Part(2)

936 26 1
                                    

"ဒွန်" (OR)"The Legend Of A Wolf"

Part(2)
-----------
-----------

"ဝိုင်...ဒါဝိုင်ကြိုက်တဲ့ ချိစ်ကိတ်လေး မနက်ကအန်တီကိုယ်တိုင်ထလုပ်ပေးထားတာ!!ဒီရက်ပိုင်းအတွင်းဝိုင် အစားသိပ်မစားသလိုတွေ့နေရလို့!!"

"ကျေးဇူးအန်တီ!!ဒီရက်ပိုင်းအတွင်း အလုပ်ကိစ္စလေးတွေကြောင့် ဝိုင် စားချိန်တောင်သိပ်မမှန်တော့ဘူး!"

"မဟုတ်တာ ဝိုင်ရယ်...အစားအသောက်ဆိုတာ ပုံမှန်စားပေးရတယ်...ဝိုင်နေကောင်းမှအလုပ်ထဲအာရုံစိုက်နိုင်မှာပေါ့!!"

"ဟုတ်ကဲ့အန်တီ!"

သူမလုပ်ပေးထားတဲ့ကိတ်လေးကိုစားနေတဲ့ဝိုင်ကိုကြည့်ပြီး ဒေါ်ဒေစီအောင် နှုတ်ခမ်းကိုမသိမသာမဲ့ချလိုက်သည်။
ဒီမိန်းကလေးအကြောင်း သူမ သိတာပေါ့။
နှစ်တစ်နှစ်ရဲ့ဒီလိုရက်တွေမှာဆို သေအံဆဲဆဲလူလို အသိစိတ်ပျောက်သူလိုတွေဝေငေးမောနေတတ်တဲ့ကောင်မလေးမဟုတ်လား။

"သား ဧဒင်တောင် သဘက်ခါပြန်ရောက်တော့မယ်ဆို ဝိုင်!!"

"ဟုတ်တယ် အန်တီ!!"

"အဟင်း...အန်တီကတော့ သားဧဒင်နဲ့ဝိုင်ကို မြန်မြန်လက်ထပ်စေချင်နေပြီ ဝိုင်ရဲ့"

ဒေါ်ရိုစီအောင်စကားကြောင့် ကော်ဖီခွက်ဆီလှမ်းနေတဲ့ဝိုင်ရဲ့လက်တွေတုန့်ခနဲရပ်သွားရသည်။
ထိုအရာကိုရိပ်မိသွားတဲ့ဒေါ်ရိုစီတစ်ယောက် အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး

"အန်တီပြောချင်တာက သားနဲ့သမီးကစေ့စပ်ထားတာလဲ ကြာပြီမဟုတ်လား...အခုဆိုပတ်ဝန်းကျင်ကလူတွေတောင်မေးကြသေးတယ်...သားနဲ့သမီးဘယ်တော့လက်ထပ်မှာလဲတဲ့....အဟင်း..အန်တီကပတ်ဝန်းကျင်ကိုသိပ်ဂရုစိုက်တဲ့သူမဟုတ်ဘူးလေ...ဒါပေမဲ့ အခုဆိုသားကသမီးအတွက်အများကြီးအထောက်အကူရနေပြီ...သမီးတစ်ယောက်ထဲWiseကိုစီမံနေရတော့ပင်ပန်းတာပေါ့...တကယ်လို့သားနဲ့လက်ထပ်ပြီးရင် ဝိုင်အများအကြီးသက်သာမှာပါ"

"----------"

ဒေါ်ရိုစီစကားကို ဝိုင် မည်သို့မျှမတုံ့ပြန်ဖြစ်။ဒေါ်ရိုစီဘာကိုဆိုလိုနေမှန်းဝိုင်သိပေမဲ့ ဝိုင်စိတ် နဲ့ဝိုင့်နှလုံးသားမှာတစ်စုံတစ်ယောက်ကကြီးစိုးနေဆဲ။

"ဒွန်"(OR)"The Legend Of A Wolf"Where stories live. Discover now