အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတွင်

" ကျိရန် ...ငါဒီမှာ "
အကောင်သေးသေး ကောင်လေးက အရပ်ရှည်ရှည်နဲ့ ကောင်လေး ကို လက်လှမ်းပြပြီး သူ့ရဲ့ မူပိုင်အပြုံးလေး နဲ့ ယုန်သွားလေးတွေ ပေါ်အောင် ပြုံးပြနေတယ်။

အရပ်ရှည်ရှည်နဲ့ ကောင်လေးကပြုံးပြပြီး လျှောက်လာ တယ်။

"အိုက်ယား ..ရှောင်ကျန့် ငါမင်းကိုလွမ်းနေတာ"
ကျိရန်ရဲ့ စကား ကိုကြားတော့ ရှောင်ကျန့်က မျက်ခုံးတွေ ကြုံ့သွားတယ်။

"ငါက မင်းဟိုမှာ ယောကျာ်းရနေပြီ ထင်တာကျိရန် ဒီတိုင်းဆို...အင်း မင်းမရသေးဘူး ထင်တယ်"

" ဟာ ရှောင်ကျန့် ခွေးကောင် "

" လာ ပါကွာမင်းပြန်လာ တယ့်အထိမအမှတ်အနေနဲ့ ငါ့ကို တစ်ဝိုင်းကျွေး "

" အငတ် ကောင် "

" ဟားး..ဟားး.သိရင်ဝယ်ကျွေး လိုက်လေ "
ရယ်မော ပျော်ရွှင်ပြီး လေဆိပ်ထဲက ထွက်သွား တယ့် ကောင်လေး နှစ်ယောက်ကို မလှမ်းမကမ်းက နေ ရပ်ကြည့်နေတယ့် ကောင်ငယ်လေး တစ်ယောက်လဲ ရှိနေခဲ့တယ်။
ဝမ်ရိပေါ် ဒီနေ့ မားက သားဝမ်ရဲ့ အကိုဟောက်ရွှမ်း ပြန်ရောက်မှာ မို့သွားကြို လိုက်ပါဆိုတယ့် စကား ​​ကြောင့် သူလေဆိပ်ကို ရောက်နေတာ။

ချိန်းထားရင်တောင် လွဲပါအုံးမည် သူ ဟိုရှောင်ကျန့်ဆိုတယ့် လူနဲ့ လေဆိပ်မှာ လာဆုံတယ် သူကတော့ကိုယ့်ကိုယ်တောင်မမြင် ဘေးက အသားဖြူ ကောင်နဲ့ ရယ်လို့မော လို့ ဘာကို အလိုမကျမှန်း မသိ ဖြစ်နေတယ့် သူ့စိတ်ကို လဲဝမ်ရိပေါ်နားမလည်။

" မင်းနဲ့ အသိလား ရိပေါ် "

သူခေါင်းခါ ပြလိုက်မိတယ် ဟုတ်တယ်လေသူနဲ့ရှောင်ကျန့်က သိမှ မသိတာ။
ကောရဲ့ ဟုတ်လို့လားဆိုတယ့်အကြည့်ကြောင့်

" ဒီတိုင်း တစ်ခါ ဆုံဖူးရုံပါကောရာ အသိမဟုတ်ပါဘူး .အင်း ဒီတိုင်းပါပဲ "

" ဟုတ်ပါပြီ ရိပေါ်ရာ ကောက မင်းအသိထင်သွား လို့ပါ မင်းက လိုက်ကြည့်နေတော့လေ "
သူ အဲ့လောက်တောင် ကြည့် ခဲ့မိတာ လား မဖြစ်တော့ ဘူး ဝမ်ရိပေါ်ဆေးခန်းပြ ရတော့မယ် ဒီရက်ပိုင်း စိတ်တွေ မမှန်ဘူး။

Secret Love. ➹Where stories live. Discover now