↜Part 7↝

221 18 0
                                    

Unicode

   " တောက်စ် ဟာကွာ ..ဘုန်း .."
မင်ယောင်း တစ်ယောက် စိတ်မရှည်စွာ
car body  ကိုကန်ကြောက်နေမိတယ်။

" အင့် ဟင့် အီးဟီး "
ဘေးက ငိုနေတယ့် ကိုကို အသေးလေးကိုလဲ မချော့အား ဘာကို ဒေါသ ထွက်လို့ ထွက်နေမှန်း မသိ။
အသေးလေးက ဘာလို့ငိုနေမှန်းလဲ မသိ
ခေါင်းတွေ ရှုတ်နေပြီ။

" ကျစ် ...ဘာလို့ငိုနေတာ လဲ ဗျာ သူများတွေ ကြားရင် ခင်ဗျားကို မဒိန်းကျင့်နေတယ် ထင်ပါအုံးမယ် ကျုပ်ကို လူရုတ်မာဇာတ် သိပ်မသွင်း နဲ့နော် ကျုပ်တစ်ကယ် ရုပ်မာ လိုက်လို့ရတယ်
ဆိုတာ ခင်ဗျားသိတယ်မလား "

ပိတ်ဟောက် လိုက်တော့ ငြိမ်သွားတယ်
ရှိုက်သံ တော့ကြားနေရတုန်း။
မဟောက် လို့မရ ဘူးလေ ခုသူတို့ရောက်နေတာက
Club ရဲ့ကားပါကင်မှာ လူရှင်းနေတယ်ဆိုပေမယ့် အသေးလေးက ငိုနေတာ ရပ်မှ မရပ်ပဲ။

" ပြော ခင်ဗျား ဘာဖြစ်တာတုန်း "

" ငါ ..ငါအလုပ်ပြုတ် သွားပြီ ထင်တယ်အီးဟိီး "

" ဟာ ..."

မင်ယောင်း ဟာခနဲ တောင် အသံ ထွက်သွား
မိတယ်။ ရှိုက်ကြီး တငင်ငိုနေတာက အလုပ်ပြုတ်သွား လို့တယ့် လား အေးကောင်းရော ကိုယ့်မှာ သူကိုယ့်ကို ကြောက်ပြီး ငိုနေတယ် ထင်တာ။
ဝူရှင်းရှင်း..ခင်ဗျားနဲ့တော့နော်။

" တိတ် မငိုနဲ့ တော့ပြုတ်တော့ရော
ဘာဖြစ်လဲ  နေအုံး အဲ့နေရာ မှာ ဆက် လုပ်ဖို့ ခုထိတွေးနေတာ တော့မဟုတ်ဘူး မလား "

သူပြောလိုက်တော့ ငိုထားတယ့်မျက်လုံး အစ်အစ်လေး တွေနဲ့ သူ့ကို နားမလည်လို ကြည့်လာတယ်။

" အလုပ်တစ်ခု ရဖို့က လွယ်မှ မလွယ်တာ
ဒါတွေ မင်းတို့ လိုသူဌေး သားတွေက သိမှာ မဟုတ်ပါ ဘူး "

သူ့ကို ပြောခြင်တာ ပြောပြီး လှည့်ထွက်မို့ ပြင်နေတယ့် အသေး လေးကို အသာ ဆွဲ လှည့်ရင်း

" ဒါက ဘယ်လဲ "

" အလုပ်က သွားလို့မှ မရတော့တာ ပြန်
တော့မယ် လေ "

" ကားပေါ်တက် ကိုယ်လိုက်ပို့ပေးမယ် "

" ရတယ် ကိုယ့်ဘာသာ ပြန်မယ် "

Secret Love. ➹Where stories live. Discover now