"ဒွန်" (OR) "The Legend Of A Wolf"
Part(1)
-----------
-----------"အား!!!"
ကျယ်လောင်စူးရှလွန်းတဲ့အာခေါင်ခြစ်အော်လိုက်တဲ့အော်သံနဲ့အတူ ပြောင်လက်နေတဲ့အနက်ရောင်ရှူးဖိနပ်ပေါ်လွင့်စင်လာတဲ့သွေးစများ။
အနက်ရောင်Seatပေါ်မှာထိုင်နေသည့်ကြောက်မက်ဖွယ်ကောင်းသည့်ပုံရိပ်တစ်ခု။
ပြောင်လက်နေတဲ့အနက်ရောင်ရှုးဖိနပ်ပေါ်ကသွေးစများကိုပြေးသုတ်ပေးနေသည့် အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်။"ရှင်းပြီးပါပြီ ဂိုဏ်းချုပ်!!"
ဦးညွှတ်ကာ အရိုအသေပြုပြီးပြောလိုက်ပေမဲ့ မှိုင်းလျလျအလင်းရောင်ပဲရှိတဲ့အခန်းငယ်ထဲမှာတုံ့ပြန်သံအလျင်းမရှိ။
ပြောင်လက်နေတဲ့အနက်ရောင်ရှူးဖိနပ် အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့အတူ အနက်ရောင်ကုတ်ရှည်ကထိုလူရဲ့ပုံပန်းသွင်ပြင်ကိုပိုမိုခန့်ညားစေသည်။"ဆာရို.... မာကိုမာဆီကဘာသတင်းထပ်ရလဲ!!"
"နယ်စပ်က ခါသီဂိုဏ်းကိုအပြတ်ရှင်းနိုင်ခဲ့ပါပြီ ဂိုဏ်းချုပ်!!"
"ဟွန်း!!"
ဆာရို ဦးညွှတ်နေရာမှ ကြားလိုက်ရသည့်ရီသံသဲ့သဲ့ကြောင့်ဂိုဏ်းချုပ်ကျေနပ်သွားမှန်းသိလိုက်ရသည်။
ဂိုဏ်းချုပ်ကျေနပ်ရင်လဲကျေနပ်စရာပဲ။ခါသီဂိုဏ်းက ပထမအသုတ်က သူတို့ဂိုဏ်းကပစ္စည်းကိုလမ်းတစ်ဝက်ကနေဖြတ်ခုတ်သွားတာမဟုတ်လား။"စံအိမ်ပြန်မယ်!!"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! !"
Seatပေါ်ကနေ ထိုအနက်ရောင်ပုံရိပ်ထလိုက်ချိန်မှာတော့ ၆ပေ၄လက်မအထိမြင့်တဲ့အရပ်နဲ့အတူ သွေးအေးနေတဲ့အနက်ရောင်မျက်စံများနဲ့မျက်လုံးများ၊ယောက်ျားတန်မဲ့ဖြူလွန်းတဲ့အသားအရည်နဲ့ တင်းတင်းစေ့ထားသည့်လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းတစ်စုံ။
မျက်ခုံးနှစ်ခုကအချင်းချင်းထိစပ်တော့မယောင်။
မှိုင်းလျလျမီးရောင်မှာ သိပ်မထင်ရှားစွာတွေ့လိုက်ရပေမဲ့ ဂိုဏ်းချုပ်ရဲ့ချောမောမှုက မှင်သက်စရာကောင်းလွန်းလှသည်။
Seatပေါ်ကထလိုက်သည်နှင့် အိတ်ထဲက maskအနက်ရောက်ကိုထုတ်ကာ သူ့မျက်နှာကိုဖုံးအုပ်လိုက်သည့် ဂိုဏ်းချုပ်။
ရှည်လျားလွန်းတဲ့အရပ်နဲ့အတူ ဂိုထောင်အပြင်ဘက်ကိုထွက်သွားတဲ့ခြေလှမ်းကျယ်ကြီးတွေအနောက်သူတို့လိုက်ချိန်မှာပဲ
YOU ARE READING
"ဒွန်"(OR)"The Legend Of A Wolf"
Romance~~~Intro~~~ ရက်စက်ခြင်း သွေးအေးခြင်းနဲ့ ကြောက်မက်ဖွက်ရာပုံရိပ်တွေကိုပိုင်ဆိုင်ထားတဲ့ အိုကာတာဆာ ဂိုဏ်းရဲ့ဂိုဏ်းချုပ်"ရုအိုကာတာဆာ"... မူးယစ်ဆေး လက်နက်အပါအဝင် ပြည့်တန်ဆာလုပ်ငန်း နဲ့ကာစီနိုဝိုင်းတွေကိုပိုင်ဆိုင်ထားတဲ့ အင်အားကြီး ဂျပန်မြေအောက်ဂိုဏ်းဖြစ်တ...