↜part 4↝

143 18 0
                                    

   Unicode

တစ်ခုသော မနက်ခင်းတစ်ခုဝယ်
ဝမ်အိမ်တော် အတွင်းတွင်တော့ ......

  " ဒုန်း...ခလွမ်း "

ထမင်းစားခန်းတွင် မနက်စာ ပြင်နေသော ဝမ်မား တစ်ယောက် သားဖြစ်သူ အခန်းမှ အသွတွေ ကြောင့် အမြန် ပြေးတက် လာခဲ့ရာ ပန်းအိုးအား ရိုက်ခွဲ ထားသော သားတော်မောင်နဲ့ လန့်ဖျက်နေသော အိမ်အကူ မိန်းကလေး...
   
    " သားရယ် စိတ်လျှော့ပါ သူတို့က အသစ်လေးတွေ မို့ သား အကြောင်းမသိသေးလို့ ဖြစ်ရတာပါ နောက်ဆို မားမား ပြောထားပါ့မယ်ကွယ် "

"  ဟဲ့ ကလေးမ သွား အပြင်ထွက်တော့ "
ဝမ်သခင်မကြီးသည် သားတော်မောင်ကို
စိတ်လျော့ ဖို့ပြောရင်း အိမ်ကူ ကောင်မလေးကို လဲ အခန်းပြင် ထွက်ခိုင်းရတယ်။
ကိုယ့်သား အကြောင်း ကိုယ်အသိဆုံးမို့ ခုလဲ အိမ်ကူ ကလေးမလေး ခမျာ လန့်နေရှာတာ ။

" မားမား လဲသိရက်နဲ့ဗျာ သားဒီပစ္စည်းလေးကို
ဘယ်လောက်တန်ဖိုး ထားလဲဆိုတာ "

" မားမားသိပါတယ်ကွာ ပြောပြထားဖို့မေ့နေတယ့်မားမား အပြစ် ဟုတ်ပြီလား ခုတော့သား စိတ်လျော့ "

" မားမား အပြစ်မဟုတ်ပါဘူး ပေါ့ဆမိတယ့်ကျွန်တော့်အပြစ်ပါ ကျစ်.."

" ကဲပါ သားရယ် အောက်မှာသားစားဖို့မနက်စာ မား ပြင်ပြီးပြီ သားအဆင်သင့်ဖြစ်ရင်ဆင်း လာခဲ့နော်  ဒါနဲ့ ဒါတွေ သိမ်းဖို့ မား အိမ်အကူ လွှတ်ပေး လိုက် ရမလား သား "

" ဟအင်း မလွှတ် နဲ့မား သားဘာသာရှင်းမယ် နောက်ဆို သူတို့ကို သား အခန်းထဲ မဝင်ခိုင်းပါနဲ့ "

" အော် အင်းပါ သားရယ် ဒါဆို မားသွားတော့မယ်နော် မင်းပါးပါး အလုပ်သွား ဖို့သွား ပြင်ပေး လိုက်အုံးမယ် "

" ဟုတ်ကဲ့ သားပြီးရင်ဆင်းခဲ့ပါ့မယ် "

မား အပြင် ရောက်မှ သက်ပြင်းအသာချရင်း သက်မဲ့ ပုံရိပ်လေး တစ်ခု ကို အသာ ထိတွေရင်း...

" ဟူး ...တော်ပါသေးရဲ့ ခင်ဗျား ရဲ့တစ်ခုထဲသော အမှတ် တရ လေးပျက်စီး တော့မို့ "

ကောင်လေး နှစ်ယောက် ဆော့ကစား ပြီး ရယ်မောနေတယ့် ပုံလေးတစ်ပုံ မသေမသပ် ထိုပုံ လေးဟာ ဝမ်ရိပေါ်ရဲ့ အရေးကြီးဆုံးသော တစ်စိတ်တစ်ဒေသ
ပုံ ထဲက ကလေးလေးနှစ်ယောက်ဟာ အပူအပင်မရှိ ရယ်မောနေခဲ့တယ် ။

Secret Love. ➹Where stories live. Discover now