"ဒွန်"(OR)"The Legend Of A Wolf"Part(5)
"ထောက်!!!"
အသံတစ်ခုနဲ့အတူ ပွင့်လာတဲ့ တံခါးချပ်ကြောင့် ဝိုင် အားကိုးတကြီး တံခါးဆီပြေးရန်ကုန်းထလိုက်သည်နှင့်
"မိန်းကလေးအတွက်ပါ"
ပန်းကန်တစ်ချပ်ကိုင်ထားတဲ့ ဗလတောင့်တောင့်နဲ့လူကောင်ထွားထွားယောက်ျားတစ်ဦး အခန်းထဲဝင်လာလေတော့သည်ကိုမြင်လိုက်မို့ ဝိုင်ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားလေသည်။
ထိုယောက်ျားကတော့ အေးဆေးစွာနဲ့ ဝိုင်ကိုကြည့်ပြီး
သူကိုင်ထားတဲ့ပန်းကန်ကို ဝိုင်ဆီကို ထိုးပေးလေသည်။ ပန်းကန်ထဲဘာတွေထည့်ထားမှန်းဝိုင်ကြည့်လဲမကြည့်မိသလို ဝိုင်သိတာက အခုချိန်ဝိုင်ဒီအခန်းထဲကလွတ်မြောက်ဖို့နဲ့ ဝိုင် wise ကိုပြန်ရောက်ဖို့ပင်။
ဝိုင်ထိုပန်းကန်ကို မယူပဲ ထိုသူကိုကွေ့ရှောင်လိုက်သည်နှင့်
ထိုသူက ဝိုင်လက်တစ်ဖက်ကိုလျှင်မြန်စွာပင်ဆောင့်ဆွဲလိုက်ရင်း"အရာမထင်မဲ့အရာတွေကို အားကုန်ခံပြီး မလုပ်ပါနဲ့ မိန်းကလေး"
"ဟင်!!!"
ထိုသူစကားကြောင့် ဝိုင် ကြက်သေသွားကာ တုန်တုန်ယင်ယင်ဖြင့်
"ဒါ ဒါက ဘယ်နေရာလဲဟင်
မဟုတ်သေးဘူး ကျွန်မကိုလွှတ်ပေးပါ""မိန်းကလေးတောင်းဆိုတဲ့အရာကို ကျွန်တော်ဖြည့်စည်းပေးနိုင်မှာမဟုတ်လို့ အစားစားပြီး အားရှိအောင်သာလုပ်ထားပါ မိန်းကလေး"
ထိုစကားမျှသာပြောပြီး ဝိုင်လက်ကိုလွှတ်ကာ သူယူလာတဲ့ပန်းကန်ကို ဘေးကခုံပေါ်တင်ပြီး ထိုသူထွက်သွားလေတော့သည်။
"ဂျုန်း"
သံတံခါးရဲ့ကျယ်လောင်တဲ့ပိတ်သံက ဝိုင်ကို ဒီအခန်းထဲပိတ်လှောင်ထားမယ်ဆိုတာ သေချာနေပြီပင်။
///////////////////////////////
"ဘာကလဲ ဘယ်နေရာတွေကနေ ဒီလိုတွေဖြစ်နေတာလဲ"
ဝိုင်အခန်းထဲကတုန်ကယင်နဲ့ဦးနှောက်ကိုအလုပ်ပေးနေမိသည်။
သေချာသလောက်ဆို ဝိုင်ကိုကျောင်းထိလာဖမ်းတယ်ဆိုထဲက ထိုလူဟာဝိုင်နဲ့သေချာပေါက် ကြီးမားလွန်းတဲ့အငြိုးအတေးရှိသူပင်။
ဒါပေမဲ့ ဝိုင်လူမှန်းသိတတ်စထဲက ဒီနေ့ဒီအချိန်အထိလူတစ်ယောက်ဒီလိုမျိုးဖမ်းစီးတာမျိုးခံရလောက်သည်အထိ ဝိုင်ကြီးကြီးမားမားအပြစ်မျိုးကျူးလွန်ခဲ့တာမျိုးမရှိတာသေချာသည်။
Wiseရဲ့တစ်ဦးတည်းသောဆက်ခံသူ ကေသရီဝိုင်အဖြစ်နဲ့မွေးဖွားလာတဲ့ဝိုင်က အေးချမ်းစွာဘဝကိုဖြတ်သန်းခဲ့ရသူပင်။
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အချို့က ဝိုင်ဘဝမှာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရိုက်ချက်ပြင်းပြင်းတွေကိုဝိုင်ခံစားခဲ့ရသည်။
သို့ပေမဲ့ ထိုအရာတွေတည်ငြိမ်လာခဲ့ပြီမဟုတ်လား။
ESTÁS LEYENDO
"ဒွန်"(OR)"The Legend Of A Wolf"
Romance~~~Intro~~~ ရက်စက်ခြင်း သွေးအေးခြင်းနဲ့ ကြောက်မက်ဖွက်ရာပုံရိပ်တွေကိုပိုင်ဆိုင်ထားတဲ့ အိုကာတာဆာ ဂိုဏ်းရဲ့ဂိုဏ်းချုပ်"ရုအိုကာတာဆာ"... မူးယစ်ဆေး လက်နက်အပါအဝင် ပြည့်တန်ဆာလုပ်ငန်း နဲ့ကာစီနိုဝိုင်းတွေကိုပိုင်ဆိုင်ထားတဲ့ အင်အားကြီး ဂျပန်မြေအောက်ဂိုဏ်းဖြစ်တ...