Part(7)

578 17 0
                                    


"ဒွန်"(OR)"The Legend of A Wolf"

Part(7)

ဝံပုလွေရုပ်လေးပေးပြီးနောက်ပိုင်း သူနဲ့ဝိုင်ဆက်ဆံရေးနည်းနည်းအဆင်ပြေလာလေသည်။အကြောင်းရင်းက သူက သင်္ချာအရမ်းတော်သောကြောင့်ပင်။ဝိုင်ကအင်္ဂလိပ်စာမှာထူးချွန်သည်။Writing Reading Speaking Listening စသည့် skill ၄ခုလုံးကျွမ်းကျင်သည်က ဝိုင်အရင်ထဲကပဲ။သူကျတော့ င်္သချာတော်တော်လေး တော်သည်။အခန်းထဲမှာဆရာမ ဘယ်ပုဒ်စာတွက်ခိုင်းတွက်ခိုင်း သူအမြန်ဆုံးပြီးသည်။အဖြေလဲမှန်သည်။ဒါ့ကြောင့် သူ့ကိုဆို အခန်းထဲကလူတွေက မစ္စတာဘရိန်း(Mr.Brain)လို့တောင် နာမည်ပြောင်ပေးထားကြသည်။
ဝိုင်နားမလည်သည့်သင်္ချာပုဒ်စာတွေကို ရှေ့မျက်နှာနောက်ထားပြီးဒွန်ကိုမေးရလေတော့သည်။ဝိုင် သူရှိတဲ့အနောက်ကိုလှည့်လိုက်ကာ

"ငါ့ကိုဒီအပုဒ်လေးရှင်းပြပါလား"

"ဘယ်အပုဒ်လဲ"

"ပေ့ 65က နံပါတ်11"

"ဒါက ဒီလို...."

ဝိုင်အားတင်းပြီး သူ့ကိုခေါ်လိုက်ရပေမဲ့ သူသည် ဝိုင်ထင်သလိုသဘောထားမပြည့်ဝသည့်သူလုံးဝမဟုတ်ပါ။အင်မတန်သဘောထားပြည့်ဝပြီးခွင့်လွှတ်တတ်သည့် ကောင်လေးတစ်ယောက်ဖြစ်နေသည်ကိုဝိုင် သေချာလေးသိလိုက်ရသည်။
သူ သင်္ချာရှင်းပြတာကို ဝိုင်သေချာနားထောင်လိုက်ပြီး လိုက်တွက်ကြည့်တော့ တကယ်လဲမှန်သည်။ဝိုင်တော့ သူ့ကိုကျေးဇူးတင်မဆုံးပါ။နောက်မှသိလိုက်ရသည်က သူသည်နိုင်ငံခြားစကော်လာရှစ်ရရန်ကြိုးစားနေသူဖြစ်သည်ကိုပင်။

"ဟိုလေ ဒွန်"

"အင်း ပြောလေ"

ဝိုင်ခေါ်သံကြောင့် သူ့ရဲ့အပြာရောင်မျက်ဝန်းတွေက ဝိုင်ကိုစိုက်ကြည့်လာသည်။

"ငါ ငါ ဟိုနေ့ကကိစ္စကိုတောင်းပန်ပါတယ် ငါကဒီတိုင်း..."

"ရပါတယ် အဲ့နေ့က နင်လဲငါ့ကြောင့်လန့်ပြီးလဲသွားရတာလေ တကယ်ဆိုငါ့အမှားလဲမကင်းပါဘူး"

သူ့စကားကြောင့် ဝိုင်သူ့ကိုပြုံးပြလိုက်သည်။သူ့ဆီကနေလဲနွေးထွေးသည့်အပြုံးတစ်ခုကိုလဲဝိုင်ပြန်လည်ရရှိလိုက်သည်။တွေ့တွေ့ချင်းအစက ဒွန်သည်အမြင်ကပ်စရာကောင်လေးဟုဝိုင်မြင်ခဲ့ပေမဲ့ တကယ်တော့မဟုတ်ပါ။ဒွန်သည်အေးချမ်းသည်။သူ့အပြုံးတွေကနွေးထွေးသည်။သူ့မျက်ဝန်းပြာတွေနဲ့ရင်ဆိုင်မိတိုင်း အေးချမ်းမှုကိုသိသိသာသာခံစားရသည်။
ဒီလိုနဲ့ မျက်ဝန်းပြာပြာကောင်လေးနဲ့Wiseရဲ့သူဠေးသမီးလေး တို့ရဲ့ဆက်ဆံရေးတစ်ခုသည် အခန်းထဲနာမည်ကြီးလာလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

"ဒွန်"(OR)"The Legend Of A Wolf"Where stories live. Discover now